Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက တန့်ဆည်မြို့နယ်ကိုဗုံးကြဲပြည်သူ ၈ဦးသေဆုံးပြီး ၁၂ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာ ကို စစ်​ကောင်စီက ဒီက​နေ့ မနက်မှာ ဗုံးကြဲတာ​ကြောင့်အသက်၂၀ ကျော်အရွယ်အမျိုးသမီး၂ဦး အပါအဝင် ပြည်သူ ၈ဦး သေဆုံးခဲ့တယ်လို့ မြိုနယ်၊ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ပြောပါတယ်။

တန့်ဆည်မြို့နယ် ကံထူးမကျေးရွာ စစ်ကောင်စီလေကြောင်းတိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ − CJ

စက်တင်ဘာ-၂၆၊၂၀၂၅။မေ၊လူ​အေး/ People’s Spring

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာ ကို စစ်​ကောင်စီက ဒီက​နေ့ မနက်မှာ ဗုံးကြဲတာ​ကြောင့်အသက်၂၀ ကျော်အရွယ်အမျိုးသမီး၂ဦး အပါအဝင် ပြည်သူ ၈ဦး သေဆုံးခဲ့တယ်လို့ မြိုနယ်၊ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ပြောပါတယ်။

စက်တင်ဘာ ၂၆ ရက်မနက် ၁၁နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာလို့ သိရပါတယ်။

တန့်ဆည်မြို့က နိုဘယ်ဝမ်း ဆီပန့်ဆိုင်အနီးကို ဗုံးကြဲချသွားတာဖြစ်ပြီး ဆိုင်ပိုင်ရှင်ရဲ့ အသက်၂၀ အရွယ် မစံထိပ်ထားဝေ၊အသက်၂၁နှစ်အရွယ် မမိထက်(ကုန်စိမ်း ရောင်းသူ)၊ ကျောင်းကြိုသွားတဲ့ ကိုသက်အောင် ၂၇ နှစ်၊ပန်းရံလုပ်ကိုင်နေတဲ့အသက် ၂၀ ကျော်အရွယ်တွေ ဖြစ်တဲ့ ကိုတူးနိုင်၊ထထူး၊နေအောင်၊စိုးကို၊ အသက်၄၃နှစ်ကို ဖိုးထွန်း(ပန်းရံ)တို့ သေဆုံးခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဘာတိုက်ပွဲမှကို မရှိပါဘူးဗျာ။ပန့်ဆိုင်ဘေးမှာ နှစ်ထပ်တိုက်ဆောက် နေတာ။အဲဒီက‌ရှေ့တည့်တည့်ကိုကျတာ။ပန်းရံသမား၅ဦး သေတယ်။ရုပ်အလောင်း ပြန်ရတာက ၅လောင်းပါ။ကျန်တာက အပိုင်းအစတွေ လိုက်ကောက်ထားရတာက ၃လောင်းပါ”လို့ မြို့နယ်ပလဖတာဝန်ခံက ပြောပါတယ်။

စစ်တပ်က ပေါင် ၅၀၀ဗုံးနှစ်လုံး ကြဲချခဲ့တာဖြစ်ပြီး စုစုပေါင်း ပြည်သူ ၈ဦးသေဆုံးကာ ၁၂ဦး ကျော်ဒဏ်ရာရထားတယ်လို့သိရပါတယ်။ဒဏ်ရာရထား

တဲ့အထဲကလည်း ပြည်သူ ၃ ဦးက ပြင်းဒဏ်ပြီးစိုးရိမ်ရတယ်လို့ သိရပါတယ်။

ဗုံးကြဲသွားတဲ့နေရာဟာ စက်သုံးဆီဆိုင်ရှိတဲ့ လူစည်ကားရာနေရာဖြစ်ပြီး သေဆုံးတဲ့အထဲမှာ ကလေးငယ်နဲ့အမျိုးသမီးအချို့ပါဝင်တယ်လို့ သတင်းရရှိပါတယ်။

“ဒဏ်ရာရတဲ့အထဲမှာ ပြင်းထန်သူတွေပါနေတယ်။ နောက်ပြီးတော့ အရပ်သားကိုပစ်မှတ်ထားပြီးတိုက်ခိုက်တာဆိုတော့ နောက်ထပ်လာကြဲမှာကို ကြောက်နေကြတယ်” လို့ မြို့ခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့သြဂုတ်လနဲ့စက်တင်ဘာလဆန်းအတွင်းတန့်ဆည်မြို့နဲ့ဆက်စပ်နေတဲ့ကျွန်းလှ ၊ ကောလင်းမြို့တို့ကို ဗုံးကြဲခဲ့လို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

စစ်ကောင်စီက ‌‌‌‌‌‌ပြည်သူ​တွေကို ဦးတည်တဲ့လေကြောင်းတိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေပြီး စစ်ကိုင်းတိုင်း ၊ရခိုင်ပြည်နယ်၊မန္တ​လေးတိုင်း၊ကချင်ပြည်နယ် ၊ကရင်ပြည်နယ်၊ကရင်နီပြည်စတဲ့​ဒေသ​တွေမှာ လူအစုလိုက်အပြုံလိုက် သေဆုံးမှု အများအပြားရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook