Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်တိုက်ပွဲ စစ်ကောင်စီတပ် ဗျူဟာမှူးနဲ့ တပ်ရင်းမှူး သေဆုံးဟုဆို

ကချင်ပြည်နယ် ဗန်းမော်မြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီဇင်ဘာ ၂၅ရက်ကစတင်ပြီး တန်ပြန်ထိုးစစ်ကို စစ်မျက်နှာများစွာက ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ် အရာရှိတွေအပါအဝင် သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမော်တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ မြို့ခံတွေရဲ့ နေအိမ်တွေ။ ဓာတ်ပုံ - Banmaw Scout Team

လက်နက်ခဲယမ်းများရ၊ မြစ်ကြီးနားလေတပ်ကို အသေခံဒရုန်းနဲ့ထပ်မံတိုက်ခိုက်ဟု သတင်းရင်းမြစ်ပြော

ဒီဇင်ဘာ-၂၆၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီဇင်ဘာ ၂၅ရက်ကစတင်ပြီး တန်ပြန်ထိုးစစ်ကို စစ်မျက်နှာများစွာက ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ် အရာရှိတွေအပါအဝင် သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ခရစ္စမတ်နေ့မနက်အစောမှာ မြို့သိမ်းစစ်ဆင်ရေးကို KIA ပူးပေါင်းတပ်က အရှိန်မြှင့်ခဲ့တာဖြစ်ပြီး မနေ့က တိုက်ပွဲအပြင် ဒီကနေ့(ဒီဇင်ဘာ၂၆ရက်) တိုက်ပွဲမှာပါ ပူးပေါင်းတပ်ဖွဲ့ရဲ့ အသေခံဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အရာရှိတွေ သေဆုံးခဲ့တာလို့ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မနေ့က တိုက်ပွဲတော့ မနေ့က စနခ(၆၄၁) တပ်ရင်းက တပ်ရင်းမှူးရယ် ဒုရင်းမှူးရယ် နှစ်ယောက်စလုံးသေသွားတာပေါ့။ ကြားတာကတော့ ဆူဆိုက်ဒရုန်းထိတယ်လို့ပြောတယ်။ ဒီနေ့ နေ့လည်ပိုင်း ၁၂နာရီလောက်က ခလရ(၄၇)မှာ ထိုင်ထားတဲ့ ဗျူဟာမှူးလည်း ဆူဆိုက်ဒရုန်းထိပြီး သေသွားတယ် ပြောတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲနှစ်ရက်တာအတွင်း စစ်ကောင်စီတပ်ထံက လက်နက်တွေများစွာ သိမ်းရခဲ့တယ်လို့လည်း အသိပေးပါတယ်။

KIA ပူးပေါင်းတပ်ဟာ ခရစ္စမတ်နေ့မနက်မှာ မြစ်ကြီးနားမြို့က စစ်ကောင်စီ လေတပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို ဒီကနေ့ မှာလည်း အသေခံဒရုန်းနဲ့တိုက်ခိုက်ခဲ့ဟု အသိပေးပါတယ်။ မနေ့က တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၁စီး၊ တိုက်လေယာဉ် ၁စီးပျက်စီးခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

“မြစ်ကြီးနား လေတပ် ငါတို့ ဆူဆိုက်ဒရုန်းနဲ့ သွားတိုက်တာ လေယာဉ် ၁စီး ထပ်ထိတယ်လို့ ကြားတယ်။ အဲဒါတော့ အတည်မပြုရသေးဘူး။”လို့ ကချင်သတင်းရင်းမြစ်က ဒီကနေ့ စစ်ကောင်စီ လေတပ်ကို ထပ်မံတိုက်ခိုက်ခဲ့မှု အခြေအနေကို ပြောပါတယ်။

ဗန်းမော်တိုက်ပွဲ အခြေအနေ၊ မြစ်ကြီးနား လေတပ်စခန်း တိုက်ခိုက်မှု အခြေအနေတွေကို KIA သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူဆီ ဒီကနေ့ ဒီဇင်ဘာ ၂၆ရက်မှာ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်မြို့မှာ တိုက်ပွဲအရှိန်မြှင့်နေတာကို ကြားရကြောင်း ဒီဇင်ဘာ ၂၅ရက်မှာ ပြောထားပြီး တိုက်ပွဲအခြေအတွေ မသိရသေးဘူးလို့ဖြေကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ပထမဆုံး အကြိမ်အဖြစ် ရေပေါ်သွား ဖောက်ခွဲရေး ဒရုန်းတွေကို စစ်ပွဲမှာ လက်တွေ့ အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ရှမ်း-ကရင်နီ ပြည်နယ်အစပ် မိုးဗြဲမြို့အနီးက စစ်တပ်တပ်စွဲထားတဲ့နေရာ​တွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ရှမ်းတောင်စစ်ဒေသ ဗျူဟာ ၁၄ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။