Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်က ဘုန်းကြီးကျောင်းကို စစ်တပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

မတ်-၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၂၃ရက် နေ့လည်ပိုင်းမှာ မုန်းမြို့နယ် နိုဘိုးခီးကျေးရွာကို စစ်တပ်က အသေခံဒရုန်း ၂စင်းနဲ့ တိုက်ခိုက်ခဲ့ရာ ကျေးရွာဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းတွေ ဖော်ပြ အသိပေးပါတယ်။

တိုက်ခိုက်မှုကို စစ်ကောင်စီရဲ့ ခမရ(၄၃၉) တပ်ရင်းက ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ KNUညောင်လေးပင်ခရိုင် အုပ်ချုပ်နယ်မြေအတွင်း အရပ်သား ပြည်သူနေထိုင်ရာ ကျေးရွာတွေ၊ လုပ်ငန်းခွင်နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်တွေအသုံးပြု နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေလို့ ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့မှုနဲ့ အသက်ရှင်နေထိုင်ကြရတယ်လို့လည်း ဖော်ပြထားပါတယ်။

KNU ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့နယ်တွေဖြစ်တဲ့ ကျောက်ကြီး(လယ်ဒို)မြို့နယ်နဲ့ ရွှေကျင်(ဆောထိ) မြို့နယ်တွေမှာလည်း စစ်တပ်ဟာ အရပ်သား ပြည်သူကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မတ်လ ၁၉ရက်က နတ်သံကွင်းရှိ စစ်တပ်က ကျောက်ကြီးမြို့နယ် ဖိုးတရွာကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ပြည်သူလူထုနေအိမ်တွေ ပျက်စီးတာရှိခဲ့ပါတယ်။

ဒါ့အပြင် ရွှေတဲစုရွာကိုလည်း စစ်တပ်က ဒရုန်းနဲ့ ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၈လုံးထက်မနည်း ပျက်စီးခဲ့ပါတယ်။

မတ်လ ၂၁ရက် ကလည်း စစ်တပ်ဟာ ရွှေခါးမိုရွာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့သလို မတ်လ ၂၂ရက်မှာ ဒလဆိပ်ရွာကို Y12နဲ့ ဗုံးကြဲခဲ့လို့ နေအိမ်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

ရွှေကျင်မြို့နယ် ရွှေခဲစုရွာကိုလည်း စစ်တပ်က မတ်လ ၂၁ရက်မှာ Y12 လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာ အမျိုးသား ၁ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။