Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူးအပါ ၁၂ ဦး သေဆုံး

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးအနောက်ရိုးမ ဗျူဟာ ၂၂ က ဇွန်လ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - Screen-grab)

ဇွန်-၃၊ ၂၀၂၆။ နော်/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးအနောက်ရိုးမ ဗျူဟာ ၂၂ က ဇွန်လ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ရက် ညနေပိုင်းမှာ အုတ်ဖိုမြို့နယ်၊ ကျီးပြတ်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေ ကျီးပြတ်ရွာ ပြည်သူပိုင် ခြံတစ်ခြံမှာ တပ်စွဲထားချိန် ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်း တပ်ခွဲတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ တွေက စစ်တပ်တပ်စွဲထားတဲ့ ကျီးပြတ်ရွာကို ဒရုန်းကြဲချ တိုက်ခိုက်ပြီးနောက် ချေမှုန်းရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြာချိန် နှစ်နာရီခွဲခန့်အထိ ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က ၁၂ ဦး သေဆုံးခဲ့ပြီး စစ်ကြောင်းမှူး ဗိုလ်တစ်ဦး ဒရုန်းထိမှန် သေဆုံးခဲ့တယ်လို့ ပဲခူးအနောက်ရိုးမဗျူဟာ ၂၂ ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ အောင်မြင်စွာ ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိခိုက်များစွာနဲ့ တပ်ဆုတ်ထွက်ပြေးသွားတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်တွေဘက်က လိုက်လံရှင်းလင်းနိုင်ခဲ့ပြီး ကျီးပြတ်ကျေးရွာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ တပ်ဆုတ်ထွက်ပြေးပြီး အုတ်ဖိုမြို့နယ်ထဲက ကျေးရွာတွေကို ဆက်လက်စစ်ကြောင်းထိုးနေပါတယ်။

“ခုချိန်ထိ အနီးအနားရွာတွေကို စစ်ကြောင်းထိုးနေတာ ရှိပါတယ်“ လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့တာတွေပြုလုပ်နေသလို ပြည်သူတွေကိုလည်း သတ်ဖြတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်စစ်​ကြောင်းက အလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်တပ်က ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း - Myaing Villages Revolution Frontက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊လေးကေ့ကော်မြို့သစ် အနောက်ဘက်ရှိ ရဲကုန်းအနီးမှာ ဒီကနေ့ (ဇူလိုင် ၂၁ရက်)ကတနေကုန်တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ကသေဆုံး ဒဏ်ရာရသူ​တွေများပြီးစစ်​ကြောင်းအကြိမ်ကြိမ် လန်ကျ​နေတယ်လို့လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။