Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမှာ စျေးကားတွေကို စစ်အုပ်စု ငွေညှစ်နေ

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

(ရေစကြိုမြို့အဝင်တွင် ပြည်သူများအား စစ်ဆေးနေသော စစ်အုပ်စုဝင်များအား ၂၀၂၂ အတွင်းက တွေ့ရစဥ်။ ဓါတ်ပုံ-MOI)

​ဇွန် ၁၄၊ ၂၀၂၆။ဟာနာဆန်/People’s Spring

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့က(ဇွန်လ ၁၃ ရက်) မနက် ၉ နာရီခန့်က ရေစကြိုမြို့အဝင် ဘက်စုံခြံအနီးမှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ကားတွေကို စစ်ဆေးခဲ့ကြောင်း၊ ဒါ့အပြင် ဈေးကားတစ်စီးကကားမောင်းသမားကို ရိုက်နှက် ထိုးကြိတ်ကာ ကားပေါ်ပါလာသူတွေကို တစ်ဦးကို ကျပ် ၂သောင်းစီတောင်းယူခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့တာဝန်ရှိသူက ပြောပါတယ်။

“သူတို့ခုလိုလုပ်တာကို တိုင်ရင်၊ အပြင်ပေါက်ကြားရင် ကားပေါ်ပါလာသူတွေကို သတ်မယ်လို့ ခြိမ်းခြောက်သွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ရေစကြိုမြို့၊ အမှတ်(၈)သုခဝတီရပ်၊ ကပ်ကျော် ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်တွေကို စစ်တပ်က ဝင်ရောက်ရှာဖွေပြီး အမျိုးသားတွေအားလုံးကို ဖမ်းဆီး‌ခေါ်ဆောင်ကာ လမ်းတလျှောက် လမ်းဘေးဝဲယာတွေမှာ မိုင်းရှင်းခိုင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ရေစကြိုနယ်နဲ့ နယ်ချင်းဆက်နေတဲ့ ပခုက္ကူမြို့မှာတော့ ကျေးရွာတွေက စျေးလာဝယ်တဲ့ကားတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး ရေသန့်ဘူးကအစ သယ်ယူခွင့်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ ရက်တစ်ရာစီမံကိန်းအဖြစ် မကွေးတိုင်းထဲက တော်လှန်ရေး အားကောင်းတဲ့ဒေသတွေကို ရိက္ခာဖြတ်တောက်ဖို့ ကြိုးစားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။