Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်ကို စစ်တပ်က တစ်ရက်အတွင်းလေကြောင်းကနေ ဗုံးအလုံးရေ ၁၀၀ ကျော်ထပ်မံ ကြဲတိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ မနေ့က ဇွန် ၃၀ရက်မနက်ကနေ ဒီကနေ့ ဇူလိုင် ၁ရက် မနက်အထိ ၂၄နာရီအတွင်း လေကြောင်းကနေ ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။

(မင်းတပ်မြို့ကို ဗုံးကြဲဖို့လာတဲ့ စစ်တပ်ရဲ့ Y12လေယာဉ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Ĥkl Mindat/FB)

ဇူလိုင် ၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ မနေ့က ဇွန် ၃၀ရက်မနက်ကနေ ဒီကနေ့ ဇူလိုင် ၁ရက် မနက်အထိ ၂၄နာရီအတွင်း လေကြောင်းကနေ ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။

စစ်တပ်က မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ ကြိုးပမ်းနေလို့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်နဲ့ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး စစ်တပ်က လေကြောင်း တိုက်ခိုက်မှု နေ့တိုင်းပြုလုပ်နေတာပါ။

စစ်တပ်က ဇွန် ၃၀ရက်မနက် ၊ ဇွန် ၃၀ရက် ညနဲ့ ဇူလိုင် ၁ရက်မနက်တွေမှာ မင်းတပ်အရှေ့ခြမ်း နေရာကို တိုက်လေယာဉ် ၊ Y12 လေယာဉ်တွေ အသုံးပြု တိုက်ခိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒီကနေ့မနက်အစောမှာ တိုက်လေယာဉ် ၂စီးနဲ့ ၄ကြိမ်ကို ဗုံး ၈လုံး ကြဲခဲ့သလို Y12 လေယာဉ်နဲ့ ၁၄ကြိမ်ကို ဗုံး အလုံး ၄၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ဟု ဒေသခံက အသိပေးပါတယ်။

မနေ့က မနက်မှာလည်း Y12နဲ့ ၈ကြိမ်ကို ဗုံး ၂၄လုံး၊ မနေ့က ညမှာလည်း Y12နဲ့ ၁၂ ကြိမ် ဗုံးအလုံး ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် ဇွန် ၃၀ရက်မနက်ကနေ ဒီကနေ့မနက်အထိ လေကြောင်း တိုက်ခိုက်မှုပေါင်း ၄၀ ကြိမ် ဗုံးအလုံးရေ ၁၁၂ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ဟာ မင်းတပ်မြို့မှာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေသာမက တိုက်ပွဲမရှိတဲ့ ပြည်သူလူထုနေထိုင်ရာ တွေကိုလည်း လေကြောင်းဗုံးကြဲခဲ့လို့ ကလေးငယ်တွေ အပါအဝင် အရပ်သားသေဆုံးမှုတွေရှိခဲ့ပါတယ်။ဇွန်လ ၂၉ရက်က စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် မင်းတပ်မြို့အနီးကျေးရွာက အသက် ၁၀နှစ်အောက်မိန်းကလေးငယ် ၃ဦးသေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ သေဆုံးသွားတဲ့ ကလေးငယ် သုံးယောက်ဟာ ဆွေမျိုးညီအမတွေဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မင်းတပ်နဲ့ ကန် ပက်လက်မြို့ပြန်ထိန်းချုပ်ဖို့ မေလကတည်းက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ဒီလို ထိုးစစ်ဆင်လာလို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ၁လကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့ပေါ်နဲ့ မြို့အနီးပတ်လည်ကို အာဏာသိမ်းစစ်တပ်က ဒီက​နေ့ညမှာဂျက်ဖိုက်တာ၊ ထောက်ပို့လေယာဉ် Y12 တို့နဲ့ ဗုံးအလုံးရေဆယ်ချီကြဲချခဲ့ပြီး အရပ်သားထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက စစ်တပ် ခေါ်ယူထားတဲ့ DKBA နဲ့ BGF ပူးပေါင်း ၃ဖွဲ့ရဲ့ တကျော့ပြန်ထိုးစစ်ဟာ လက်တလောမှာ ရှေ့မတိုးရဲပဲ ရပ်တန့်နေပြီး လက်နက်ကြီးတွေနဲ့သာ ရမ်းသမ်းပစ်ခတ်နေတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်က ၁၀ ဦး သေဆုံးပြီး ဒရုန်းနဲ့လက်နက်ခဲယမ်းတချို့ သိမ်းရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)က ဒီကနေ့ ဇူလိုင် ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်အတွင်းက လူနေကျေးရွာတွေအပါအဝင် နေရာလေးခုထက်မနည်းကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာသုံးစီး၊ ထောက်ပို့လေယာဉ် Y 12 တစီးတို့နဲ့ ဗုံးကြဲခဲ့တာ​ကြောင့်ရိုဟင်ဂျာကလေးငယ်တ ဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook