Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့အနီးတိုက်ပွဲကြောင့် ခရီသွားကားတွေပိတ်မိနေ

စစ်ကိုင်းတိုင်းအထက်ပိုင်းအင်းတော်မြို့နယ်ထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေနေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး ခရီးသွားကားတွေ ပိတ်မိနေတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

မန္တလေး - မြစ်ကြီးနားလမ်းပိုင်းတစ်နေရာမှာ အာဏာသိမ်းစစ်တပ်ယာဉ်တန်းကိုတွေ့ရပုံ (ပုံဟောင်း) ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး

ဇူလိုင် – ၁ ၊၂၀၂၆ /People’s Spring

စစ်ကိုင်းတိုင်းအထက်ပိုင်းအင်းတော်မြို့နယ်ထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေနေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး ခရီးသွားကားတွေ ပိတ်မိနေတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

ဒီနေ့ (ဇူလိုင်လ ၁ ရက်)မနက်ပိုင်းကမန္တလေး -မြစ်ကြီးနားလမ်းပိုင်းက အင်းတော်မြို့နယ်၊ နဘားလမ်းဆုံမှာတိုက်ပွဲဖြစ်တာကြောင့် ကုန်ကားတွေ ၊ ခရီးသွားကားတွေပိတ်မိတာပါ။

တိုက်ပွဲဖြစ်တဲ့နဘားလမ်းဆုံကအင်းတော်မြို့ရဲ့အရှေ့ဘက်ခြောက်မိုင်ခန့်အကွာမှာရှိပါတယ်။

Public Service Announcement

Public Service Announcement

“လမ်းပိတ်နေတာဟုတ်တယ်၊ ကားကပိတ်မိနေတာ ရာနဲ့ချီတော့ရှိမယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ခရီးသွားလာမယ့်သူတွေလည်းလမ်းကြောင်းအခြေအနေကိုစုံစမ်းပြီးမှသွားသင့်တယ်လို့ အဲဒီဒေသခံက အကြုံပြပါတယ်။

မန္တလေး -မြစ်ကြီးနားလမ်းပိုင်းမှာပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းကလည်း တကောင်းမြို့နယ်ထဲ တိုက်ပွဲဖြစ်ပြီး လမ်းပိတ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာစစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်နေရာတွေဖြစ်တဲ့အင်းတော် ၊ကသာ ၊ထီးချိုင့်မြို့နယ်တွေကို အလုံးစုံ ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေပေမယ့် တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ မေလအစောပိုင်းမှာတော့ စစ်ကိုင်းနဲ့ ကချင်အစပ် အင်းတော်မြို့နဲ့ မော်လူးမြို့တွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။

ဒါအပြင် မန္တလေး – မြစ်ကြီးနား လမ်းကြောင်းပေါ် ကမြို့အချို့ကိုပြန်ထိန်းချုပ်လာပြီးနောက် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ဆီ ကုန်လမ်းကနေ စားနပ်ရိက္ခာနဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုစစ်တပ်က စစ်ယာဉ်တန်းနဲ့ ပေးပို့တာတွေရှိလာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်က ၁၀ ဦး သေဆုံးပြီး ဒရုန်းနဲ့လက်နက်ခဲယမ်းတချို့ သိမ်းရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)က ဒီကနေ့ ဇူလိုင် ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး ဒီကနေ့ တိုက်ပွဲမှာ ခရီးသည်တင်ကား ၂စီး ကျည်ထိမှန်ခဲ့တယ်လို့ ခရီးသွားလာသူတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)က စစ်တပ်စခန်း ၃ခု သိမ်းယူခဲ့တဲ့ ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာတိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းရော၊ လက်နက်ကြီးပါအသုံးပြုခုခံတိုက်ခိုက်နေပါတယ်။

Facebook