Connect with us

Hi, what are you looking for?

သတင်း

မုံ​ရွာ အထက (၃)မှာ သံတံခါးပိလို့ (၉)တန်းကျောင်းသား ၁ဦး ဒဏ်ရာရ

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်း (အထက ၃)မှာ ဆရာမတွေခိုင်းလို့ ကျောင်းတံခါးသွားပိတ်တဲ့ (၉) တန်းကျောင်းသား သံတံခါး​ပိမိလို့ ပြင်းထန်ဒဏ်ရာရပြီး ဆေးရုံမှာ အရေးပေါ်​ဆေးကုသမှု ခံယူနေရပါတယ်။

(ထိခိုက်ဒဏ်ရာရခဲ့တဲ့ကျောင်းသားအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျောင်းသားမိခင် Facebook)

​ဇူလိုင် ၁၊ ၂၀၂၆။ဇေအောင်/People’s Spring

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်း (အထက ၃)မှာ ဆရာမတွေခိုင်းလို့ ကျောင်းတံခါးသွားပိတ်တဲ့ (၉) တန်းကျောင်းသား သံတံခါး​ပိမိလို့ ပြင်းထန်ဒဏ်ရာရပြီး ဆေးရုံမှာ အရေးပေါ်​ဆေးကုသမှု ခံယူနေရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက် မနက် ၈နာရီ ၄၅မိနစ် ခန့်က အဆိုပါကျောင်းက (၉)တန်းကျောင်းသား မောင်စွမ်းထက်နိုင်ဟာ ကျောင်းတက်ဖို့ရောက်ရှိလာချိန် ကျောင်းဆရာမတွေရဲ့ ခိုင်းစေမှုကြောင့် ၁၀ ပေပတ်လည်ရှိ ကျောင်းသံတံခါးကြီးကို ပိတ်ရာမှ သံတံခါးပိပြီး ဒဏ်ရာတွေရကာ သတိလစ်သွားခဲ့ကြောင်း ၎င်းရဲ့မိခင်ဖြစ်သူက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အဆိုပါကျောင်းသားဟာ သံတံခါးပိမိလို့ မျက်နှာရိုးနဲ့ မေးရိုးကျိုးကာအပေါ်သွားတွေကျိုးပြတ်ကျပြီး အောက်သွားတွေ သွားဖုံးအတွင်း ကျွံဝင်သွားကြောင်း၊ ဒါ့အပြင် ဆီးခုံရိုးကျိုးအက်ပြီး

Public Service Announcement

Public Service Announcement

ဝှေးစေ့အတွင်း သွေးခဲတာ၊ ဦးခေါင်းနောက်စေ့ ရောင်ကိုင်းနာကျင်ပြီး မျက်လုံးဝေဝါးတာတွေဖြစ်ပွားနေပြီး လက်တလော လမ်းတောင်မလျှောက်နိုင်တဲ့အခြေအနေ ရောက်ရှိနေတယ်လို့ ကျောင်းသားရဲ့မိခင်က လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

ကျောင်းသားတစ်ဦးအနေနဲ့ စာသင်ကြားဖို့သာ ကျောင်းသို့လာတာဖြစ်ပြီး ကျောင်းသံတံခါး အဖွင့်အပိတ်တာဝန်ဟာ ကျောင်းသားရဲ့တာဝန်မဟုတ်ကြောင်း မိခင်ဖြစ်သူက ထောက်ပြထားပါတယ်။

“စာသင်လာတဲ့ကျောင်းသားတစ်ယောက်ကို သံတံခါးကြီးပိတ်ခိုင်းလို့ သံတံခါး ပိပြီး မသေရုံတမယ် ဆေးရုံတက်ကုသ ခံစားနေရတဲ့ ကျမသားလေးမှာ စာသင်လာတာမို့ သံတံခါးကြီးပိတ်ဖို့ တာဝန်မရှိပါ။ ကျောင်းသံတံခါးကြီးရဲ့ ပိတ်ဖို့ ဖွင့်ဖို့ တာဝန်ဟာ ကျောင်းသားမှာတာဝန်မရှိပါ။”လို့ ၎င်းမိခင်က ရေးသားပါတယ်။

​ဆရာမတွေရဲ့ ခိုင်းစေမှုကြောင့် သားဖြစ်သူမှာ မသေရုံတမယ် ပြင်းထန်စွာ ဝေဒနာခံစားနေရတာကြောင့် အဆိုပါဖြစ်ရပ်အပေါ် ကျောင်းပညာရေးဝန်ထမ်းတွေမှာ တာဝန်ရှိကြောင်းနဲ့ လူသတ်မှုမြောက်တဲ့ ရက်စက်မှုမျိုးဖြစ်ကြောင်း မိခင်ဖြစ်သူက ရေးသားထားပါတယ်။

၎င်းမိခင်ရဲ့ လူမှုကွန်ရက်အကောင့်မှာလည်း ကျောင်းသားလေးဆေးကုသမှုခံယူနေရတဲ့ပုံတွေတင်ထားတာကို တွေ့ရပါတယ်။ အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး ခိုင်းစေတဲ့ဆရာဆရာမတွေကို အရေးယူဖို့ မုံရွာမြို့ခံတွေက မှတ်ချက်ပြုနေကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အ​ခြေခံပညာကျောင်းတွေက ဆရာ၊ ဆရာမတွေ အများအပြား CDM လုပ်ခဲ့ကြပါတယ်။ ဒါ့ကြောင့် ကျောင်းတွေမှာ အရည်အချင်းပြည့်ဝတဲ့ဆရာဆရာမတွေ နည်းပါးနေပြီး နေရာဝင်ယူတဲ့ဆရာဆရာမတွေသာ များပြားနေတယ်လို့ ကျောင်းသားမိဘအချို့က ပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) စခန်းကို အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မုံရွာခရိုင်တပ်ရင်းတွေက ဝင်ရောက်စီးနင်းပစ်ခတ်လို့ ပလဖအဖွဲ့ဝင်အချို့ သေဆုံးတယ်လို့သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က မဟာကန်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘက ကျောင်း)ကို အာဏာသိမ်းစစ်တပ်က ပိတ်သိမ်းလိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး၊အမရပူရမြို့နယ်၊ ယဉ်တော်စံရွာရှိအခြေခံပညာမူလွန်ကျောင်း ရှေ့မှာမနေ့( ဇွန်လ ၂၃ ရက်)ကကျောင်းသားအချင်းချင်းစကားများရန်ဖြစ်ရာကဓားထိုးမှုဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် ကျောင်းသား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Facebook