Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က တောင်ဥက္ကလာပနဲ့ သာကေတက ဗိုလ်ချုပ်ရုပ်တု​တွေကိုဖျက်ဆီး

ရန်ကုန်မြို့ ၊တောင်ဥက္ကလာနဲ့ သာကေတမြို့နယ်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေကို အာဏာသိမ်းစစ်တပ်က ယမန်​နေ့ညကဖြိုချဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

(တောင်ဥက္ကလာပမြို့နယ်၊သုမင်္ဂလာပန်းခြံမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို စစ်တပ်က ဖျက်ဆီးပြီး ပိုက်အစိမ်း​တွေကာထားစဥ်။ ဓါတ်ပုံ-CJ )

ဇူလိုင်-၂ ၊၂၀၂၆။တာရာ/People’s Spring

ရန်ကုန်မြို့ ၊တောင်ဥက္ကလာနဲ့ သာကေတမြို့နယ်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေကို အာဏာသိမ်းစစ်တပ်က ယမန်​နေ့ညကဖြိုချဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇူလိုင် ၁ ရက်နေ့ည ၁၀ နာရီဝန်းကျင်ခန့် မှာအင်အား ၃၀ နီးပါးရှိတဲ့စစ်တပ်နဲ့ စည်ပင်ဝန်ထမ်းတွေက ဘက်ဟိုး၊ မြေကော်ကားတွေနဲ့ တောင်ဥက္ကလာပမြို့နယ်၊သုမင်္ဂလာပန်းခြံမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ် ၂ ရုပ်အနက် တစ်ရုပ်ကို ဖျက်ဆီးခဲ့ပါတယ်။

“အခုဖြိုလိုက်တာကဦးကိုကိုကြီးရဲ့အရုပ်။ ဘာကြောင့်ဖြိုလဲတော့မသိဘူး။ ဝုန်းဒိုင်းဝုန်းဒိုင်းနဲ့လာပြီး အရုပ်တွေကိုစဖျက်တော့တာပဲ။ ပန်းခြံကတော့ပိတ်ထားတယ်။မနက်ကတည်းက အရပ်ဝတ်တွေကစောင့်နေတာ။ အများကြီး”လို့ ပန်းခြံအနီးနေထိုင်သူတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ သာကေတမြို့နယ်၊ မြကန်သာပန်းခြံအတွင်းက ဗိုလ်ချုပ်ကြေးရုပ်ကိုလည်းစစ်အုပ်စုက ဖျက်ဆီးခဲ့ပါတယ်။

တောင်ဥက္ကလာပမြို့နယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၂ နှစ်ပြည့် မွေးနေ့အမီ အများပြည်သူ ဂါရဝပြုနိုင်ဖို့စိုက်ထူခဲ့တာဖြစ်ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တည်ဆောက်ခဲ့တဲ့ ကြေးရုပ်ဖျက်ဆီးခံရတာဖြစ်ပါတယ်။

ကျန်ရှိနေတဲ့တစ်ရုပ်က တောင်ဥက္ကလာပမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖြစ်မြောက်ရေးကော်မတီနဲ့မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်တည်ဆောက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖြစ်ပါတယ်။

စစ်တပ်က အခုလပိုင်းအတွင်းမှာ နိုင်ငံတစ်ဝန်းက ဗိုလ်ချုပ်ရုပ်တု​တွေကို ဖျက်ဆီး​နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ရာ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံမှုကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်း၀ရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ SNA တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ဘုရားကျောင်းပျက်စီးခဲ့ကြောင်း အင်းတော်ကြီးဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးဝန်းကျင်က ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က လေကြောင်းကနေ နှစ်ရက်ဆက် ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ အရပ်သား ၃၀ဦးထက်မနည်း ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook