Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ လူတစ်စုက ရဲယောင်ဆောင်ပြီး နေအိမ်နဲ့ ဆိုင်ခန်းတွေ ခြိမ်းခြောက်ငွေတောင်းနေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လူတစ်စုက စစ်ကောင်စီရဲ့ တိုင်းရုံးက ရဲတွေလို့ဆိုပြီး နေအိမ်နဲ့ ဆိုင်ခန်းတွေကို ခြိမ်းခြောက်ငွေလိုက်တောင်းနေကြောင်း မြို့ခံတွေက ပြောပါတယ်။

(မုံရွာမြို့လယ်တနေရာကို တွေ့ရစဥ်။ ဓါတ်ပုံ - CJ)

ဇူလိုင် ၃၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လူတစ်စုက စစ်ကောင်စီရဲ့ တိုင်းရုံးက ရဲတွေလို့ဆိုပြီး နေအိမ်နဲ့ ဆိုင်ခန်းတွေကို ခြိမ်းခြောက်ငွေလိုက်တောင်းနေကြောင်း မြို့ခံတွေက ပြောပါတယ်။

မုံရွာမြို့မှာ အမျိုးသား ၃ဦးဝန်းကျင်က တိုင်းရုံးကရဲတွေဟုဆိုကာ နေအိမ်တွေ၊ ဆိုင်ခန်းတွေကို ငွေကြေးလိုက်လံတောင်းခံ​​နေတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“တချို့ဆို ဓါးတွေတောင်ပါတယ်။ ဆိုင်တစ်ဆိုင်ကတော့ ငါးသောင်းပေးလိုက်ရတယ်”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လိုက်လံတောင်းခံသူတွေထဲမှာ မီးသတ်သမားတချို့လည်း ပါဝင်ပြီး အရက်သေစာသောက်စားထားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ငွေတောင်းသူတွေဟာ ရဲတွေ ဟုတ်၊ မဟုတ်ကိုတော့ အတည်ပြုလို့ မရသေးပါဘူး။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ အိမ်တံခါးတွေ ပိတ်ထားကြဖို့နဲ့ ဆိုင်ကယ်တွေကိုလည်း အိမ်အတွင်းမှာပဲ ထားကြဖို့ မြို့နေပြည်သူအချင်းချင်း သတိပေးနေကြပါတယ်။

မုံရွာမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု မရှိတော့တဲ့အတွက် မြို့ပေါ် ရပ်ကွက်အချို့မှာ ဓါးပြတိုက်ပြန်ပေးဆွဲမှုတွေ၊ ခိုးဆိုးလုနှိုက်မှုတွေ၊ ဆိုင်ကယ်ခိုးခံရတာတွေနဲ့ အုပ်စုဖွဲ့ ခြိမ်းခြောက်ငွေတောင်းတာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်း (အထက ၃)မှာ ဆရာမတွေခိုင်းလို့ ကျောင်းတံခါးသွားပိတ်တဲ့ (၉) တန်းကျောင်းသား သံတံခါး​ပိမိလို့ ပြင်းထန်ဒဏ်ရာရပြီး ဆေးရုံမှာ အရေးပေါ်​ဆေးကုသမှု ခံယူနေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) စခန်းကို အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မုံရွာခရိုင်တပ်ရင်းတွေက ဝင်ရောက်စီးနင်းပစ်ခတ်လို့ ပလဖအဖွဲ့ဝင်အချို့ သေဆုံးတယ်လို့သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က မဟာကန်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘက ကျောင်း)ကို အာဏာသိမ်းစစ်တပ်က ပိတ်သိမ်းလိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။