ဇူလိုင်-၆၊၂၀၂၆။ဒလပန်း/People’s Spring
ပဲခူးတိုင်း၊ပြည်ခရိုင်၊သဲကုန်းမြို့ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တပ်ဖွဲ့ဝင် ၅ သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(PPDF)-၃၆၀၁ တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၂ ရက် ညနေ ၄ နာရီဝန်းကျင်မှာ သဲကုန်းမြို့ဆရာအတတ်သင်(၁)လမ်းမှာ အထိုင်ချတပ်ဆွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၁
ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်ခရိုင် တပ်ရင်း(၁) တပ်ရင်းရုံး၊တပ်ခွဲ(၁)၊တပ်ခွဲ(၄)၊တပ်ခွဲ(၅)၊ပြည်ခရိုင်ပကဖအထူး တိုက်ခိုက်ရေးအဖွဲ့နဲ့ ပြည်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၄)တို့က သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement
“အင်အား ၃၀ လောက်ရှိတဲ့ စခန်းပါ။တိုက်ပွဲဖြစ်ပွါးချိန်က နာရီဝက်လောက်ကြာတယ် ၄ နာရီ ၁၅ လောက်ကစတယ်။ ၄ နာရီ ၄၅ လောက်မှာ ပြီးတယ် “ လို့ ပြည်ခရိုင်တပ်ရင်း(၁)စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ ရဲဘော်SHADOW ကပြောပါတယ်။
စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။
တိုက်ပွဲဖြစ်ပွါးနေချိန်အတွင်းမှာ သဲကုန်းမြို့ထဲကနေ အသင့်ရှိနေတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေ ထပ်မံအင်အားဖြည့်တင်းလာတာကြောင့် လက်နက်၊ လူအင်အားမမျှတတဲ့အတွက် ဂိတ်စခန်းကို အပြီးသတ်သိမ်းနိုင်ခြင်းမရှိဘဲ တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့ရဲဘော်SHADOW ကဆက်ပြောပါတယ်။
“ စစ်ကူက တိုက်ပွဲဖြစ်ပြီး ၁၅ မိနစ်အတွင်းမှာရောက်လာတာ။အင်အားက ၄၀ လောက်ရှိတယ်။ ရောက်လာတဲ့ အင်အားမှာမှ လက်နက်ကြီးတွေပါပါလာတယ်။ “ လို့ပြောပါတယ်။
စစ်တပ်ဂိတ်စခန်းတိုက်ခိုက်ပြီးနောက်ပြန်လည်ဆုတ်ခွါချိန်မှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က တပ်ခွဲ(၁)တပ်စု မှူးရဲဘော်ရန်ကြီးအောင် ကျည်ထိမှန်ကာ ကျဆုံးခဲ့ရပြီး ရဲဘော်(၁)ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့မှာလည်း သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းကကိုင်းပြင်ကြီးရွာ အညာတန်းစစ်တပ် စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်ခဲ့တာမှာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

















































