Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့မှာဝမ်း​ရောဂါ​ကြောင့် ၁ ဦး​သေဆုံး

၄ ရက်အတွင်းဝမ်းပျက်ဝမ်​လျှောလူနာ ၁၈၀ ကျော်ရှိဟု စစ်​​ကောင်စီထုတ်ပြန်

သြဂုတ်-၁၃၊၂၀၂၆။တာရာ/People’s Spring

ရန်ကုန်မြို့မှာ ၄ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှောလူနာ ၁၈၀ ကျော် အထိရှိပြီး ၁ဦး သေဆုံးခဲ့တယ်လို့ စစ်တပ် လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဒီက​နေ့ ထုတ်ပြန်ပါတယ်။

သြဂုတ် ၉ ရက်ကနေ ၁၂ ရက်အထိ ဝမ်းပျက်ဝမ်းလျှောလူနာ စုစုပေါင်း ၁၈၂ ဦး ရှိပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။အဲဒီထဲကအသက် (၉၂)နှစ်အရွယ်သက်ကြီး လူနာ ၁ ဦး သေဆုံးတယ်လို့ ​ဖော်ပြထားပါတယ်။

လူနာတွေထဲက ပြင်းထန်ဝမ်းပျက်နဲ့ ဝမ်းလျှောရောဂါပိုးတွေ့သူ ၅၄ ဦးရှိတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အဲဒီဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်မြန်တယ်။ အထူးသဖြင့် မိုးရာသီဆို အဖြစ်များတယ်။ အစားအသောက်တွေကြောင့် အများဆုံးဖြစ်တာ။ ပြီးတော့ ရေကြောင့်ဖြစ်တာလည်းဖြစ်တယ်။ အခုဆေးရုံကြီးမှာ ဆရာဝန်တွေကအချိန်ပြည့် လှည့်နေရတယ်။ ဆရာဝန်အင်အားကလည်း နည်းတော့ မလောက်ဘူး”လို့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရောဂါဖြစ်ပွားတဲ့ လမ်းမတော်၊လသာ၊ပန်းပဲတန်း၊ကျောက်တံတားမြို့နယ်တို့မှာ စစ်တပ်ပူးပေါင်းအဖွဲ့တွေက စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဝမ်းပျက်၊ဝမ်းလျှောလူနာတွေကို ရန်ကုန်ဆေးရုံကြီးရဲ့သီးသန့်လူနာဆောင်မှာ ထားရှိ ကုသပေးနေကာ လူနာအရေအတွက်တိုးလာတာကြောင့် ဆေးရုံကုတင်တွေ မလုံလောက်ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဝမ်း​ရောဂါ ကူးစက်မှာစိုးတာ​ကြောင့်ဒီကနေ့ကစပြီး ပြင်ပလူနာဌာနကို လာရောက်ပြသခွင့်ပိတ်လိုက်တယ်လို့ လည်းကျန်းမာ​ရေးဝန်ထမ်းအချို့က​ပြောပါတယ်တယ်။

“ဆေးရုံကြီးမှာလည်း တခြားသူတွေကူးမှာစိုးလို့ ပြင်ပလူနာဌာစပိတ်ပြီ ။ဆေးရုံကြီးအပြင်စံပြဆေးရုံ၊ မြောက်ဥက္ကလာ၊ပုဂ္ဂလိကဆေးရုံတွေမှာလည်း ဝမ်းရောဂါလူနာတွေကိုကုပေးနေရတယ်”လို့ဆရာဝန်တဦးက​ပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"ဈေးရောင်းရတာထက် ကျားမြီးသာပြေးဆွဲချင်တယ်"လှ်ိုင်မြို့နယ်မှာ လမ်းဘေးဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက သူမခံစားချက်ကိုပြောပါတယ်။လမ်းဘေးဈေးရောင်းသူတွေ ဈေးခင်းပြီးချိန်မှ အပြာဝတ်​တွေလာပြီဆိုရင်ပြန်သိမ်းရတာအကြိမ်ကြိမ်။

သတင်း

ဒေါ်လာတစ်သန်း၀န်းကျင်တန်တဲ့ အခန်းတွေ အပါအ၀င် ရန်ကုန်မြို့က ကွန်ဒိုတွေမှာ ကြိုပွိုင့် ၀ယ်ယူထားသူတွေ အခန်းရဖို့ မရေမရာဖြစ်နေပြီးတာဝန်ယူ၊တာဝန်ခံကာဖြေရှင်းပေမယ့် သူမရှိဖြစ်နေတယ်လို့ နစ်နာသူတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ဈေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာ ကျပ်တစ်သောင်းကျော်သွားအထိ ဈေးတက်လာပြီး တစ်လအတွင်း ဈေးနှစ်ဆ တက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

Trending

Facebook