Connect with us

Hi, what are you looking for?

သတင်း

မဘိမ်းနဲ့ မိုးမိတ်ကို စစ်တပ်က နေ့စဉ် ဗုံးကြဲနေ၊ အရပ်သား ၄ဦး သေဆုံးပြီး ဘုန်းကြီးအပါအဝင် ၉ ဦး ဒဏ်ရာရ

စစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ကို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပြီး ၁၂ရက်အတွင်း အရပ်သား ၄ဦး သေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ဦး ဒဏ်ရာရခဲ့ပါတယ်။

ဩဂုတ်−၁၃၊၂၀၂၆။ဇော်ရမ်း/People’s spring

စစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ကို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပြီး ၁၂ရက်အတွင်း အရပ်သား ၄ဦး သေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒေသတွင်းမှာ ရေကြီးနစ်မြုပ်မှုကြုံတွေ့နေစဉ် စစ်တပ်က လေကြောင်းကနေဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတာ ဖြစ်ပါတယ်။

မဘိမ်းမြို့မှာ ဇူလိုင် ၂၈ ရက်ကနေ သြဂုတ် ၈ရက်အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၈ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က သြဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဘိမ်းမြို့နယ်အတွင်း ရွှေလီမြစ်ရေလွှမ်းမိုးနေချိန်မှာ စစ်တပ်ကပစ်ခတ်တာဖြစ်ပြီး သြဂုတ် ၆ ရက် ည ၁၁ နာရီခန့်က ဗုံးကြဲတိုက်ခိုက်မှုမှာလည်း မဘိမ်းမြို့ဆေးရုံကြီးက အဆောက်အအုံ ၃လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မဘိမ်းမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ကစပြီး ရွှေလီမြစ်ရေကြီးမှုနဲ့အတူ မိုးလည်းသည်းထန်စွာရွာခဲ့တဲ့အတွက် ဒေသခံတွေရေ ဘေးကြုံတွေ့ခဲ့ပါတယ်။

မဘိမ်းမြို့နဲ့ ဆက်စပ်နေတဲ့မိုးမိတ်မြို့နယ်မှာလည်း တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေပါတယ်။

မိုးမိတ်မြို့နဲ့ (၂)မိုင်ခန့်အကွာ ညောင်နီကျေးရွာမှာ ဩဂုတ် ၁၁ရက် နေ့လယ်၁နာရီခန့်ကစပြီး တိုက်ပွဲဖြစ်ခဲ့တာကနေ စစ်ရေးတင်းမာနေတာပါ။

မိုးမိတ်မြို့နယ်ကို စစ်တပ်က ဩဂုတ် ၁၁ရက်နဲ့ ၁၂ရက်မှာ ဗုံးကြဲလို့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတချို့ပျက်စီးပြီး သံဃာတော် ၁ပါးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဟာ မိုးမိတ်မြို့အနီးမှာ တပ်စွဲထားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စခန်းကို တိုက်ခိုက်ဖို့နဲ့ မတိုက်ရင် ဖယ်ပေးဖို့ စစ်တပ်က ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကို ဖိအားပေးတာကနေ စတင်တာလို့ ဒေသခံသတင်းမြစ်တွေက ပြောပါတယ်။

ညောင်နီရွာမှာ ဖြစ်တဲ့တိုက်ပွဲမှာ စစ်​ကြောင်းထိုးလာတဲ့ စစ်တပ်ကို KIA ၊SSPP ၊PDF စတဲ့ပူး​ပေါင်းတပ်​​တွေက ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ။တိုက်ပွဲဖြစ်တဲ့ သြဂုတ် ၁၁ ရက်မှာ စစ်တပ်စစ်​ကြောင်းက ဒုတပ်ရင်းမှူးနဲ့ ရဲ​ဘော်အချို့ ​သေဆုံးခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က ​ပြောပါတယ်။

သြဂုတ် ၁၂ ရက်တိုက်ပွဲမှာ SSPP/SSA တပ်ဖွဲ့ဝင် ၁ဦးကျဆုံးခဲ့ပြီး စစ်တပ်က ဗုံးကြဲလို့ ​ညောင်နီရွာ​ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ စစ်​ရေးရင်းမြစ်အချို့က​ပြောပါတယ်။

SSPP/SSA ဟာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ(FPNCC)မှာ ပါဝင်ပြီး စစ်တပ်နဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်ကို ရောက်ရှိနေတာပါ။

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲနဲ့ပတ်သက်လို့ SSPP/SSA က သတင်းမထုတ်ပြန်သေးပါဘူး။

KIA ကတော့ ဒေသခံတွေ လေကြောင်းအန္တရာယ်သတ်ပြုကြဖို့ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်- အင်းတော်လမ်းပိုင်းကို စစ်တပ်ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့တွင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကနေ ကား ၁၁စီးနဲ့ အင်အားတွေပို့ထားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အနီးဝန်းကျင်ကဒေသခံတွေတူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က ဒီ​နေ့ လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။

သတင်း

ဗျာလစစ်​ရှောင်စခန်းကိုဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာ ပန်းနီလာစစ်ရှောင်စခန်းကိုစစ်တပ်ကဗုံးထပ်ကြဲ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

Trending

Facebook