Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုသတ်ဖြတ်မှုများကြောင့် သြဂုတ်အတွင်း ကလေးငယ် ၂၅ ဦးအပါအဝင် ပြည်သူ ၂၀၀ ကျော် သေဆုံး

စစ်အုပ်စုရဲ့ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုများနဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဩဂုတ်အတွင်း ကလေးငယ် ၂၅ ဦးအပါအဝင် ပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ စက်တင်ဘာ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

(မြောင်မြို့နယ် ဆွဲလွဲအိုရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓါတ်ပုံ − CJ)

​စက်တင်ဘာ ၃၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်အုပ်စုရဲ့ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုများနဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဩဂုတ်အတွင်း ကလေးငယ် ၂၅ ဦးအပါအဝင် ပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ စက်တင်ဘာ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပြိးခဲ့တဲ့ ဩဂုတ် တစ်လအတွင်း စစ်အုပ်စုဟာ နိုင်ငံဒေသ အသီးသီးက အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုပေါင်းများစွာကို စနစ်တကျ ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့ပြီး စုစုပေါင်း လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် (၅၂၈) မှု ကျူးလွန်ခဲ့တာကို မှတ်တမ်းကောက်ယူထားရှိနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးပါတယ်။

စစ်အုပ်စုဟာ တရားလက်လွတ်သတ်ဖြတ်မှု၊ အတင်းအဓမ္မဖမ်းဆီးမှုနဲ့ ကိုယ်ပိုင်ပစ္စည်းတွေ ဖျက်ဆိးခံရခြင်းတို့ အပါအဝင် ချိုးဖောက်မှုပေါင်းများစွာ ကျူးလွန်ခဲ့ပြီး မန္တလေးဒေသဟာ (၁၁၀) မှုနဲ့ အများဆုံး ချိုးဖောက်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စု ကျူးလွန်တဲ့ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်တွေဟာ ဒေသ (၄)ခုမှာ (၈) မှု ဖြစ်ပွားခဲ့ပြီး ပြည်သူ ၆၈ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၇ ဦး ပါဝင်ခဲ့ကြောင်း NUG ရဲ့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။

ဒါ့အပြင် ဒေသ (၁၃) ခုမှာလည်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၅၃၀ အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံခဲ့ရပြီး စစ်ကိုင်းဒေသဟာ အဆိုးရွားဆုံး ခံခဲ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၃၉ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၁၈ ဦး ပါဝင်ခဲ့ကြောင်း NUG က ထပ်မံ အသိပေးပါတယ်။

သြဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာက တရားစခန်းလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ဟာ အဆိုးရွားဆုံးထဲ ပါဝင်ပြီး ယနေ့အထိ သေဆုံးသူ ၁၆ ဦးအထိ ရှိနေပြီး ၂၆ ဦးထက်မနည်း ဆေးကုသမှုခံယူနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

“ထိခိုက်သေဆုံးသူတွေက ယောဂီတွေများပါတယ်။ မြောင်နယ်တဝိုက် ရွာတွေကနေ လာပြီး တရားစခန်းဝင်ကြတဲ့ ယောဂီတွေပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းဗုံးကြဲမှုတွေကြောင့် အရပ်သားနေအိမ် ၁၂၆ လုံး၊ ဘာသာရေးအဆောက်အအုံ ၁၇ ခု၊ စာသင်ကျောင်း ၁၀ ကျောင်းနဲ့ ဆေးဘက်ဆိုင်ရာအဆောက်အအုံ ၄ ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေကို စနစ်တကျ မှတ်တမ်းတင်ထားကာ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေး စတဲ့ ဦးတည်ချက်တွေ လက်ကိုင်ထားပြီး ကျူးလွန်သူတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ်ရရှိပြီး တာဝန်ခံလာစေရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာ စစ်ကောင်စီနဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ နေရာကို ဒေသခံတွေပြန်ဝင်ဖို့ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅ လောင်း မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သတင်း

လက်နက်ကိုင်တော်လှန်ရေးကို လက်မခံဟုပြောဆိုထားတဲ့ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံဖိုင်တု ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးချက်တရပ် လူမှုကွန်ရက်ကနေ ပြန်လည်ရေးသားခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိထားဖို့ သတိပေးလိုက်ပါတယ်။

သတင်း

‎ကချင်ပြည်နယ်က မြစ်ဆုံရေကာတာစီမံကိန်း လုပ်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့အာဏာသိမ်းစစ်အုပ်စုက လူထုစည်းရုံးလှုံ့ဆော်မှုတွေကို ကြိမ်ပေါင်းများစွာပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်လို့ ပြည်သူတွေအနေနဲ့ အဲဒီလုပ်ငန်းတွေမှာပါဝင်ခြင်းမပြုဖို့ ကချင်လူအခွင့်အရေးစောင့်ကြည့်အဖွဲ့ (KHRW)က ဒီကနေ့သြဂုတ်၁၁ရက်မှာပြည်သူသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ သရက်-မင်းတုန်းလမ်းပိုင်းမှာ စစ်အုပ်စုကိုတိုက်ခိုက်ရာ သေဆုံးသူတွေရှိကာ လက်နက်နဲ့ခဲယမ်းတချို့ သိမ်းရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ပါတယ်။