သတင်း ကနီတွင် စစ်ကောင်စီတပ်က အမျိုးသားငါးဦးကို သတ်ဖြတ်သွား စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာ ကျေးရွာများ၌ မိုးရွာသွန်းလျက်ရှိပြီး ကျေးရွာအုပ်စု(၆)စုမှ ဒေသခံပြည်သူ နှစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဩဂုတ် 28, 2022
သတင်း မြိုင်နယ်အနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့မှုဖြစ် ထို့အပြင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် အနီးအနားရှိ မိဘပြည်သူများအနေဖြင့် သတိထားရှောင်ရှားကြရန် မြိုင်(ပကဖ)က သတိပေးသည်။ LuduNwayOoဩဂုတ် 27, 2022
သတင်း စစ်ကောင်စီအလိုကျ ဝန်ထမ်းများထုတ်ပါ်ခြင်းနှင့် ကိုဗစ်ချေးငွေများ ပြန်လည်တောင်းယူခြင်းပြုလုပ်နေသော တောင်ငူဆေးရုံအုပ်နှင့် စာရေးတစ်ဦးကို တောင်ငူခရိုင် PDF သတိပေး ယနေ့ (သြဂုတ် ၂၇ ရက်)ဖြင့် ထုတ်ပြန်သည့် အထက်ပါသတိပေးချက်တွင် ယခုလုပ်ရပ်များအား ရပ်တန်းကမရပ်ဘဲ ဆက်လက်ပြုလုပ်နေမည်ဆိုပါက လိုအပ်သလို အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။ LuduNwayOoဩဂုတ် 27, 2022
သတင်း နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ကွမ်းခြံကုန်း တော်ကူးရဲစခန်းအနီးစစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက် သြဂုတ် ၂၅ ရက်ကလည်း ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့ပေါ်မီးသတ်ရုံး၌ တပ်စွဲထားသော အင်အား (၂၀)ခန့်ရှိ စစ်ကောင်စီတပ်အား SOF တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့သည်။ LuduNwayOoဩဂုတ် 27, 2022
သတင်း ချင်းတပ်နှင့် AAက ရိက္ခာဖြတ်တောက်ထားသည့် သံထောင်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာသွား လက်ရှိတွင် စစ်ကောင်စီတပ်စခန်းအတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်လျက်ရှိပြီး ကျည်ဆံများနှင့် အခြားပစ္စည်းများ သိမ်းဆည်းရရှိထားသည်ဟုဆိုသည်။ LuduNwayOoဩဂုတ် 27, 2022
သတင်း မုံရွာနယ် လယ်ဇင်ရွာတွင် စစ်ကောင်စီတပ်က ပြည်သူ သုံးဦးကို သတ်ဖြတ်သွား ယမန်နေ့(ဩဂုတ် ၂၆ ရက်) နံနက် ၆ နာရီခန့်က လယ်ဇင်ကျေးရွာသို့ အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်သည် သတင်းပေးများနှင့်အတူ ဝင်ရောက်လာခဲ့သည်။ LuduNwayOoဩဂုတ် 27, 2022
သတင်း ဒီးမော့ဆိုနယ်တွင် စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်းများတွေ့ရှိသဖြင့် ရဲဘော်များနှင့် ဒေသခံများ အသွားအလာဂရုစိုက်ကြရန် PDF သတိပေး ယမန်နေ့(သြဂုတ် ၂၆ ရက်)တွင် DMO PDFမှ ထူလွှီဘီလာနှင့်ငွေတောင်ရွာသစ်ကျေးရွာကို နယ်မြေရှင်းလင်းစဥ် နင်းမိုင်းများကို တူးဖော်နိုင်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဩဂုတ် 27, 2022
သတင်း သာကေတမြို့နယ် လျှပ်စစ်မီတာရုံးတွင်တပ်စွဲထားသောစစ်ကောင်စီတပ်ကိုမြို့ပြပြောက်ကျားအဖွဲ့က ဗုံးဖြင့်တိုက်ခိုက် "စခများအလိုကျ ငွေတောင်းခံခြင်း၊ မီးဖျက်ခြင်းနှင့် CDM မလုပ်သော ဝန်ထမ်းများကို ထပ်မံသုတ်သင်ရှင်းလင်းသွားမည် ဖြစ်ပါသည်"ဟု ဒေါင်းစစ်သည်အဖွဲ့က ဖော်ပြထားထားသည်။ LuduNwayOoဩဂုတ် 27, 2022
သတင်း တန့်ဆည်တွင် စစ်ကောင်စီတပ်ထုတ်ကုန် ဒဂုံဘီယာများအား ဖျက်ဆီး စစ်ကောင်စီထုက်ကုန် Boycott စာရင်းဝင်Dagon ဘီယာများအား ဖျက်ဆီးခဲ့ပြီး ကာလပေါက်စျေး ကျပ်သိန်း ၁၀၀ခန့်ရှိနိုင်ကြောင်း တန့်ဆည် (ပကဖ)က အသိပေးသည်။ LuduNwayOoဩဂုတ် 27, 2022
သတင်း မှော်ဘီမြို့ အမှတ်(၄)လမ်းမရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် ယနေ့ည ၈ နာရီ ၅၀ ခန့်က မှော်ဘီမြို့ အမှတ် (၄)လမ်း မကြီးရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ LuduNwayOoဩဂုတ် 27, 2022