သတင်း စစ်ကောင်စီ၏ကွပ်မျက်မှု ရန်စခြင်းဖြစ်ပြီး ထပ်တိုးအရေးယူဖိအားပေးရန် နိုင်ငံတကာကို အီးယူအကြီးအကဲတိုက်တွန်း အထက်ပါ အီးယူအကြီးအကဲက နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်ကောင်စီအပေါ် စီးပွားရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံ ပိုမိုဖိအားပေးမှု ဆက်လက်လုပ်ဆောင်ရမည်ဟု တိုက်တွန်းသည်။ LuduNwayOoဩဂုတ် 6, 2022
သတင်း စစ်ကောင်စီတပ်ကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ ၂၀ ထက်မနည်းသေဟု ကလေးPDF ပြော ကလေးမြို့နယ်တွင် သြဂုတ် ၃၊၄ ရက်တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၃၀ ကျော်သေဆုံးခဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ မှ ၃ ဦးကျဆုံးခဲ့သည်။ LuduNwayOoဩဂုတ် 6, 2022
သတင်း စစ်ကောင်စီကတစ်ဒေါ်လာလျှင် ၂၁၀၀ကျပ်ဟုပြောင်းလဲသတ်မှတ်ပြန် စစ်ကောင်စီဘက်မှတင်းကျပ်ထားရာမှ အနည်းငယ်ဖြေလျော့ပေးသည်ဟုဆိုသော်လည်း စီးပွားရေးလည်ပတ်နိုင်သည့် ပုံစံမဟုတ်သောကြောင့် စစ်ကောင်စီမျှော်မှန်းထားသလို အခြေအနေဖြစ်လာနိုင်စရာမရှိကြောင်းလည်းအထက်ပါလုပ်ငန်းရှင်ကသုံးသပ်သည်။ LuduNwayOoဩဂုတ် 6, 2022
သတင်း ပုလဲမြို့နယ် အင်မထီးရွာ ပျူစခန်းမှထွက်လာသည့် စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ရာ အနည်းဆုံးငါးဦးသေဟုမြန်မာ့တော်ဝင်နဂါးတပ်တော် ပြော တိုက်ခိုက်မှုဖြစ်စဥ်အရ သြဂုတ် ၄ရက် နံနက် ၇နာရီခွဲခန့်က အင်မထီးကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် မင်းတိုင်ပင် ကျေးရွာသို့ ပြည်သူပိုင်အိုး အိမ်များမှ ရိက္ခာများလုယူရန် ထွက်လာခဲ့သည်ဟု ဆိုသည်။ LuduNwayOoဩဂုတ် 5, 2022
သတင်း ထီးချိုင့်တွင် စစ်ဆေးရေးဂိတ်မှပြန်လာသည့် စစ်ကောင်စီတပ်နှင့်ရဲကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ ထီးချိုင့်မြို့နယ် ကက္ကုလမ်းဆုံတွင် ဂိတ်စစ်ပြီး ကား တစ်စီး၊ဆိုင်ကယ် နှစ်စီးဖြင့် မြတောင်ရွာ ဘက်သို့ပြန်လာသည့်စစ်ကောင်စီ တပ်နှင့်ရဲများကို ဩဂုတ်၅ရက် ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်း ၂လုံးဖြင့်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဩဂုတ် 5, 2022
သတင်း ကျောက်ထုအမြှောက်တပ်က ထွက်လာသည့် စစ်ကောင်စီတပ်ကို ကျောက်ထု PDF ခြုံခိုတိုက်ခိုက်၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိ ထိတွေ့တိုက်ပွဲများ ဆက်ရှိနိုင်၍ ပြည်သူများအနေဖြင့် ကျောက်ထု - ထီးလင်းလမ်းပိုင်းအား လုံးဝ(လုံးဝ)အသုံးမပြုကြပါရန် ကျောက်ထု PDFက သတိပေးမေတ္တာရပ်ခံခဲ့သည်။ LuduNwayOoဩဂုတ် 5, 2022
သတင်း မြိုင်တွင်ရွာမီးရှို့ဖျက်ဆီးပြီး ပြန်လာသည့်စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို ယမန်နေ့သြဂုတ်လ၄ရက်နေ့ကအကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ရဟန်းသံဃာအယောင်ဆောင်များဖြင့် ဝင်၍ ပြည်သူ ၂၇ ဦးခန့် ဖမ်းဆီးထားကြောင်း မြိုင်ပ.က.ဖက အသိပေးထားသည်။ LuduNwayOoဩဂုတ် 5, 2022
သတင်း စစ်ကောင်စီခန့်အုပ်ကြီးနှင့် ပျူ ရှင်းလင်းခံရပြီးနောက် ဒေသခံရွာသူရွာသား၂၀ကျော်ကိုစစ်ကောင်စီတပ်ကဖမ်းဆီး ဖမ်းဆီးခံရသူများတွင် အရှင်းခံရသည့် ကျောက်ပြုတ်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ်၏ ဘေးအိမ်မှ မိသားစုဝင်၃ဦး အပါအဝင်ဖြစ်ပြီး အမျိုးသမီးအများအပြားဖမ်းဆီးခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။ LuduNwayOoဩဂုတ် 5, 2022
သတင်း သုံးထပ်ကွေ့အနီး တစ်နေ့လုံးတိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်က အထိအခိုက်များစွာနဲ့ ဆုတ်ခွာသွားတယ်လို့ဆို ဒီလိုစစ်ကောင်စီတပ်က ကျူးကျော်လာတာကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ကော်ဘရာစစ်သည်တော်တွေနဲ့ တစ်နေ့တာလုံး ရင်ဆိုင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သားတစ်ဦးသေဆုံးကာ လေးဦးထက်မနည်း အများအပြားပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းကဆိုထားပါတယ်။ LuduNwayOoဩဂုတ် 5, 2022
သတင်း မြောက်ဒဂုံ လျှပ်စစ်ရုံးအနီး စစ်ကောင်စီကင်းတဲကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေးဆုံးအခြေအနေအား မသိရသေးသော်လည်း တော်လှန်ရေးရဲဘော်များ ဘေးကင်းလုံခြုံသည့်နေရာသို့ ရောက်ရှိပြီဖြစ်ကြောင်း အသိပေးသည်။ LuduNwayOoဩဂုတ် 5, 2022