Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်ကို ကမ္ဘောဒီးယား ဒုံးကျည် အစင်း ၂၀၀ လောက် ပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ် စွပ်စွဲ

နှစ်နိုင်ငံ နယ်စပ်မှာ ကမ္ဘောဒီးယားက ဒုံးကျည် အစင်း ၂၀၀ နီးပါး ပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AFP/File

နှစ်နိုင်ငံ နယ်စပ်မှာ ကမ္ဘောဒီးယားက ဒုံးကျည် အစင်း ၂၀၀ နီးပါး ပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့က နယ်စပ်ပြည်နယ် တစ်ခုဖြစ်တဲ့ ဆာခေါင်မှာ ကမ္ဘောဒီးယားရဲ့ BM-21 အတွဲလိုက်ပစ် ဒုံးကျည်စနစ်တွေက ဒုံးကျည်အစင်း ၂၀၀ လောက် ပစ်ခတ်ခဲ့တာလို့ ထိုင်းက ပြောပါတယ်။

ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း သေနာပတိ ဆူရာဆန့် ကွန်ဆီရီက ကမ္ဘောဒီးယားရဲ့ ဒုံးကျည် ပစ်ခတ်မှုကြောင့် နယ်စပ်က လူနေဧရိယာတွေကို ထိမှန်ခဲ့သလို လူနေအိမ် ၄၀ လောက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းကနေ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းထိ အတောအတွင်း ကမ္ဘောဒီးယားဖက်က ဒုံးကျည်တွေ အများဆုံး ပစ်ခတ်ခဲ့ပြီး ထိုင်းပိုင်နက်ထဲက နေရာ ၅၁ ခုကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယားရဲ့ လက်နက်ကြီးဒဏ်ကြောင့် အရပ်သား ၇ ဦး ဒဏ်ရာရခဲ့ပြီး စိုက်ခင်းတွေ ပျက်စီးခဲ့သလို မွေးမြူရေး တိရစ္ဆာန်တွေလည်း သေကြေခဲ့တယ်လို့ ထိုင်းဖက်က ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား နယ်စပ် စစ်ရေး ပဋိပက္ခတွေ ဆက်လက် ပြင်းထန်နေပြီး ဘန်ခလွန်ပန်၊ ဘန်နွမ်ယာကွေနဲ့ ဘန်နွမ်ချန်တို့မှာ ကမ္ဘောဒီးယားတပ်တွေ ကျူးကျော် ဝင်ရောက်နေတဲ့ နေရာသုံးခုကို ပြန်လည် သိမ်းယူဖို့ အပြင်းအထန် စစ်ခင်း တိုက်ခိုက်နေဆဲလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

ဇူလိုင်လတုန်းက နယ်စပ် ပဋိပက္ခတွေကြောင့် ၅ ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့တဲ့ အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်သွားခဲ့ပြီး ဒီဇင်ဘာ ၇ ရက်နေ့ကစလို့ တကျော့ပြန် တိုက်ပွဲတွေ အစပြုလာခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေရဲ့ ကြော်ငြာတွေကို စိစစ်တားမြစ်ပေးဖို့ ပျက်ကွက်တဲ့အတွက် လူမှုကွန်ရက် မီဒီယာ Facebookရဲ့ မိခင်ကုမ္ပဏီ Metaကို တရားစွဲဆိုဖို့ ထိုင်းအာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိပြီး လက်ကျန် ခြေချုပ်ကာလ သတ်မှတ်ချက်ကနေ ပယ်ဖျက်ပေးခြင်း ခံခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းစစ်တပ်အတွက် သတ်မှတ်ပေးထားတဲ့ ခွဲတမ်းကို အသုံးပြုပြီး အမေရိကန်ရဲ့ နာမည်ကြီး ဝက်စ်ပွိုင့် စစ်တက္ကသိုလ်မှာ တက်ရောက်ခဲ့ကြောင်း သတင်းတွေကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ငြင်းဆိုခဲ့ပါတယ်။