Connect with us

Hi, what are you looking for?

ဗီဒီယို

သေဆုံးသူ ၁၃၀၀ နီးပါးထိ ရှိလာတဲ့ ဟေတီငလျင်

ဟေတီဟာ ကမ္ဘာ့အနောက်ခြမ်းမှာ အဆင်းရဲဆုံး နိုင်ငံဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်၊ ငလျင်ကြီးရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကနေ ရုန်းထဖို့ ကြိုးစားနေရဆဲပါ။

ဟေတီနိုင်ငံမှာ ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၁၃၀၀ နီးပါးထိ မြင့်တက်လာပါတယ်။

ဩဂုတ် ၁၄ ရက်က မြို့တော် ပို့တ်အူပရင့်စ် အရှေ့ဖက် ၁၂၅ ကီလိုမီတာ အကွာလောက်ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၇.၂ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့တာပါ။ ဩဂုတ် ၁၅ ရက်က ငလျင်ကြောင့် အသေအပျောက် စာရင်းကို ၃၀၀ ကျော်လို့ ကြေညာခဲ့ပေမယ့် နောက်ထပ် ၂၄ နာရီ အကြာမှာ သေဆုံးသူ ၁၂၉၇ ဦးထိ ရှိလာခဲ့ပါတယ်။ ဒဏ်ရာရသူ ဦးရေကတော့ ၅၇၀၀ ကျော် စာရင်းရထားပါတယ်။

ငလျင်ကြောင့် အိမ်ခြေ အဆောက်အအုံ ၁၄၀၀၀ ကျော် ပြိုကျသွားပြီး နောက်ထပ် ၁၄၀၀၀ နီးပါး ထိခိုက် ပျက်စီးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ငလျင်ကြောင့် ဆေးရုံတွေ၊ ဘဏ်တွေ၊ စက်ရုံတွေပါ ပြိုကျခဲ့ပါတယ်။ ဒါ့အပြင် လမ်းတွေပါ ပျက်စီးကုန်တာကြောင့် ဒေသတစ်ခုနဲ့ တစ်ခုကြား ကူးလူးသွားလာဖို့ အခက်အခဲတွေ ကြုံနေရပါတယ်။

ငလျင်ဟာ မြေမျက်နှာပြင်အောက် ၆ မိုင်လောက်အကွာ မြေတိမ်ပိုင်းကို ဗဟိုပြုခဲ့တဲ့ အတွက်လည်း မြေပြင်ပေါ်မှာ ထိခိုက် ပျက်စီးမှုတွေ ပိုမို ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေက အပျက်အစီးပုံတွေအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူတွေနဲ့ ရုပ်အလောင်းတွေကို လိုက်လံ ရှာဖွေနေကြဆဲပါ။

Public Service Announcement

Public Service Announcement

ဟေတီဟာ ကမ္ဘာ့အနောက်ခြမ်းမှာ အဆင်းရဲဆုံး နိုင်ငံဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်၊ ငလျင်ကြီးရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကနေ ရုန်းထဖို့ ကြိုးစားနေရဆဲပါ။ အဲဒီတုန်းက ရစ်ချ်တာစကေး ၇.၀ အဆင့် ငလျင်ကြီးကြောင့် ဟေတီမှာ လူပေါင်း ၂၂၀၀၀၀ နဲ့ ၃၀၀၀၀၀ ကြားလောက်ထိ သေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။

Facebook