Connect with us

Hi, what are you looking for?

ဗီဒီယို

တာလီဘန်လက်က လွတ်မြောက်ဖို့ ကြိုးစားရင်း လေယာဉ်ပေါ်က ၃ ဦးထက်မနည်း ပြုတ်ကျသေဆုံး

လေယာဉ်တွေပေါ်ကနေ လူတွေ ပြုတ်ကျတဲ့ မှတ်တမ်း ဗီဒီယိုတွေကလည်း လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ မြန်မြန်ဆန်ဆန် ပျံ့နှံ့လာပါတယ်။ ကဘူးလ် မြို့ခံတွေက လေယာဉ် ပြေးလမ်းပေါ် ပိတ်ထိုင်နေပြီး သူတို့ကို ခေါ်မသွားရင် ဖယ်မပေးဘူးလို့ ငြင်းဆန်ခဲ့ကြတာကြောင့် အမေရိကန်တွေ အခက်တွေ့နေခဲ့တယ်လို့လည်း သိရပါတယ်။

ကဘူးလ်မြို့က ထွက်ခွာသွားတဲ့ အမေရိကန် စစ်လေယာဉ်တွေပေါ် တွယ်ကပ် လိုက်ပါသွားရာက အမြင့်က ပြုတ်ကျပြီး အာဖဂန် နစ္စတန် နိုင်ငံသား ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကဘူးလ်မြို့တော်ကို တာလီဘန် စစ်သွေးကြွတွေက သိမ်းပိုက်လိုက်တဲ့နောက် မြို့ခံ ထောင်ပေါင်းများစွာဟာ ငရဲဘုံ ဖြစ်လာတော့မယ့် အနာဂတ်က လွတ်မြောက်ဖို့အတွက် ကဘူးလ် နိုင်ငံတကာ လေဆိပ်ဆီ ထိတ်လန့်တကြား သွေးရူးသွေးတန်းနဲ့ ရောက်လာကြပါတယ်။ လေဆိပ်ကိုတော့ အမေရိကန် တပ်တွေက ယာယီ ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

တာလီဘန်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို တွေးတော ကြောက်ရွံ့နေတဲ့ မြို့ခံတွေဟာ လေဆိပ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ အမေရိကန် စစ်လေယာဉ်တွေနဲ့ လိုက်ပါသွားနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ တချို့ကလည်း အမေရိကန် လေတပ်ရဲ့ C-17 လေယာဉ်ကြီးတွေ ကိုယ်ထည်ပေါ် ကုတ်တွယ်တက်နေတာ တွေ့ရပါတယ်။

ဩဂုတ် ၁၆ ရက်မှာတော့ ကဘူးလ် လေဆိပ်က အခြေအနေတွေဟာ အရမ်း ရှုပ်ထွေးပြီး ထိန်းသိမ်းဖို့ ခက်ခဲနေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ သေဆုံးသူတွေကတော့ C-17 လေယာဉ်ကြီးတွေရဲ့ ဘီးဝင်ရိုးမှာ ကုတ်တွယ် လိုက်ပါသွားရာက ကောင်းကင် အမြင့်က လက်လွတ် ပြုတ်ကျခဲ့ကြတာလို့ ယုံကြည်ရပါတယ်။ မျက်မြင် တချို့က C-17 လေယာဉ်ကြီး ပျံတက်သွားချိန် ဘီးဝင်ရိုးကို ခိုပြီး လိုက်သွားသူ တစ်ဒါဇင်လောက် ရှိပြီး အများစုက လူငယ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်တွေပေါ်ကနေ လူတွေ ပြုတ်ကျတဲ့ မှတ်တမ်း ဗီဒီယိုတွေကလည်း လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ မြန်မြန်ဆန်ဆန် ပျံ့နှံ့လာပါတယ်။ ကဘူးလ် မြို့ခံတွေက လေယာဉ် ပြေးလမ်းပေါ် ပိတ်ထိုင်နေပြီး သူတို့ကို ခေါ်မသွားရင် ဖယ်မပေးဘူးလို့ ငြင်းဆန်ခဲ့ကြတာကြောင့် အမေရိကန်တွေ အခက်တွေ့နေခဲ့တယ်လို့လည်း သိရပါတယ်။

လေယာဉ်ပေါ်ကနေ လူတွေ ပြုတ်ကျပြီး သေကြေခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ အမေရိကန် စစ်ဘက်က တရားဝင် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အာဖဂန်က အမေရိကန် စစ်တပ်တွေ ရုပ်သိမ်းသွားပြီး လပိုင်းအတွင်းမှာတင် အာဖဂန် အစိုးရအပေါ် တာလီဘန်တွေက စစ်ရေးသာလာပြီး မြို့တော် ကဘူးလ်ကို သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မလေးရှားက လေဆိပ်တစ်ခုကို ဆင်းသက်လာတဲ့ ခရီးသည်တင် လေယာဉ်ရဲ့ ဘီးအိမ်ထဲမှာ အမည်မသိ အလောင်းတစ်လောင်းကို ရှာတွေ့ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကမ်းဖြူကျေးရွာကို စစ်သင်္ဘောတွေ လုံခြုံရေးလိုက်ပေးတဲ့ လေယာဉ်က ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင် အမျိုးသား ၁ဦး သေဆုံးကာ ၃ဦး ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

နိုင်ငံတကာ

အာဖဂန် နစ္စတန်ကို တာလီဘန်တွေ ပြန်လည် အုပ်စိုးမှု ၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို မြို့တော် ကဘူးလ်မှာ ကျင်းပခဲ့ပါတယ်။

နိုင်ငံတကာ

နယ်စပ်တလျှောက် အာဖဂန် နစ္စတန် ပိုင်နက်ထဲက နေရာတချို့ကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အရပ်သား သေဆုံးမှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။