Connect with us

Hi, what are you looking for?

ဗီဒီယို

“အတိတ်က အမှားမျိုး ကျွန်တော် နောက်ထပ် မကျူးလွန်ချင်ဘူး”

ဒီတော့ ကျွန်တော်တို့ အနေနဲ့ အာဖဂန်မှာ ဆက်ရှိနေသင့်တယ်လို့ ငြင်းခုံ ထောက်ပြနေသူတွေကို နောက်တစ်ခါ ထပ်မေးချင်ပါတယ်။ အခု အာဖဂန် စစ်တပ်က တိုက်ရမယ့် အာဖဂန်နစ္စတန် ပြည်တွင်းစစ်မှာ ပါဝင်နေဖို့ အမေရိကန်ရဲ့သားသမီးတွေကို နောက်ထပ် မျိုးဆက် ဘယ်နှခုလောက် ပို့ပေးနေစေချင်သလဲ။

ဂျိုးဘိုက်ဒန်
အမေရိကန်သမ္မတ


ဒီတော့ ကျွန်တော်တို့ အနေနဲ့ အာဖဂန်မှာ ဆက်ရှိနေသင့်တယ်လို့ ငြင်းခုံ ထောက်ပြနေသူတွေကို နောက်တစ်ခါ ထပ်မေးချင်ပါတယ်။ အခု အာဖဂန် စစ်တပ်က တိုက်ရမယ့် အာဖဂန်နစ္စတန် ပြည်တွင်းစစ်မှာ ပါဝင်နေဖို့ အမေရိကန်ရဲ့သားသမီးတွေကို နောက်ထပ် မျိုးဆက် ဘယ်နှခုလောက် ပို့ပေးနေစေချင်သလဲ။ ဒီကိစ္စက အမေရိကန်ရဲ့ အသက်တွေရဲ့ ဘယ်နှချောင်းလောက် ထိုက်တန်သလဲ။ အာလင်တန် အမျိုးသား သုဿန်မှာ အဆုံးမရှိတဲ့ အထိမ်းအမှတ် ကျောက်တိုင်တွေ ဘယ်နှတန်းလောက် ရှိလာစေချင်သလဲ။ ကျွန်တော့် အဖြေက ရှင်းတယ်။ အတိတ်က ကျွန်တော်တို့ မှားခဲ့တဲ့ အမှားမျိုး ကျွန်တော် နောက်ထပ် မကျူးလွန်ချင်ဘူး။ ပဋိပက္ခ တစ်ခုမှာ အဆုံးသတ်မရှိဘဲ ပါဝင် တိုက်ခိုက်နေတာအပြင် ဒါ့အပြင် ပြည်ပနိုင်ငံ တစ်ခုရဲ့ ပြည်တွင်းစစ်အတွက် ပိုပြီး အားစိုက်ရင်း အဲဒီတိုင်းပြည်ကို ပြန်တည်ဆောက်ဖို့အတွက် အမေရိကန် တပ်တွေကို အချိန် အကန့်အသတ် မရှိ ဖြန့်ကျက်ထားရမယ်ဆိုတဲ့ အမှားမျိုးတွေပေါ့။ ဒါတွေဟာ ကျွန်တော်တို့ နောက်တစ်ကြိမ် ဆက်မှားနေလို့ မရတော့တဲ့ အမှားတွေပါ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာကြီးပေါ်မှာ ကျွန်တော်တို့အတွက် အသက်တမျှ အရေးပါပြီး မျက်ကွယ် ပြုထားလို့ မရနိုင်တဲ့ တခြား အရေးကိစ္စတွေလည်း ရှိနေတာကြောင့်ပါ။

” အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေရဲ့ နိုင်ငံသားတွေ အာဖဂန်ကနေ ထွက်ခွာနိုင်ရေးကူညီဖို့ တပ်ဖွဲ့ဝင် ၆၀၀၀ လောက် ချထားပါတယ်”

ကျွန်တော့်ကို အကြံပြု တောင်းဆိုထားကြတဲ့အတိုင်း အာဖဂန် နစ္စတန်မှာ အမေရိကန် တပ်ဖွဲ့ဝင် ၆၀၀၀ လောက် ဖြန့်ကျက်ထားဖို့ ကျွန်တော် ညွှန်ကြားခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အာဖဂန် နစ္စတန်ကနေ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေရဲ့ နိုင်ငံသားတွေ ထွက်ခွာနိုင်ရေးအတွက် ကူညီဖို့ပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ အာဖဂန်သား မဟာမိတ်တွေ၊ အန္တရာယ် ကျရောက်နိုင်ခြေ များပြားတဲ့ အာဖဂန်တွေကို နိုင်ငံပြင်ပ ရောက်တဲ့ထိ ဘေးကင်းကင်းနဲ့ ပို့ဆောင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ဝင်တွေက လေဆိပ်ကို ရှင်းလင်းထားပြီး အရပ်ဖက်နဲ့ စစ်ဘက် လေကြောင်း ခရီးစဉ်တွေ ပုံမှန် ပျံသန်းနိုင်အောင် ဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော်တို့ရဲ့ လေကြောင်း ထိန်းသိမ်းရေး မျှော်စင်ကိုလည်း ထိန်းချုပ်ထားနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ သံရုံးကို ဘေးကင်းကင်းနဲ့ ပိတ်သိမ်းနိုင်ခဲ့ပြီး သံတမန်ရေး အရာရှိတွေကိုလည်း ရွှေ့ပြောင်းပေးခဲ့ပါတယ်။ အခုဆို လေဆိပ်မှာလည်း ကျွန်တော်တို့ရဲ့ သံအရာရှိ သွားရောက် ပူးပေါင်းနေပါပြီ။ လာမယ့် ရက်ပိုင်းအတွင်း အာဖဂန် နစ္စတန်မှာ အခြေချ နေထိုင်ပြီး အလုပ်လုပ်နေတဲ့ အမေရိကန် နိုင်ငံသားတွေ ထောင်နဲ့ချီပြီး ရွှေ့ပြောင်းပေးဖို့လည်း ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်။ အာဖဂန်မှာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ အရပ်ဖက် ဝန်ထမ်းတွေရော၊ မဟာမိတ် နိုင်ငံသား အရပ်ဖက် ဝန်ထမ်းတွေကိုပါ အန္တရာယ် ကင်းကင်းနဲ့ ထွက်ခွာနိုင်အောင်လည်း ကျွန်တော်တို့ ဆက်လက် ပံ့ပိုးပေးသွားပါမယ်။ ဇူလိုင်လတုန်းက ကျွန်တော် ကြေညာခဲ့တဲ့ Operation Allies Refugeeအရ ရွှေ့ပြောင်း အခြေချခွင့် အထူးဗီဇာ ရထားတဲ့ အာဖဂန် နိုင်ငံသား ၂၀၀၀ လောက်နဲ့ သူတို့ရဲ့ မိသားစုဝင်တွေကိုလည်း အမေရိကန်အရောက် ခေါ်ဆောင်ခဲ့ပြီးပါပြီ။

(အမေရိကန်သမ္မတ ဂျိုးဘိုက်ဒန် အမေရိကန်ပြည်သူတွေကို အာဖဂန်အရေးနဲ့ပတ်သက်လို့ ဒီကနေ့ သြဂုတ် ၁၇ ရက်မှာ ပြောကြားတဲ့ မိန့်ခွန်းကောက်နှုတ်ချက်ဖြစ်ပါတယ်။)

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။