Connect with us

Hi, what are you looking for?

ဗီဒီယို

ကာကွယ်ဆေး မထိုးထားသူ​တွေ ရောဂါပြင်းထန်ရင် သေဆုံးနိုင်ခြေ ၁၁ ဆ ပိုများ

အမေရိကန်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါ ကူးစက်မှု အားလုံးရဲ့ ၈၈ ရာခိုင်နှုန်းဟာ Deltaမျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်ကြောင်းလည်း CDCက ခန့်မှန်းထားပါတယ်။

ကိုဗစ်ရောဂါ ကူးစက် ခံရတဲ့အခါ ကာကွယ်ဆေး မထိုးထားသူတွေဟာ ဆေးထိုးထားသူတွေထက် သေဆုံးနိုင်ခြေ ၁၁ ဆလောက် ပိုများကြောင်း အမေရိကန် ရောဂါ ထိန်းချုပ် ကာကွယ်ရေးဌာန (CDC)က သတိပေးလိုက်ပါတယ်။

အခုသီတင်းပတ်ကုန်မှာ CDC အပါအဝင် ကျန်းမာရေး ဌာန ၃ ခုရဲ့ သုတေသနပြု လေ့လာမှု ရလဒ်တွေကို ထုတ်ပြန်ခဲ့ပြီး ပြည်သူတွေ အနေနဲ့ မပျက်မကွက် ကာကွယ်ဆေး ထိုးနှံကြဖို့ တိုက်တွန်းလိုက်တာပါ။ အမေရိကန်မှာ ကူးစက်နှုန်း မြန်ဆန်တဲ့ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုနဲ့အတူ ဆေးရုံတက် ကုသမှု ခံယူရတဲ့ ကိုဗစ်လူနာ အရေအတွက် ပြန်လည် မြင့်တက်လာနေပါတယ်။

လတ်တလောမှာတော့ Moderna၊ Pfizerနဲ့ Johnson & Johnson ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို အမေရိကန်မှာ ထိုးနှံပေးနေပါတယ်။ ကာကွယ်ဆေး ထိုးထားသူတွေဟာ ရောဂါ ကူးစက် ခံရရင်တော့ အပြင်းအထန် ခံစားရတဲ့၊ အသက်အန္တရာယ် ထိခိုက်လာနိုင်တဲ့ အလားအလာ သိသိသာသာ လျော့နည်းသွားနိုင်ကြောင်း CDCက ဆိုပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ Modernaရဲ့ ကာကွယ်ဆေးက တခြားနှစ်မျိုးထက် ရောဂါ လက္ခဏာ ပြင်းထန်မှုကို ဟန့်တားနိုင်စွမ်း ပိုအားကောင်းတယ်လို့လည်း သိရပါတယ်။

အမေရိကန်မှာ သုံးစွဲနေတဲ့ ကာကွယ်ဆေး အများစုဟာ အစောပိုင်းက ရောဂါ ကူးစက်နိုင်ခြေကို ၉၅ ရာခိုင်နှုန်း ဝန်းကျင်လောက်ထိ ကာကွယ်ပေးနိုင်ပေမယ့် Deltaမျိုးကွဲ ဗိုင်းရပ်စ်နဲ့ အတွေ့မှာတော့ ၈၀ ရာခိုင်နှုန်း ဝန်းကျင်လောက်သာ အစွမ်းထက်ပါတော့တယ်။ ဒါပေမဲ့ ကာကွယ်နိုင်စွမ်း ၈၀ ရာခိုင်နှုန်း ဆိုတာက အားရစရာ အနေအထားမျိုးအဖြစ် ရှိနေဆဲလို့ ဆိုပါတယ်။ ပြီးတော့ ဆေးထိုးပြီး ၆ လလောက် ကြာတဲ့ထိ ခန္ဓာကိုယ်က ရောဂါ ကာကွယ်နိုင်စွမ်း Antibody အားကောင်းကောင်းနဲ့ ထွက်ပေါ်နေဆဲလို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာတော့ ရောဂါသည်းလို့ ဆေးရုံ ရောက်လာသူ ၉၅ ရာခိုင်နှုန်းလောက်ဟာ ကာကွယ်ဆေး ထိုးမထားသူတွေလို့ သီးခြား စစ်တမ်းတစ်ခုက ညွှန်ပြနေပါတယ်။ အမေရိကန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၆ သိန်း ၈ သောင်းနီးပါး ရှိနေပြီး လွန်ခဲ့တဲ့ တစ်ပတ်အတွင်း ပျမ်းမျှ တစ်နေ့ကို အသေအပျောက် ၁၅၀၀ ဝန်းကျင် ရှိခဲ့ပါတယ်။

အမေရိကန်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါ ကူးစက်မှု အားလုံးရဲ့ ၈၈ ရာခိုင်နှုန်းဟာ Deltaမျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်ကြောင်းလည်း CDCက ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။