Connect with us

Hi, what are you looking for?

ဗီဒီယို

စခတ(၁၀)တပ်အတွင်း ဖမ်းဆီးထားသူများကို ​နေပူလှမ်းရိုက်နှက်​နေသည့် ဗီဒီယိုဖိုင်ထွက်လာ

လက်ရှိ အရာတော်မြို့နယ်တွင် မတရားဖမ်းဆီးခံရပြီး ယခုထိ ထိန်းသိမ်းခံထားရသည့် ပြည်သူ၆၀ဦးခန့် ရှိနေသည်။ အဆိုပါ ၆၀ဦး အနက်မှ အမျိုးသမီးတစ်ဦးသာ အောက်တိုဘာ ၁၉ ရက်က ပြန်လည်လွတ်မြောက်လာသည်။

မတရားဖမ်းဆီးခံပြည်သူများအား အကြမ်းဖက်စစ်ကောင်စီတပ်သားများက နေပူလှမ်းပြီး ရိုက်နှက်နှိပ်စက်နေသည့် ဗီဒီယိုဖိုင်ထွက်ပေါ်လာသည်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ရှိ စခတ (၁၀) တပ်အတွင်း ဖမ်းဆီးထား​သောပြည်သူများကို ရိုက်နှက်နှိပ်စက်နေသည့်ဗီဒီယိုဖိုင်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“အဲဒီ ဗီဒီယိုဖိုင်က တပ်နဲ့နီးစပ်သူပဲရိုက်ပြီး ပို့ပေးတာ။သူကလည်း တော်တော် လူမဆန်လို့ဆိုပြီး ရိုက်ထားတာ”ဟု အရာတော်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

အရာတော်မြို့နယ်မှ ဖမ်းဆီးခံရသူအများစုကို စခတ-၁၀ (အရပ်ခေါ် အရှေ့တပ်)ထဲတွင် ချုပ်နှောင်ထားပြီး နှိပ်စက်စစ်ဆေးလျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံများကို မကြာခဏနေပူထုတ်လှမ်းပြီး ရိုက်နှက်စစ်ဆေးသည့်အပြင် ညသန်ခေါင်ယံ အချိန် များတွင်လည်း ဖမ်းဆီးခံပြည်သူများအား နှိုး၍ စစ်ကြောနှိပ်စက်တတ်သေးကြောင်းလည်း သိရသည်။

ထို့အပြင် ဖမ်းဆီးခံသံ‌ဃာတော်များကိုပါ လူဝတ်လဲစေပြီး အကြမ်းဖက်စစ်တပ်က ရိုက်နှိက်နှိပ်စက်နေသည်ဟု စခတ-၁၀ (အရပ်ခေါ် အရှေ့တပ်)နှင့်နီးစပ်သည့်အသိုင်းအဝိုင်းက ဆိုသည်။

လက်ရှိ အရာတော်မြို့နယ်တွင် မတရားဖမ်းဆီးခံရပြီး ယခုထိ ထိန်းသိမ်းခံထားရသည့် ပြည်သူ၆၀ဦးခန့် ရှိနေသည်။ အဆိုပါ ၆၀ဦး အနက်မှ အမျိုးသမီးတစ်ဦးသာ အောက်တိုဘာ ၁၉ ရက်က ပြန်လည်လွတ်မြောက်လာသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook