Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

စခတ(၁၀)တပ်အတွင်း ဖမ်းဆီးထားသူများကို ​နေပူလှမ်းရိုက်နှက်​နေသည့် ဗီဒီယိုဖိုင်ထွက်လာ

လက်ရှိ အရာတော်မြို့နယ်တွင် မတရားဖမ်းဆီးခံရပြီး ယခုထိ ထိန်းသိမ်းခံထားရသည့် ပြည်သူ၆၀ဦးခန့် ရှိနေသည်။ အဆိုပါ ၆၀ဦး အနက်မှ အမျိုးသမီးတစ်ဦးသာ အောက်တိုဘာ ၁၉ ရက်က ပြန်လည်လွတ်မြောက်လာသည်။

မတရားဖမ်းဆီးခံပြည်သူများအား အကြမ်းဖက်စစ်ကောင်စီတပ်သားများက နေပူလှမ်းပြီး ရိုက်နှက်နှိပ်စက်နေသည့် ဗီဒီယိုဖိုင်ထွက်ပေါ်လာသည်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ရှိ စခတ (၁၀) တပ်အတွင်း ဖမ်းဆီးထား​သောပြည်သူများကို ရိုက်နှက်နှိပ်စက်နေသည့်ဗီဒီယိုဖိုင်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“အဲဒီ ဗီဒီယိုဖိုင်က တပ်နဲ့နီးစပ်သူပဲရိုက်ပြီး ပို့ပေးတာ။သူကလည်း တော်တော် လူမဆန်လို့ဆိုပြီး ရိုက်ထားတာ”ဟု အရာတော်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

အရာတော်မြို့နယ်မှ ဖမ်းဆီးခံရသူအများစုကို စခတ-၁၀ (အရပ်ခေါ် အရှေ့တပ်)ထဲတွင် ချုပ်နှောင်ထားပြီး နှိပ်စက်စစ်ဆေးလျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံများကို မကြာခဏနေပူထုတ်လှမ်းပြီး ရိုက်နှက်စစ်ဆေးသည့်အပြင် ညသန်ခေါင်ယံ အချိန် များတွင်လည်း ဖမ်းဆီးခံပြည်သူများအား နှိုး၍ စစ်ကြောနှိပ်စက်တတ်သေးကြောင်းလည်း သိရသည်။

ထို့အပြင် ဖမ်းဆီးခံသံ‌ဃာတော်များကိုပါ လူဝတ်လဲစေပြီး အကြမ်းဖက်စစ်တပ်က ရိုက်နှိက်နှိပ်စက်နေသည်ဟု စခတ-၁၀ (အရပ်ခေါ် အရှေ့တပ်)နှင့်နီးစပ်သည့်အသိုင်းအဝိုင်းက ဆိုသည်။

လက်ရှိ အရာတော်မြို့နယ်တွင် မတရားဖမ်းဆီးခံရပြီး ယခုထိ ထိန်းသိမ်းခံထားရသည့် ပြည်သူ၆၀ဦးခန့် ရှိနေသည်။ အဆိုပါ ၆၀ဦး အနက်မှ အမျိုးသမီးတစ်ဦးသာ အောက်တိုဘာ ၁၉ ရက်က ပြန်လည်လွတ်မြောက်လာသည်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။

သတင်း

မိတ္ထီလာမြို့တွင် လောက်ကိုင်မြို့မှ ပြန်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိနေပြီး အချို့မှာ ဆိုင်ကယ်ဖြင့်ပြန်လာချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့​၏ ငွေတောင်းခံရမှုကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

လက်ရှိအခြေအနေတွင် လက်ပံတန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ပြည်သူများကို မတရားရိုက်နှက်ဖမ်းဆီးမှုများ ဆက်တိုက်ကျူးလွန်နေရာ ဒေသခံများစိုရိမ်ထိတ်လန့်လျှက်ရှိသည်။