Connect with us

Hi, what are you looking for?

ဗီဒီယို

ရေစကြို PDF ​တွေကိုကြိုဆို​နေသည့်ပြည်သူများ

စစ်အာဏာရှင်ဆန့်ကျင်​ရေးနာမည်​ကျော်သီးချင်းဖြစ်​သော သွေးသစ္စာ ကို ​ရေစကြို PDFတပ်ဖွဲ့ဝင်များက​ရော၊ ​ဒေသခံပြည်သူများကပါ အတူတစ်ကွသီဆိုခဲ့ကြသည်ကိုလည်း​တွေ့ရသည်။

​ရေစကြို ပြည်သူ့ကာကွယ်​ရေးတပ်(​​ရေစကြိုPDF) ​တပ်ဖွဲ့ဝင်များကျေးရွာအတွင်းဖြတ်သန်းသွားစဥ် ​ဒေသခံပြည်သူများက ​​သောင်း​သောင်းဖျဖျအား​ပေးခဲ့​နေကြသည့်ဗီဒီယိုဖိုင်တစ်ခု ယ​နေ့ဖေ့စ်ဘွတ်ခ်တွင်ပျံ့နှံ့လာသည်။

စစ်အာဏာရှင်ဆန့်ကျင်​ရေးနာမည်​ကျော်သီးချင်းဖြစ်​သော သွေးသစ္စာ ကို ​ရေစကြို PDFတပ်ဖွဲ့ဝင်များက​ရော၊ ​ဒေသခံပြည်သူများကပါ အတူတစ်ကွသီဆိုခဲ့ကြသည်ကိုလည်း​တွေ့ရသည်။

အညာ​ဒေသတွင် ​တောင်ယာလုပ်ငန်းများကို​အေးချမ်းစွာလုပ်ကိုင်အသက်​မွေးဝမ်း​ကြောင်းပြုကြ​သော ပြည်သူများမှာ အကြမ်းဖက်စစ်​​ကောင်စီကို ဆန့်ကျင်​ကြောင်းငြိမ်းချမ်းစွာဆန္ဒပြ​တောင်ဆိုစဥ် စစ်​ကောင်စီတပ်သားများကတရားလက်မဲ့သတ်ဖြတ် ၊ဖမ်းဆီးနှိပ်စက်၊ပစ္စည်းများလုယက် ၊​နေအိမ်များမီးရှို့ ဖျက်ဆီးမှုများ​ကြောင့် ရရာလက်နက်စွဲကိုင်၍ ခုခံ​တော်လှန်​​နေကြသည်မှာ ယခုအခါ နိုင်ငံတစ်ဝန်း​ဒေသအများစုတွင် အရှိန်ရ​လာပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ဇီးတောပြည်သူ့စစ်စခန်းက ထွက်လာတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဝင်းမြင့်အောင်နဲ့ တပည့်ဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးကာ လက်နက်သုံးလက်ရရှိတယ်လို့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်ကဒီကနေ့(နိုတင်ဘာ ၁) ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီး ဇီးတောကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်အပါအ၀င် သေဆုံးသူများပြီး လက်နက်ခဲယမ်းတချို့သိမ်းရတယ်လို့ ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာ လေကြောင်းတိုက်ခိုက်မှုမှာ အသက် တစ်နှစ်ခွဲကလေးငယ်ကနေ အသက် ၈၀ အရွယ် အဘွားအိုအထိ ပါဝင်ပြီး သေဆုံးခဲ့သူ ၁၂ ဦးရဲ့ အချက်အလက်တွေကို ရေစကြိုသတင်းအချက်အလက်ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။