Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်အာဏာရှင်ကိုအမြစ်ဖျက်မယ့် NUCC မှာဘယ်သူတွေပါဝင်ကြလဲ

ဒီလိုစုဖွဲ့မှုမျိုး မြန်မာနိုင်ငံသမိုင်းတလျောက်မပေါ်ပေါက်ခဲ့ဖူးဘူးလို့ ဒီနေ့ပြုလုပ်တဲ့ NUCC ရဲ့သတင်းစာရှင်းလင်းပွဲမှာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီရဲ့ဒေါက်တာလျံမှုန်းဆာခေါင်းကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ဟာ နိုင်ငံအနှံ့ကမတူညီတဲ့အဖွဲ့အစည်းတွေစုဖွဲ့ထားတာပါ။

ဒီလိုစုဖွဲ့မှုမျိုး မြန်မာနိုင်ငံသမိုင်းတလျောက်မပေါ်ပေါက်ခဲ့ဖူးဘူးလို့ ဒီနေ့ပြုလုပ်တဲ့ NUCC ရဲ့သတင်းစာရှင်းလင်းပွဲမှာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီရဲ့ဒေါက်တာလျံမှုန်းဆာခေါင်းကပြောပါတယ်။

NUCC မှာ ရွေးကောက်ခံကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ၊ သပိတ်အဖွဲ့တွေ၊ သမဂ္ဂတွေ၊ အမျိုးသမီး၊လူငယ်နဲ့လူနည်းစုဆိုင်ရာအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ CDMအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ ကြားကာလပြည်နယ်၊ ဖက်ဒရယ်ယူနစ် ကိုယ်စားပြုကောင်စီအဖွဲ့တွေ ပါဝင်ကြတာပဲဖြစ်ပါတယ်။

NUCC လုပ်ဆောင်နေတဲ့လုပ်ငန်းစဥ်တွေနဲ့ပတ်သက်လို့ ဦးမင်းကိုနိုင်၊ ဦးအောင်ဆန်းမြင့်၊ ပဒိုစောတောနီး၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဦးမိုးသူ၊ ဒေါက်တာတေဇာစန်း၊ ဦးလွင်ကိုလတ်၊ ဦးနန္ဒာစစ်အောင်၊ ဦးခန့်ဝေဖြိုး၊ လွေးပိုးငယ်တို့က ဒီကနေ့ နိုဝင်ဘာ ၁၆ မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်ရှင်းလင်းပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

Facebook