Connect with us

Hi, what are you looking for?

ဗီဒီယို

မြသိန်းတန်ဘုရားအနီး ပိတ်မိ​နေ​သော PDF တပ်ဖွဲ့ဝင် ၄၅ဦးအား ​အောင်မြင်စွာကယ်ထုတ်နိုင်

ကယ်ထုတ်ခဲ့သည့်ဖြစ်စဥ်တွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦး အခြေအနေမစိုးရိမ်ရ ကျည်ထိမှန်ခဲ့ပြီး စစ်တပ်၏အထိအခိုက် အကျအဆုံးကို မသိရှိရသေးကြောင်း KLG က ပြောသည်။

ကနီမြို့နယ် ချောင်းဝကြီးရွာအနီး မြသိန်းတန်ဘုရားတစ်ဝိုက်တွင် ပိတ်မိနေသည့် PDFတပ်ဖွဲ့ဝင် ၄၅ဦး ကို အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့သည်ဟု Kani PDF (KLG)က ယနေ့ (နိုဝင်ဘာ ၂၆ ရက်)တွင် ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၅ ရက် နေ့လည် ၁၂ နာရီက ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ခုခံကာကွယ်နေသည့် KLG တပ်ဖွဲ့ဝင်များမှာခုခံကာကွယ်ခဲ့ပြီးနောက် စစ်တပ်၏ ပိတ်ဆို့မှုကို ခံခဲ့ရသည်။

ထို့နောက် ကနီမြို့နယ်ဒေသတွင်းမဟာမိတ်အဖွဲ့များ ပူးပေါင်း၍ ညအစောပိုင်းတွင် အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့သည်ဟု KLGက ဆိုသည်။

ကယ်ထုတ်ခဲ့သည့်ဖြစ်စဥ်တွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦး အခြေအနေမစိုးရိမ်ရ ကျည်ထိမှန်ခဲ့ပြီး စစ်တပ်၏အထိအခိုက် အကျအဆုံးကို မသိရှိရသေးကြောင်း KLG က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တိုက်ပွဲအတွင်း သာယာကုန်းရွာဘုန်းတော်ကြီးကျောင်းအတွင်း စစ်ဘေးရှောင်နေသူ ပြည်သူ ၈ ဦးသည် စစ်တပ်၏ လက်နက်ကြီးထိမှန်ခဲ့၍ပြည်သူနှစ်ဦး အခြေအနေစိုးရိမ်ရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook