Connect with us

Hi, what are you looking for?

ဗီဒီယို

ကာကွယ်ဆေးတွေက Omicron အပေါ်မှာလည်း အာနိသင် သက်ရောက်နိုင်ဆဲလို့ WHO ယူဆ

WHOရဲ့ ကနဦး လေ့လာမှုဟာ Pfizerရဲ့ ကာကွယ်ဆေးကိုသာ အဓိက အခြေပြုထားပြီး Moderna၊ Johnson & Johnsonနဲ့ တခြား ကာကွယ်ဆေးတွေက Omicronအပေါ် သက်ရောက်နိုင်စွမ်း အချက်အလက်တွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရှိရင်းစွဲ ကာကွယ်ဆေးတွေဟာ Omicron မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို မဟန့်တားနိုင်ရင်တောင် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်နိုင်ခြေကနေ သိသိသာသာ အကာအကွယ် ပေးနိုင်ဆဲ ဖြစ်လိမ့်မယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က မှတ်ချက် ပေးလိုက်ပါတယ်။

တောင်အာဖရိက နိုင်ငံမှာ စတင် တွေ့ရှိလာပြီး မျိုးဗီဇ ဆင့်ကဲ ပြောင်းလဲမှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေတဲ့ Omicron မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ကို စိုးရိမ်ရမယ့် မျိုးကွဲတွေ စာရင်းထဲ WHOက ထည့်သွင်း သတ်မှတ် ထားခဲ့ပါတယ်။ ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ လေ့လာမှုတွေ အပူတပြင်း လုပ်ဆောင်ခဲ့ရာက ပထမဆုံး ဓာတ်ခွဲရလဒ် အဖြေတွေအပေါ် အခြေခံပြီး WHOက အခုလို ပြောကြားလာခဲ့တာပါ။

Omicronဟာ Pfizerက ထုတ်လုပ်ထားတဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးရဲ့ အာနိသင် ထိရောက်မှုကို အတိုင်းအတာ တစ်ခုထိ လျော့ကျစေတာကိုလည်း အတည်ပြု တွေ့ရှိခဲ့ပါတယ်။ သုတေသီတွေက လက်ရှိ သုံးစွဲနေတဲ့ ကာကွယ်ဆေးတွေရဲ့ Antibody လှုံ့ဆော်မှုဟာ Omicron မျိုးကွဲသစ် ဗိုင်းရပ်စ်နဲ့ ပတ်သက်ရင် ဘယ်လောက် ထိထိရောက်ရောက် သက်ရောက်နိုင်ဦးမလဲ ဆိုတာကို အလေးအနက် သိချင်နေကြပါတယ်။

WHOရဲ့ အရေးပေါ် ကျန်းမာရေး အခြေအနေ တုံ့ပြန်ရေးဌာန ဒါရိုက်တာ မိုက်ခ် ရိုင်ယန်ကတော့ တခြားသော ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေထက် အရမ်းထူးပြီး Omicronကလည်း ကာကွယ်ဆေးတွေကို ရှောင်ရှားနိုင်စွမ်းမျိုး မရှိဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ လက်ရှိ သုံးစွဲနေတဲ့ ကာကွယ်ဆေးတွေဟာ အကျိုး အာနိသင် အရမ်းမြင့်မားပြီး ရောဂါ ဆိုးရွားလာတာတွေ၊ ဆေးရုံတက်ရတာတွေထိ ဖြစ်နိုင်ခြေကို ထိထိရောက်ရောက် လျှော့ချပေးနေနိုင်ကြောင်း ဒေါက်တာ ရိုင်ယန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

WHOရဲ့ ကနဦး လေ့လာမှုဟာ Pfizerရဲ့ ကာကွယ်ဆေးကိုသာ အဓိက အခြေပြုထားပြီး Moderna၊ Johnson & Johnsonနဲ့ တခြား ကာကွယ်ဆေးတွေက Omicronအပေါ် သက်ရောက်နိုင်စွမ်း အချက်အလက်တွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Omicronဟာ ကူးစက်နှုန်း ပိုမြန်လာပေမယ့် ဖျက်ဆီးအား လျော့ကျသွားနိုင်တယ်လို့ သုတေသီ တချို့က ယူဆနေပေမယ့် WHOကတော့ ဒီမျိုးကွဲသစ် ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လုံးဝ လျှော့မတွက်သင့်သေးဘူးလို့ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖရိက နိုင်ငံနှစ်ခုမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကို ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ နှစ်ပတ်လည် ကမ္ဘာ့ကျန်းမာရေး ညီလာခံ (WHA)ဆီ ထိုင်ဝမ် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ ခွင့်ပြုမှာ မဟုတ်ကြောင်း တရုတ် အစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။