Connect with us

Hi, what are you looking for?

ဗီဒီယို

မန္တလေးရဲ့ အကျယ်လောင်ဆုံးအသံတိတ်သပိတ်

အသံတိတ်သပိတ်ကို မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ဆင်နွှဲကြဖို့ ဆော်သြထား ပေမယ့် ဒီနေ့မနက် အစောပိုင်းကတည်းက မန္တလေးက လမ်းတွေပေါ်မှာ လူတွေ ၊ ဆိုင်ကယ်တွေ ၊ကားတွေရှင်းလင်းနေတာကိုတွေ့ရပါတယ်။

စစ်အာဏာရှင်ကိုအသံတိတ်သပိတ်နဲ့ဒီနေ့မှာ တစ်နိုင်ငံလုံးက ဆန့်ကျင်ရာမှာ တွေ့မြင်ရတဲ့ မန္တလေးမြို့မြင်ကွင်းဖြစ်ပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပြီး မြန်မာနိုင်ငံက ပြည်သူတွေဟာ အသံတိတ်သပိတ်ဆင်နွှဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတာပါ။

အသံတိတ်သပိတ်ကို မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ဆင်နွှဲကြဖို့ ဆော်သြထား ပေမယ့် ဒီနေ့မနက် အစောပိုင်းကတည်းက မန္တလေးက လမ်းတွေပေါ်မှာ လူတွေ ၊ ဆိုင်ကယ်တွေ ၊ကားတွေရှင်းလင်းနေတာကိုတွေ့ရပါတယ်။

အရင်က လူစည်းကားရာ ဘူတာကြီးရှေ့ ၊ ဒိုင်းမွန်းပလာဇာ ၊မနော်ဟရီလမ်း ၊သိပ္ပံမလမ်း ၊ ၆၉လမ်း ၊ ၃၅ လမ်းတွေလည်းလူသူကင်းမဲ့လို့နေပါတယ်။

Public Service Announcement

Public Service Announcement

အဝတ်အထည်ဆိုင်တွေ ၊စားသောက်ကုန်ရောင်းချတဲ့ဆိုင်တွေ ၊ လူသုံးကုန်ပစ္စည်းရောင်းချတဲ့ဆိုင်တွေ ၊ရွှေဆိုင်တွေ အပါအဝင် ဈေးဆိုင်အသေးစားတွေကအစ ပိတ်ထားတာကိုတွေ့ရပြီး ဘဏ်တွေနဲ့ စက်သုံးဆီဆိုင်တွေကတော့ မပိတ်ကြပါဘူး။

ဘဏ်တွေမှာ လုံခြုံရေးကိုတိုးချထားတာတွေ့ရသလိုမန္တလေးမြို့တွင်းမှာဆိုရင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်နဲ့ကင်းပုန်းချထားသလို စစ်ကားတွေနဲ့လည်း လှည့်ပတ်နေတာတွေ့ရပါတယ်။

မနေ့က ညပိုင်းကတော့ ဒီနေ့မှာ ပုံမှန်အတိုင်းသွားလာကြဖို့နဲ့ လုံံခြုံရေးယူပေးမယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံကြေညာခဲ့ပါတယ်။

ဒါပေမယ့် ဒီနေ့မနက်အစောပိုင်း သပိတ်စတင်မယ့်အချိန် ၁၀ နာရီမတိုင်ခင်ကတည်းက မန္တလေး က လမ်းတွေပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသင်္ကေတအဖြစ် လူသူကင်းမဲ့သွားခဲ့တာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook