Connect with us

Hi, what are you looking for?

ဗီဒီယို

ဟေတီ သမ္မတ လုပ်ကြံခံရမှုမှာ ဝန်ကြီးချုပ်ကိုယ်တိုင် ကျူးလွန်သူ ဖြစ်နိုင်တယ်လို့ဆို

ဟေတီ သမ္မတ လုပ်ကြံခံရမှုမှာ နိုင်ငံရဲ့ ဝန်ကြီးချုပ် ကိုယ်တိုင် ပါဝင် ကျူးလွန်ခဲ့ကြောင်း အမှုကို တာဝန်ယူ စစ်ဆေးနေတဲ့ စုံထောက် အရာရှိတွေနဲ့ တရားသူကြီး တစ်ဦးက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ဇူလိုင်လတုန်းက ဟေတီ ဝန်ကြီးချုပ် ဂျိုဗီနဲလ် မွိုက်ဆေးဟာ နေအိမ်မှာ လုပ်ကြံ ခံခဲ့ရပါတယ်။ သေနတ်သမားတွေက သမ္မတနဲ့ သမ္မတ ကတော်တို့ကို ဝင်ရောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး သမ္မတကတော် မာတိုင်း မွိုက်ဆေးကတော့ ဒဏ်ရာတွေ ရခဲ့ပေမယ့် အသက် မသေခဲ့ပါဘူး။ မွိုက်ဆေးဟာ ကျည်ဆန် အရေအတွက် ဒါဇင်နဲ့ချီ ထိမှန် သေဆုံးခဲ့တာပါ။

သမ္မတ လုပ်ကြံခံရမှုကို စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့ အခါမှာ ဝန်ကြီးချုပ် အေရီရယ်လ် ဟင်နရီက ဆက်စပ် ပါဝင်နေကြောင်း အထောက်အထားတွေကို စုံထောက်တွေက စတင် ရရှိလာပါတယ်။ ဟေတီက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အရာရှိဟောင်း ဂျိုးဆက် ဖိလစ် ဘာဒီယိုဟာ လူပေါင်း နှစ်ဒါဇင်လောက် ပါဝင်တဲ့ လုပ်ကြံရေး အဖွဲ့ကို ဦးဆောင်ခဲ့ပြီး ထွက်ပြေး တိမ်းရှောင်နေခဲ့ပါတယ်။

နောက်ပိုင်းမှာ စုံထောက်တွေက ဘာဒီယိုနဲ့ ဟင်နရီတို့ ဖုန်းဆက်သွယ် ပြောဆိုတာတွေ ရှိခဲ့ကြောင်း သတင်း အစအန ရလာခဲ့ပါတယ်။ တာဝန်ရှိသူတွေက နောက်တစ်ကြိမ် တွေ့ဆုံမှုမှာ ဘာဒီယိုနဲ့ ဟင်နရီကို လက်ပူးလက်ကြပ် ဖမ်းမိဖို့ အားခဲထားပေမယ့် ဒီအစီအစဉ်က ပေါက်ကြားသွားခဲ့ပြီး ဟင်နရီက လက်ရှောင်သွားတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် ဟင်နရီဟာ ဒီအမှုရဲ့ ဗဟိုချက်ဖြစ်ကြောင်း၊ ဒါပေမဲ့ သူ့ရဲ့ ဝန်ကြီးချုပ် လုပ်ပိုင်ခွင့်ကို သုံးပြီး စုံစမ်း စစ်ဆေးရေး ကိစ္စတွေ ခက်ခဲအောင် လုပ်ဆောင်နေကြောင်း အမည်မဖော်တဲ့ စုံထောက် တစ်ယောက်က CNNကို ပြောပါတယ်။ နောက်ထပ် စုံထောက် တစ်ယောက်ကလည်း ဟင်နရီဟာ လုပ်ကြံမှုမှာရော၊ ဒီကိစ္စကို ဖုံးဖိ ဖျောက်ဖျက်တဲ့ နောက်ဆက်တွဲ လှုပ်ရှားမှုတွေနဲ့ပါ ဆက်စပ်နေကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟင်နရီက သူဟာ သမ္မတ လုပ်ကြံခံရမှုမှာ တရားမျှတမှု အပြည့်အဝ ရရှိစေမယ်လို့ အာမခံထားပေမယ့် လောလောဆယ်ထိ ဟေတီမှာ ဖမ်းဆီး ထိန်းသိမ်း ခံထားရသူ ၄၀ စလုံး တစ်ယောက်မှ စွဲချက် အတင် မခံရသေးပါဘူး။ ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဟင်နရီက လုပ်ကြံမှုနဲ့ ပတ်သက်လို့ မှန်မှန်ကန်ကန် စီရင် ဆုံးဖြတ်နိုင်ရေးအတွက် သူ့ကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ကြောင်း ခပ်တည်တည် မိန့်ခွန်း ပြောခဲ့ပါသေးတယ်။

အမှု စဖြစ်ချိန် ကတည်းက စုံစမ်းစစ်ဆေးမှုတွေကို သေချာ စောင့်ကြည့်ခဲ့တဲ့ တရားသူကြီး ဂယ်ရီ အိုရီလီယန်ကလည်း ဟင်နရီဟာ လုပ်ကြံသူတွေနဲ့ ရင်းနှီးနေတာ သေချာပြီး လုပ်ကြံမှု တစ်ခုလုံးရဲ့ အဓိက ကြိုးကိုင်သူ ဖြစ်နိုင်ကြောင်း၊ သူကိုယ်တိုင်ကလည်း အခုလို သံသယ အဝင်ခံနေရတာကို သိထားပြီးဖြစ်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

လုပ်ကြံမှု မတိုင်ခင်တုန်းက ဟင်နရီနဲ့ သမ္မတ မွိုက်ဆေးတို့ကြားမှာ နိုင်ငံရေးအရ တင်းမာမှုတွေ ရှိခဲ့ဖူးပြီး နှစ်ဦးသား အတွင်းကြိတ် အာဏာပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့ကြောင်းလည်း နီးစပ်သူတွေက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယရဲ့ ဘောလိဝုဒ် ရုပ်ရှင်ကြယ်ပွင့် မင်းသား ဂျိုးဆက် ဗီဂျေးဟာ တမီလ်နာဒူ ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ရာထူးကို တရားဝင် စတင် ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

သူတက်ရောက်မယ့် ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူရွေးချယ်ထားတဲ့ ဘဝမှာ စွန့်စားရတာ၊ အန္တရာယ် ကြုံတာတွေ ရှိနိုင်တာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပေါ်၌သာ ဆက်လက် သစ္စာစောင့်သိနေဆဲဖြစ်ကြောင်း CDMနိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ပူးတွဲထုတ်ပြန်ခဲ့ပြီး သမ္မတ ဦးဝင်းမြင့်အနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး နိုင်ငံတော်အကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်းနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က သမ္မတအားကြိုဆိုနှုတ်ခွန်းဆက် သဝဏ်လွှာပေးပို့ခဲ့ရာ သမ္မတ ဦးဝင်းမြင့်အနေနဲ့ ကျန်းမာစွာ မိသားစုနဲ့ ပြန်လည်ဆုံဆည်းရတာကို ပြည်သူတွေနဲ့အတူ များစွာ ဝမ်းမြောက်ရတယ်လို့ ဖော်ပြထားပါတယ်။