Connect with us

Hi, what are you looking for?

ဗီဒီယို

နိုက်ဂျီးရီးယားမှာ တရားမဝင် ရေနံချက်စက်ရုံ ပေါက်ကွဲမှုဖြစ်ပြီး လူ ၅၀ ကျော်သေဆုံး

တရားမဝင် ရေနံချက် စက်ရုံမှာ မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကို အိုင်မိုပြည်နယ် ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းနေဆဲပါ။ လူမှုကွန်ရက် မီဒီယာတွေပေါ် ရောက်လာတဲ့ ဗီဒီယိုတွေမှာတော့ ပေါက်ကွဲမှုအပြီး မီးလောင်ပြင်ပေါ်က မမြင်ရက်စရာ အနိဋ္ဌာရုံ ပုံရိပ်တွေ အများအပြားကို တွေ့ခဲ့ရပါတယ်။

နိုက်ဂျီးရီးယား နိုင်ငံ တောင်ပိုင်းမှာ တရားမဝင် ခိုးဖွင့်ထားတဲ့ ရေနံချက် စက်ရုံတစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားတာကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၂၃ ရက် ဖြစ်စဉ်ဟာ တရားမဝင် ရေနံချက် လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ မတော်တဆမှုတွေထဲမှာ အဆိုးဆုံး တစ်ခုလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒဏ်ရာ ပြင်းထန်သူတွေလည်း ရှိနေတာကြောင့် အသေအပျောက် စာရင်းက ၁၀၀ ကျော်ထိ မြင့်တက်လာနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ရေနံချက် စက်ရုံမှာ မီးစလောင်ရာက ပတ်ဝန်းကျင်ကို လျင်လျင်မြန်မြန် ပျံ့နှံ့သွားပြီး လောင်စာဆီတွေ သိုလှောင်တဲ့ အခန်းတွေ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်ချိန်က အဲဒီတဝိုက်မှာ လူပေါင်း ရာနဲ့ချီ ရှိနေခဲ့တယ်လို့ ကနဦး သိရှိထားပါတယ်။

တရားမဝင် ရေနံချက် စက်ရုံမှာ မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကို အိုင်မိုပြည်နယ် ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းနေဆဲပါ။ လူမှုကွန်ရက် မီဒီယာတွေပေါ် ရောက်လာတဲ့ ဗီဒီယိုတွေမှာတော့ ပေါက်ကွဲမှုအပြီး မီးလောင်ပြင်ပေါ်က မမြင်ရက်စရာ အနိဋ္ဌာရုံ ပုံရိပ်တွေ အများအပြားကို တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

လူတွေ အများကြီး သေခဲ့ကြောင်း၊ သေဆုံးသူ အားလုံးဟာ တရားမဝင် ရေနံချက်လုပ်ငန်းမှာ အလုပ်လုပ်နေသူတွေချည်း ဖြစ်ကြကြောင်း အိုင်မိုပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ မိုက်ကယ် အက်ဘက်တမ်က ပြောကြားခဲ့ပါတယ်။ အိုင်မိုပြည်နယ် အစိုးရက လတ်တလော ထွက်ပြေး တိမ်းရှောင်နေပြီဖြစ်တဲ့ ရေနံချက်လုပ်ငန်း ပိုင်ရှင်ကို ဖမ်းဆီးဖို့ ညွှန်ကြားထားပါတယ်။ ရဲတပ်ဖွဲ့က အဲဒီ ပိုင်ရှင်ကို အလိုရှိကြောင်း ကြေညာချက် ထုတ်ထားပါတယ်။

နိုက်ဂျီးရီးယားမှာ တရားမဝင် ရေနံချက် လုပ်ငန်းတွေ ဆိုတာက သိပ်ပြီး အဆန်းတကျယ် မဟုတ်တော့ပါဘူး။ အာဖရိကတိုက်မှာ ရေနံအများဆုံး ထွက်ရှိရာ နိုင်ငံဖြစ်တဲ့ နိုက်ဂျီးရီးယားမှာ သတ်မှတ် လုံခြုံရေး စည်းမျဉ်းတွေနဲ့ အခွန်စည်းမျဉ်းတွေကို ရှောင်ရှားဖို့ တရားမဝင် ရေနံ ခိုးချက်ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။