Connect with us

Hi, what are you looking for?

ဗီဒီယို

လေယာဉ်ငယ် တစ်စီး နှောင့်ယှက်လို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ရတဲ့ အမေရိကန် သမ္မတ

လေယာဉ်မှူးဟာ ထောက်လှမ်းရေး အရာရှိတွေရဲ့ စစ်ဆေး မေးမြန်းမှုကို ခံခဲ့ရပါတယ်။ ကနဦး အခြေအနေအရ သူဟာ ကန့်သတ် လေပိုင်နက်မှန်း မသိဘဲ ကမ်းခြေဖက် ချဉ်းကပ် ပျံသန်းမိခဲ့တာလို့ လေယာဉ်မှူးက ဝန်ခံထားပါတယ်။ သူဟာ အရပ်ဖက် လေကြောင်း ပျံသန်းမှု စည်းမျဉ်းတွေကို ဖောက်ဖျက်မိတဲ့အတွက်တော့ ဖြေရှင်းရဦးမှာ ဖြစ်ပါတယ်။

လမ်းကြောင်းမှားပြီး ပျံသန်းလာတဲ့ လေယာဉ်ငယ် တစ်စီးကြောင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ အရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။

သမ္မတ ဘိုင်ဒန်နဲ့ သမ္မတ ကတော် ဂျီလ်ဘိုင်ဒန်တို့ဟာ ဒယ်လာဝဲက ရီဟိုဘို့သ် ကမ်းခြေမှာ ရှိနေတဲ့ ကိုယ်ပိုင်နေအိမ်မှာ သွားရောက် အနားယူနေတဲ့အချိန် လေယာဉ်ငယ် တစ်စီးက ကန့်သတ် လေပိုင်နက်ထဲ ဝင်ရောက်လာခဲ့တာလို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

သမ္မတရဲ့ ကိုယ်ရံတော် အထူးလုံခြုံရေး အေးဂျင့်တွေက သမ္မတ ဇနီးမောင်နှံကို ချက်ချင်း ခေါ်ထုတ်သွားပြီး သတ်မှတ် လုံခြုံရေး စံနှုန်းတွေနဲ့အညီ တိမ်းရှောင် ရွှေ့ပြောင်းစေခဲ့ပါတယ်။ အမေရိကန် လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ရဲ့ တိုက်လေယာဉ်ကလည်း ချက်ချင်း ပျံတက်သွားပြီး လေယာဉ်ငယ်ကို ကန့်သတ် လေပိုင်နက်ထဲကနေ ထွက်ခွာသွားဖို့ သတိပေးပြီး နီးစပ်ရာ လေယာဉ်ကွင်းမှာ ဆင်းသက်စေခဲ့ပါတယ်။

လေယာဉ်မှူးဟာ ထောက်လှမ်းရေး အရာရှိတွေရဲ့ စစ်ဆေး မေးမြန်းမှုကို ခံခဲ့ရပါတယ်။ ကနဦး အခြေအနေအရ သူဟာ ကန့်သတ် လေပိုင်နက်မှန်း မသိဘဲ ကမ်းခြေဖက် ချဉ်းကပ် ပျံသန်းမိခဲ့တာလို့ လေယာဉ်မှူးက ဝန်ခံထားပါတယ်။ သူဟာ အရပ်ဖက် လေကြောင်း ပျံသန်းမှု စည်းမျဉ်းတွေကို ဖောက်ဖျက်မိတဲ့အတွက်တော့ ဖြေရှင်းရဦးမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတရဲ့ သက်တော်စောင့် အဖွဲ့ကတော့ သူတို့ဟာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တုံ့ပြန် ဆောင်ရွက်ခဲ့ကြောင်း ပြောခဲ့ပြီး ဘိုင်ဒန်အတွက် ထိခိုက်မှု တစုံတရာ မရှိခဲ့ဘူးလို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။