Connect with us

Hi, what are you looking for?

ဗီဒီယို

အီရန်မှာ ရထားလမ်းချော် တိမ်းမှောက်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံး

လူပေါင်း ၃၅၀ ဝန်းကျင်လောက် တင်ဆောင်လာတဲ့ ရထားဟာ သံလမ်းပေါ် ရောက်နေတဲ့ မြေတူးစက် တစ်စီးနဲ့ ဝင်တိုက်မိပြီး လမ်းချော်ထွက်သွားတာ ဖြစ်ပါတယ်။ ဝေဟင်က ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာတော့ ရထားတွဲတွေဟာ သံလမ်းဘေးမှာ ပြန့်ကြဲနေတာကို တွေ့ရပါတယ်။

အီရန် နိုင်ငံမှာ ခရီးသည်တင် မီးရထားတစ်စီး လမ်းချော် တိမ်းမှောက်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

အီရန်နိုင်ငံ အရှေ့ပိုင်းမှာ ဇွန်လ ၈ ရက် မနက်ပိုင်းက မီးရထား လမ်းချော်မှု ဖြစ်ခဲ့တာပါ။ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေး အဖွဲ့တွေ၊ လူနာတင်ယာဉ်တွေအပြင် ရဟတ်ယာဉ် ၃ စီးပါ ရောက်ရှိနေတာကို တွေ့ရကြောင်း မျက်မြင်တွေက ပြောပါတယ်။

တာဘက်စ်မြို့နားမှာ ဖြစ်ပွားတဲ့ မတော်တဆမှုမှာ ဒဏ်ရာ ပြင်းထန်သူတွေလည်း ရှိနေတာကြောင့် အသေအပျောက် အရေအတွက်က ပိုတိုးလာနိုင်ကြောင်း တာဝန်ရှိသူတွေက မှတ်ချက် ပေးထားပါတယ်။ ဒဏ်ရာ ရထားသူတွေကိုတော့ မြို့နားတဝိုက်က ဆေးရုံတွေဆီ ဖြန့်ကျက် ပို့ဆောင်ထားပါတယ်။

လူပေါင်း ၃၅၀ ဝန်းကျင်လောက် တင်ဆောင်လာတဲ့ ရထားဟာ သံလမ်းပေါ် ရောက်နေတဲ့ မြေတူးစက် တစ်စီးနဲ့ ဝင်တိုက်မိပြီး လမ်းချော်ထွက်သွားတာ ဖြစ်ပါတယ်။ ဝေဟင်က ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာတော့ ရထားတွဲတွေဟာ သံလမ်းဘေးမှာ ပြန့်ကြဲနေတာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အီရန်မှာတော့ ရက်အနည်းငယ် အတွင်းမှာတင် အသေအပျောက် များပြားတဲ့ မတော်တဆမှု သတင်းတွေကို ဆက်တိုက် ကြားမြင်လာရတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကလည်း အက်ဘာဒန်မြို့မှာ ၁၀ ထပ်တိုက်တစ်လုံး ပြိုကျပြီး လူပေါင်း ၄၁ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။