Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အီရန်မှာ ရထားလမ်းချော် တိမ်းမှောက်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံး

လူပေါင်း ၃၅၀ ဝန်းကျင်လောက် တင်ဆောင်လာတဲ့ ရထားဟာ သံလမ်းပေါ် ရောက်နေတဲ့ မြေတူးစက် တစ်စီးနဲ့ ဝင်တိုက်မိပြီး လမ်းချော်ထွက်သွားတာ ဖြစ်ပါတယ်။ ဝေဟင်က ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာတော့ ရထားတွဲတွေဟာ သံလမ်းဘေးမှာ ပြန့်ကြဲနေတာကို တွေ့ရပါတယ်။

အီရန် နိုင်ငံမှာ ခရီးသည်တင် မီးရထားတစ်စီး လမ်းချော် တိမ်းမှောက်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

အီရန်နိုင်ငံ အရှေ့ပိုင်းမှာ ဇွန်လ ၈ ရက် မနက်ပိုင်းက မီးရထား လမ်းချော်မှု ဖြစ်ခဲ့တာပါ။ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေး အဖွဲ့တွေ၊ လူနာတင်ယာဉ်တွေအပြင် ရဟတ်ယာဉ် ၃ စီးပါ ရောက်ရှိနေတာကို တွေ့ရကြောင်း မျက်မြင်တွေက ပြောပါတယ်။

တာဘက်စ်မြို့နားမှာ ဖြစ်ပွားတဲ့ မတော်တဆမှုမှာ ဒဏ်ရာ ပြင်းထန်သူတွေလည်း ရှိနေတာကြောင့် အသေအပျောက် အရေအတွက်က ပိုတိုးလာနိုင်ကြောင်း တာဝန်ရှိသူတွေက မှတ်ချက် ပေးထားပါတယ်။ ဒဏ်ရာ ရထားသူတွေကိုတော့ မြို့နားတဝိုက်က ဆေးရုံတွေဆီ ဖြန့်ကျက် ပို့ဆောင်ထားပါတယ်။

လူပေါင်း ၃၅၀ ဝန်းကျင်လောက် တင်ဆောင်လာတဲ့ ရထားဟာ သံလမ်းပေါ် ရောက်နေတဲ့ မြေတူးစက် တစ်စီးနဲ့ ဝင်တိုက်မိပြီး လမ်းချော်ထွက်သွားတာ ဖြစ်ပါတယ်။ ဝေဟင်က ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာတော့ ရထားတွဲတွေဟာ သံလမ်းဘေးမှာ ပြန့်ကြဲနေတာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အီရန်မှာတော့ ရက်အနည်းငယ် အတွင်းမှာတင် အသေအပျောက် များပြားတဲ့ မတော်တဆမှု သတင်းတွေကို ဆက်တိုက် ကြားမြင်လာရတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကလည်း အက်ဘာဒန်မြို့မှာ ၁၀ ထပ်တိုက်တစ်လုံး ပြိုကျပြီး လူပေါင်း ၄၁ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။