Connect with us

Hi, what are you looking for?

ဗီဒီယို

လူကို နင်းသတ်တဲ့ အိန္ဒိယ တောဆင်ရိုင်းက နာရေးမှာ အလောင်းကို လာဖျက်ဆီးပြန်

မေယာဟာ ဆင်နင်းခံရပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားတာကြောင့် ရွာသားတွေက သူ့ကို ဆေးရုံ ပို့ဆောင်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဒဏ်ရာ အရမ်းပြင်းတာမို့ ဆေးရုံမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

အိန္ဒိယမှာ တောဆင်ရိုင်း တစ်ကောင်ဟာ ကိုယ်တိုင် နင်းသတ်ခဲ့သူရဲ့ ရုပ်အလောင်းကို နာရေး အခမ်းအနားမှာ နောက်တစ်ကြိမ် လာနင်းပြီး ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နိုင်ငံ အရှေ့ပိုင်း၊ ဩရိသ ပြည်နယ်မှာ ဒီလို ထိတ်လန့်စရာ အခြေအနေမျိုး ကြုံခဲ့ရတာလို့ ရဲတွေက ပြောပါတယ်။ မေယာ မာမူဆိုတဲ့ အသက် ၇၀ အရွယ် အမျိုးသမီးကြီး တစ်ဦးဟာ ရေတွင်းကနေ ရေခပ်နေချိန်မှာ တောဆင်ရိုင်း တစ်ကောင်က အလစ်အငိုက် တိုက်ခိုက်တာ ခံခဲ့ရပါတယ်။

မေယာဟာ ဆင်နင်းခံရပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားတာကြောင့် ရွာသားတွေက သူ့ကို ဆေးရုံ ပို့ဆောင်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဒဏ်ရာ အရမ်းပြင်းတာမို့ ဆေးရုံမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

အဲဒီနောက် မိသားစုက အလောင်းကို ရွာပြန်သယ်လာပြီး ထုံးတမ်းတွေနဲ့အညီ သင်္ဂြိုဟ်ဖို့ စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့ မြေမချခင် ဆုတောင်းတာတွေ လုပ်နေတုန်း မေယာကို နင်းသတ်ခဲ့တဲ့ ဆင်ကြီးပဲ ထပ်ရောက်လာပြန်ပြီး အလောင်းကို နင်းချေ ဖျက်ဆီးပစ်ခဲ့ပြန်ပါတယ်။ အံ့ဩ တုန်လှုပ်နေတဲ့ ဘေးလူတွေဟာ ဒီမြင်ကွင်းကို ရပ်ကြည့်နေခဲ့ရပြီး ဆင်ကြီး ထွက်သွားချိန်မှသာ နာရေးကိစ္စကို အပြီးသတ် ဆက်စီစဉ်ခဲ့ကြရပါတယ်။

Public Service Announcement

Public Service Announcement

မိသားစုဝင်တွေက ဒီဆင်ကြီးဟာ မေယာအပေါ် ဘာကြောင့် အခုလို အညှိုးတကြီး ပြုမူခဲ့သလဲ ဆိုတာကို နားမလည်နိုင်ဘူးလို့ ဖွင့်ဟကြပါတယ်။ ဆင်ကြီးဟာ နာရေးမှာ ရှိနေတဲ့ တခြားသူတွေကို ရန်ပြုသွားတယ်ဆိုတဲ့ သတင်းမျိုးလည်း မကြားရပါဘူး။

ဩရိသ ပြည်နယ်ဟာ အရင်ကတည်းက လူနဲ့ တောဆင်ရိုင်းတွေကြား ပဋိပက္ခတွေ မကြာခဏ ဖြစ်ပေါ်နေကျ ပြည်နယ် တစ်ခုပါ။ လူနေ ဧရိယာတွေ ချဲ့ထွင်မှု၊ သစ်တော ဧရိယာတွေ ပြုန်းတီးမှုတွေကြောင့် လူနဲ့ တောရိုင်း တိရစ္ဆာန်တွေကြား ထိတွေ့မှုတွေ ပိုမိုထူထပ်လာပြီး မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရလေ့ ရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။