Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

လိင်တူ ဆက်ဆံမှုကို တားမြစ်တဲ့ ဥပဒေကို ဖျက်သိမ်းမယ်လို့ စင်ကာပူ ကြေညာ

စင်ကာပူရဲ့ LGBT အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဥပဒေ အပြောင်းအလဲကို ကြိုဆိုခဲ့ပြီး လူသားချင်း နားလည်ငဲ့ညှာမှုအတွက် အောင်ပွဲတစ်ခုလို့ ညွှန်းဆိုခဲ့ကြပါတယ်။

လိင်တူ ဆက်ဆံခြင်းဟာ ဥပဒေ ချိုးဖောက်မှုဆိုတဲ့ သတ်မှတ်ချက်တွေကို စင်ကာပူက ပယ်ဖျက်ပေးတော့မှာ ဖြစ်ပါတယ်။

လိင်တူ ဆက်ဆံမှုကို တားမြစ်ထားတဲ့ ဥပဒေ တစ်ရပ်ကို ပယ်ဖျက်ပေးလိုက်ခြင်းအားဖြင့် အရှေ့တောင်အာရှ ဒေသက မြို့ပြနိုင်ငံမှာ လိင်တူစုံတွဲတွေရဲ့ ရွေးချယ်ရပ်တည်မှုကို တရားဝင် အသိအမှတ် ပြုပေးမယ့် သဘောမျိုး သက်ရောက်လာပါတယ်။

ဥပဒေ ပြင်ဆင်ပြောင်းလဲဖို့ သင့်မသင့် ဆိုတာကို စင်ကာပူ လွှတ်တော်မှာ နှစ်တွေနဲ့ချီ ကြာမြင့်အောင် အပြင်းအထန် ငြင်းခုံ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ဝန်ကြီးချုပ် လီရှန်လွန်းက အတည်ပြု ဆုံးဖြတ်ချက်ကို နိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနကနေတဆင့် ထုတ်ပြန်သွားပါတယ်။

စင်ကာပူရဲ့ LGBT အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဥပဒေ အပြောင်းအလဲကို ကြိုဆိုခဲ့ပြီး လူသားချင်း နားလည်ငဲ့ညှာမှုအတွက် အောင်ပွဲတစ်ခုလို့ ညွှန်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

စင်ကာပူရဲ့ နိုင်ငံရေး ကဏ္ဍဟာ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် အမြင်ကို ဆုပ်ကိုင်တယ်လို့ လူသိများပေမယ့် ကိုလိုနီခေတ် ကတည်းက ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၃၇၇(က)ကို ပယ်ဖျက်ပေးသင့်ကြောင်း တောင်းဆိုမှုတွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သိသိသာသာ မြင့်တက်လာပါတယ်။ ဒီဥပဒေအရ လိင်တူ ဆက်ဆံမှုကို ပြစ်မှုချိုးဖောက်တဲ့ လုပ်ရပ် တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

အစောပိုင်း သတင်းတွေအရ အစိုးရဟာ ပုဒ်မ ၃၇၇(က)ကို မပယ်ဖျက်ပေမယ့် လက်တွေ့ မကျင့်သုံးတော့မယ့် သဘောမျိုး စဉ်းစားနေကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဩဂုတ် ၂၁ ရက် ညပိုင်းမှာ ဝန်ကြီးချုပ်လီက ဥပဒေကို ဖျက်သိမ်းလိုက်ခြင်းဟာ မှန်ကန်တဲ့ ရွေးချယ်မှုလို့ သူ့အနေနဲ့ ယုံကြည်ပြီး စင်ကာပူ နိုင်ငံသား အများစုက ထောက်ခံကြမယ်လို့ ယူဆကြောင်း ကြေညာသွားပါတယ်။

နိုင်ငံတကာ အတိုင်းအတာမှာလည်း လိင်တူချစ်ကြိုက်သူတွေရဲ့ ရွေးချယ်မှုအပေါ် ပိုမို ပွင့်လင်း လက်ခံနေပြီဖြစ်ကြောင်း လီက ဆိုပါတယ်။ စင်ကာပူရဲ့ LGBT အသိုက်အဝန်းတွေက စုပေါင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ရာမှာ စိုးရိမ် ကြောက်ရွံ့မှုအပေါ် မေတ္တာတရားက အောင်ပွဲခံနိုင်လိုက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ လီရဲ့ မိန့်ခွန်းထဲမှာ ပြောကြားသွားတဲ့ တခြား အချက်တစ်ခုနဲ့ ပတ်သက်လို့တော့ LGBTတွေ အနေနဲ့ စိုးရိမ်နေကြပါတယ်။

ဝန်ကြီးချုပ်က အစိုးရဟာ နိုင်ငံရဲ့ လက်ထပ် ထိမ်းမြားမှုဆိုင်ရာ ဥပဒေ သတ်မှတ်ချက်တွေမှာ အမျိုးသားနဲ့ အမျိုးသမီးတို့သာ ဖြစ်ရမယ်ဆိုတဲ့ စံနှုန်းကို ပိုမိုကောင်းမွန်တဲ့ ဥပဒေရေးရာ အကာအကွယ်တွေ ပေးနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပြောဆိုသွားပါတယ်။ ဒီအချက်က စင်ကာပူမှာ လိင်တူ ဆက်ဆံမှုကို မတားဆီးတော့ပေမယ့် လိင်တူချင်း ထိမ်းမြား လက်ထပ်မှုကိုတော့ တရားဝင် ခွင့်ပြုပေးနိုင်ခြေ နည်းလွန်းနေကြောင်း ညွှန်ပြနေပါတယ်။

ဝန်ကြီးချုပ်က စင်ကာပူဟာ ရိုးရာထုံးတမ်း ဓလေ့တွေကို ဦးစားပေးတဲ့ လူ့အဖွဲ့အစည်းအဖြစ် ဆက်လက် တည်မြဲနေမှာဖြစ်ပြီး မိသားစုနဲ့ လူမှုရေးဆိုင်ရာ စံနှုန်းတွေကို ထိန်းသိမ်းထားဖို့ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။ LGBT အဖွဲ့တွေကတော့ ဒီအချက်အပေါ် စိတ်ပျက်မိကြောင်း ထုတ်ပြန်ပြီး လူ့အဖွဲ့အစည်းထဲမှာ လိင်တူစုံမက်သူတွေအပေါ် ခွဲခြား ဆက်ဆံမှုတွေ ဆက်ပြီး အမြစ်တွယ်နေစေလိမ့်မယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

သတင်း

ဗြိတိန် အခြေစိုက် Jane’s Intelligence ကုမ္ပဏီရဲ့ လုံခြုံရေးဆိုင်ရာ သုတေသီ တစ်ဦးဖြစ်တဲ့ အန်သိုနီ ဒေးဗစ်ကတော့ ၂၀၂၁ ခုနှစ်မှာ တော်လှန်ရေး အင်အားစုတွေရဲ့ ခန့်မှန်း အင်အားက ၇၅၀၀၀ လောက် ရှိခဲ့နိုင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။

သတင်း

သေဆုံးသူရဲ့ လုပ်ငန်း အခြေအနေနဲ့ တခြား အသေးစိတ် အချက်အလက်တွေကို သိရှိဖို့ ဘန်ကောက် ရဲတပ်ဖွဲ့ဟာ မြန်မာသံရုံးနဲ့ ချိတ်ဆက် စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများဖြင့် စိစစ်ဆောင်ရွက်ပြီးစီးခဲ့ပြီးဟုလည်း ဆိုသည်။