Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လုံခြုံရေး ဝန်ထမ်းဟောင်းက ဆရာဝန်ယောင်ဆောင်ပြီး ခွဲစိတ်လို့ အသက်ဆုံးရှုံးခဲ့တဲ့ အမျိုးသမီး

ဆရာဝန်ယောင် ဆောင်ထားတဲ့ လုံခြုံရေးဝန်ထမ်းဟောင်း တစ်ဦးရဲ့ ခွဲစိတ်ကုသမှုအပြီး ပါကစ္စတန်မှာ အမျိုးသမီးကြီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

အသက် ၈၀ အရွယ် ရှာမီမာ ဘီဂမ်ရဲ့ မိသားစုက သူတို့ အနေနဲ့ မူဟာမက် ဝါဟိဒ်ဘုထ်ကို ဆရာဝန် တစ်ဦးလို့ပဲ ယုံကြည်ထားခဲ့မိကြောင်း ပြောပါတယ်။ ပြီးတော့ ဒီခွဲစိတ်မှုအတွက် ငွေကြေး တော်တော်များများလည်း ပေးချေခဲ့ရတယ်လို့ ဆိုပါတယ်။

ဝါဟိဒ်ဘုထ်ဟာ နောက်ကျော နာကျင်မှု ခံစားနေရတဲ့ ဘီဂမ်ကို လာဟိုးမှာရှိတဲ့ ပြည်သူ့ဆေးရုံ တစ်ခုမှာ ခွဲစိတ်ခဲ့တာ ဖြစ်ပါတယ်။ ပါကစ္စတန်ရဲ့ ပြည်သူ့ဆေးရုံတွေမှာ ခွဲစိတ်ကုသမှုတွေအတွက် ပမာဏ တစ်ရပ်ထိ ငွေကြေး ပေးချေရပေမယ့် ထိရောက်မှု အားနည်းလွန်းတယ်ဆိုတဲ့ နာမည်ပျက်မျိုး ထွက်ပေါ်နေပါတယ်။

ဘီဂမ်ဟာ ဘယ်လို ခွဲစိတ်မှုမျိုး ခံယူခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ခွဲစိတ်ခန်းထဲမှာ ပရော်ဖက်ရှင်နယ်အဆင့် ပညာရှင် တစ်ဦးလည်း ရှိနေခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ အဲဒီ ပုဂ္ဂိုလ်က သူကိုယ်တိုင်လည်း ဝါဟိဒ်ဘုထ်ကို ဆရာဝန်လို့ပဲ ယူဆခဲ့ကြောင်း၊ ဆေးရုံက ကျယ်လွန်းတော့ ဆရာဝန်တိုင်းကို မှတ်မိနေဖို့ မဖြစ်နိုင်ကြောင်း ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။

ခွဲစိတ်မှုပြီးတော့ ဘီဂမ်ဟာ အိမ်ပြန် အနားယူနေခဲ့ပြီး ဝါဟိဒ်ဘုထ်ကလည်း ဒဏ်ရာကို ဆေးလာထည့်ပေးတာ၊ ပတ်တီးလဲလှယ်ပေးတာတွေ နှစ်ကြိမ် လာရောက် ဆောင်ရွက်ပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ အမျိုးသမီးကြီးရဲ့ နာကျင်မှုက ပိုဆိုးရွားလာပြီး ဇွန်လ ၆ ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒဏ်ရာကလည်း သွေးမတိတ်ဘဲ ဖြစ်နေခဲ့တယ်လို့ မိသားစုက ပြောပါတယ်။ နောက်ပိုင်းမှာတော့ ဆရာဝန်အပေါ် မသင်္ကာလို့ နောက်ကြောင်း စုံစမ်းမှ လုံခြုံရေး အစောင့်အဖြစ် လုပ်ကိုင်ဖူးသူမှန်း ဖော်ထုတ် သိရှိလာခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဘီဂမ်ရဲ့ ရုပ်အလောင်းကို ရင်ခွဲ စစ်ဆေးမှုတွေ ဆက်လက် ဆောင်ရွက်နေဆဲပါ။ လောလောဆယ်တော့ ဝါဟိဒ်ဘုထ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားဆဲပါ။ ဆေးရုံရဲ့ ထုတ်ပြန်ချက်အရ ဝါဟိဒ်ဘုထ်ဟာ လူနာမိသားစုတွေဆီက ငွေညှစ်ဖို့ ကြိုးစားဖူးတဲ့အတွက် လွန်ခဲ့တဲ့ ၂ နှစ် ကတည်းက လုံခြုံရေး ဝန်ထမ်း အဖြစ်ကနေ ထုတ်ပယ်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဗဟိုကျန်းမာရေးဌာနကဖွင့်လှစ်တဲ့ ဆရာဝန်ဖြစ်သင်တန်းဆင်းပွဲမှာ သင်တန်းဆင်းသူ ၄၃ဦး ရှိခဲ့တယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

နိုင်ငံကကြွေကွဲရတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ နောက်ဆုံးခရီး