Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား-အမေရိကန် ဆက်ဆံရေး အရမ်းဆိုးရွားလာနေတယ်လို့ ပူတင်သုံးသပ်

ရုရှား-အမေရိကန် ဆက်ဆံရေးဟာ အနိမ့်ပါးဆုံး အဆင့်မျိုးထိ ကျဆင်းလာပြီလို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

လာမယ့် သီတင်းပတ်၊ ဆွစ်ဇာလန် နိုင်ငံမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံမယ့် အခြေအနေ မတိုင်ခင် ပူတင်က အခုလို မှတ်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးဟာ ဆက်တိုက် ယိုယွင်းလာပြီး အနိမ့်ဆုံး အဆင့်မျိုးထိ ရောက်နေပြီလို့ NBCနဲ့ အင်တာဗျူးမှာ ပူတင်က ပြောဆိုသွားခဲ့တာပါ။

ပူတင်က အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ကိုတော့ အရည်အချင်းရှိပြီး ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ ညွှန်းဆိုသွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို ပုဂ္ဂိုလ်မျိုးက အမေရိကန် သမ္မတ ဆက်ပြီး ဖြစ်ခွင့် မရှိရှာတော့ဘူးလို့လည်း ဆိုပါတယ်။

လူတွေက ထရမ့်ကို ကြိုက်တာ၊ မကြိုက်တာ သဘောထား ကွဲလွဲနိုင်တာ ရှိပေမယ့် ထရမ့်ဟာ အမေရိကန်ရဲ့ ပုံသေကားချပ် နိုင်ငံရေး စံနှုန်းတွေကနေ ဖောက်ထွက်လာတဲ့သူမျိုး ဆိုတာကိုတော့ အရှိအတိုင်း လက်ခံရလိမ့်မယ်လို့ ပူတင်က ထောက်ပြခဲ့ပါတယ်။

ဒါပေမဲ့ ဘိုင်ဒန်ကတော့ နိုင်ငံရေးသမား လုံးဝ ပီသပြီး ထရမ့်နဲ့ အကြီးအကျယ် ခြားနားတဲ့ ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ သူ့ရဲ့ အရွယ်ရောက်ပြီး ဘဝ တလျှောက်လုံး နိုင်ငံရေးသမား အနေနဲ့သာ ကျင်လည်ခဲ့ကြောင်း ပူတင်က သုံးသပ်ခဲ့ပါတယ်။ ဘိုင်ဒန်က သမ္မတ ဖြစ်လာတာနဲ့ ပတ်သက်လို့ အမေရိကန်မှာ ကောင်းကျိုးရော ဆိုးကျိုးတွေပါ ရှိနိုင်တယ်လို့လည်း ပူတင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မတ်လတုန်းက ဘိုင်ဒန်ဟာ ပူတင်ကို လူသတ်သမားဆိုတဲ့ အသုံးအနှုန်းမျိုးနဲ့ စွပ်စွဲ ဝေဖန်ခဲ့ဖူးပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပူတင်က သူဟာ အလားတူ တိုက်ခိုက်မှုမျိုးတွေနဲ့ အကြိမ်ကြိမ် ကြုံခဲ့ပြီး ဖြစ်တာကြောင့် ဘာမှ ထူးထူးခြားခြား မခံစားရဘူးလို့ NBCနဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

ပူတင်နဲ့ ဘိုင်ဒန်တို့ဟာ ဇွန်လ ၁၆ ရက်ကျရင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။