Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန်က အမြန်ဆုံး ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ နိုင်ငံတကာ သံအမတ်တွေ

အမေရိကန်နဲ့ မဟာမိတ် တပ်ဖွဲ့တွေ အာဖဂန်ကနေ ပြန်လည် ရုပ်သိမ်းသွားချိန်ကစလို့ တာလီဘန်တွေက အာဖဂန် အစိုးရ စစ်တပ်အပေါ် သိသိသာသာ အသာစီး ယူလာခဲ့ပါတယ်။ အခုသီတင်းပတ်ထဲမှာတော့ နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ ကန်ဒါဟာနဲ့ အနားမှာရှိတဲ့ လက်ရှ်ကာ မြို့တွေကို သိမ်းပိုက်လိုက်ပါတယ်။

အာဖဂန် နစ္စတန် နိုင်ငံရဲ့ မြို့တော် ကဘူးလ်ကနေ နိုင်ငံတကာ သံအမတ်တွေ ပြန်လည် ထွက်ခွာဖို့ အရေးတကြီး လုပ်ဆောင်နေကြကြောင်း သိရပါတယ်။

အမေရိကန် သံရုံးက အရာရှိတွေ ပြောင်းရွှေ့ရေး ကူညီမယ့် အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ ဩဂုတ် ၁၃ ရက်မှာ ပထမအသုတ်အဖြစ် ကဘူးလ်ကို ရောက်ရှိလာပါတယ်။ တာလီဘန် စစ်သွေးကြွတွေက အာဖဂန် အစိုးရ တပ်တွေအပေါ် တောက်လျှောက် စစ်ရေး အသာစီး ရလာတဲ့နောက် နိုင်ငံတကာ သံတမန်တွေက ကဘူးလ်ကို စွန့်ခွာဖို့ တက်သုတ်ရိုက် လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ မဟာမိတ် တပ်ဖွဲ့တွေ အာဖဂန်ကနေ ပြန်လည် ရုပ်သိမ်းသွားချိန်ကစလို့ တာလီဘန်တွေက အာဖဂန် အစိုးရ စစ်တပ်အပေါ် သိသိသာသာ အသာစီး ယူလာခဲ့ပါတယ်။ အခုသီတင်းပတ်ထဲမှာတော့ နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ ကန်ဒါဟာနဲ့ အနားမှာရှိတဲ့ လက်ရှ်ကာ မြို့တွေကို သိမ်းပိုက်လိုက်ပါတယ်။

ဩဂုတ် ၁၃ ရက်မှာ လော့ဂါပြည်နယ်ရဲ့ မြို့တော် ပူလ်အီအလမ်လည်း တာလီဘန်တွေ လက်ထဲ ကျရောက်သွားပြန်ပါတယ်။ ဒီမြို့ဟာ ကဘူးလ်နဲ့ မိုင်ပေါင်း ၅၀ သာ ကွာဝေးပါတော့တယ်။ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်ဇ်ကတော့ အာဖဂန်မှာ နိုင်ငံအနှံ့ တိုက်ပွဲတွေ ဖြစ်ပွားနေခြင်းဟာ အရပ်သား ပြည်သူတွေအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံလာစေနိုင်ကြောင်း သတိပေး ပြောဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

တာလီဘန်တွေရဲ့ ထိုးစစ်တွေက ဆက်တိုက် အောင်ပွဲရနေသလို နိုင်ငံ အနောက်ပိုင်း နယ်မြေ အများစုကိုလည်း ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။ အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေက လက်ရှိ အခြေအနေအတိုင်း ဆက်သွားရင် ၃ လအတွင်း တစ်နိုင်ငံလုံးကို တာလီဘန်တွေ ထိန်းချုပ်သွားနိုင်တယ်လို့ စိတ်မသက်မသာ မှတ်ချက် ပေးထားကြပါတယ်။

အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်တွေက ၂၀၀၁ ခုနှစ်မှာ အာဖဂန်ကို ဝင်ရောက်တိုက်ခိုက်ပြီး တာလီဘန်တွေရဲ့ ကြီးစိုးမှုကို ဖယ်ရှားခဲ့ပါတယ်။ အခုတော့ တာလီဘန်တွေ တကျော့ပြန် အုပ်ချုပ်တဲ့ ကာလမျိုး ပြန်ရောက်လာပြီး လူ့အခွင့်အရေး ဖိနှိပ်မှုတွေ ပြင်းထန်လာမှာကို အာဖဂန် ပြည်သူတွေ စိုးရိမ်နေကြပါတယ်။ တာလီဘန်တွေ ကြီးစိုးခဲ့တဲ့ ၁၉၉၀ ပြည့်လွန် ကာလတွေမှာ အသက် ၁၀ နှစ်အထက် မိန်းကလေးတွေကို ပညာသင်ခွင့် မပေးတာ၊ အမျိုးသမီးတွေကို တစ်ကိုယ်လုံး လုံခြုံအောင် ဖိအားပေး ဝတ်ဆင်ခိုင်းတာ၊ ရက်စက် ကြမ်းကြုတ်တဲ့ နည်းလမ်းတွေနဲ့ တရားစီရင်တာ၊ လူမြင်ကွင်းမှာ သေဒဏ် စီရင်တာမျိုးတွေ ကျင့်သုံးခဲ့ပါတယ်။

အမေရိကန် ထောက်လှမ်းရေးတွေကတော့ တာလီဘန်တွေဟာ ရက်ပေါင်း ၃၀ အတွင်း ကဘူးလ်ကို ထိုးစစ်စဆင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ကဘူးလ်က အမေရိကန် သံရုံးမှာ ဝန်ထမ်းတွေ လျှော့ချတာ၊ လုံခြုံရေး အစီအမံ တင်းကျပ်တာတွေ စတင် လုပ်ဆောင်နေသလို စာရွက်စာတမ်းတွေ ဖျက်ဆီးတာမျိုးတွေလည်း စတင် လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဗြိတိန်ကလည်း သံရုံး လုံခြုံရေးအတွက် တပ်ဖွဲ့ဝင် ၆၀၀ လောက်ကို စေလွှတ်ထားပြီး ဂျာမနီကလည်း အလားတူ အစီအမံတွေ ဆောင်ရွက်နေပါပြီ။ အမေရိကန် တပ်တွေ ရုပ်သိမ်းသွားပြီး တာလီဘန်တွေရဲ့ ထိုးစစ်အရှိန် မြှင့်တင်လာချိန် ကတည်းက အာဖဂန်မှာ အရပ်သား ၁၀၀၀ ကျော် စစ်ဘေးသင့် သေဆုံးခဲ့ကြောင်းလည်း ကုလသမဂ္ဂက ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာပဲရှိနေတာဖြစ်လို့ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါတွေကို နိုင်ငံတကာအရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ Justice For Myanmarက တိုက်တွန်းလိုက်ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နှစ်နိုင်ငံ နယ်စပ်အရေး တင်းမာမှုတွေ မြင့်တက်လာချိန်မှာ ထိုင်းဟာ ကမ္ဘောဒီးယားနဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ပစ်လိုက်ပြီး ထိုင်းသံအမတ်ကို ပြန်ခေါ်လိုက်သလို ကမ္ဘောဒီးယား သံအမတ်ကို နှင်ထုတ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်က အစ္စရေး-အီရန် စစ်ရေး ပဋိပက္ခမှာ ထဲထဲဝင်ဝင် ဝင်ပါပြီး အီရန်ရဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေကို ဗုံးကြဲခဲ့တဲ့အပေါ် နိုင်ငံတကာ တုံ့ပြန်မှုတွေ အလျင်အမြန်ပဲ ထွက်ပေါ်လာခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် ထားရှိသည့် သဘောထားကို နိုင်ငံအတာအနေဖြင့် ဆန်းစစ်သုံးသပ်ရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားသည်။