Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒူဘိုင်းမှာ ဖွင့်လှစ်တော့မယ့် ကမ္ဘာ့အမြင့်ဆုံး ချားရဟတ်ကြီး

ချားရဟတ်ကြီးတွေဟာ ခေတ်သစ်မြို့ကြီးပြကြီးတွေရဲ့ အထင်ကရ အဆောက်အအုံတွေသဖွယ် ဖြစ်လာပါတယ်။ အိန်းဒူဘိုင်း ဆိုတာက ဒူဘိုင်းရဲ့ မျက်လုံးလို့ အဓိပ္ပါယ် ရပါတယ်။ အဲဒီ ချားရဟတ်ကြီးကို ဒူဘိုင်းက လူလုပ်ကျွန်းတု တစ်ခုဖြစ်တဲ့ ဘလူးဝါးတားစ်မှာ တည်ဆောက်ထားပါတယ်။

ကမ္ဘာပေါ်မှာ အမြင့်ဆုံး ဖြစ်လာမယ့် ရှုမျှော်ခင်းကြည့် ချားရဟတ်ကြီးကို ယူအေအီးနိုင်ငံမှာ မကြာခင် ဖွင့်လှစ်သွားတော့မှာ ဖြစ်ပါတယ်။

နောက်လထဲမှာ အများပြည်သူ တက်ရောက် စီးနင်းခွင့် ပြုတော့မယ့် ချားရဟတ်ကြီးဟာ ဒူဘိုင်းမှာ ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စားကြမယ့် နောက်ထပ် ဆွဲဆောင်မှု အသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ အိန်းဒူဘိုင်းလို့ နာမည်ပေးထားတဲ့ ချားရဟတ်ကြီးက ပေပေါင်း ၈၂၀ ထိ မြင့်မားပါတယ်။ ဒါကြောင့် လက်ရှိ ကမ္ဘာ့အမြင့်ဆုံး ချားရဟတ်ဖြစ်တဲ့ လာ့စ်ဗီးဂက်စ်မြို့၊ ဟိုက်ရိုလာထက် ပေ ၂၇၀ လောက် ပိုမြင့်သွားပါတယ်။ လန်ဒန်က ကမ္ဘာကျော် လန်ဒန်အိုင်း ချားရဟတ်ကြီးနဲ့ ယှဉ်ရင်တော့ နှစ်ဆလောက် ပိုကြီးပါတယ်။

ချားရဟတ်ကြီးတွေဟာ ခေတ်သစ်မြို့ကြီးပြကြီးတွေရဲ့ အထင်ကရ အဆောက်အအုံတွေသဖွယ် ဖြစ်လာပါတယ်။ အိန်းဒူဘိုင်း ဆိုတာက ဒူဘိုင်းရဲ့ မျက်လုံးလို့ အဓိပ္ပါယ် ရပါတယ်။ အဲဒီ ချားရဟတ်ကြီးကို ဒူဘိုင်းက လူလုပ်ကျွန်းတု တစ်ခုဖြစ်တဲ့ ဘလူးဝါးတားစ်မှာ တည်ဆောက်ထားပါတယ်။

အိန်းဒူဘိုင်းမှာ လူလိုက်ပါ စီးနင်းနိုင်တဲ့ အခန်း ၄၈ ခု ချိတ်ဆွဲထားပါတယ်။ တချို့ အခန်းတွေဟာ လိုက်ပါ စီးနင်းသူ ၄၀ လောက် ဝင်ဆံ့တဲ့ထိ ကျယ်ပြောပြီး တစ်ကြိမ်တည်းမှာ လူပေါင်း ၁၇၅၀ စီးနင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိ ကာလမှာတော့ ကပ်ရောဂါ ဂယက်ကြောင့် တစ်ခန်းကို လူ ၁၀ ဦးသာ စီးနင်းဖို့ ကန့်သတ်ထားမှာပါ။

Public Service Announcement

Public Service Announcement

အိန်းဒူဘိုင်းမှာ ချိတ်ဆွဲထားတဲ့ လူစီး အခန်းတစ်ခုဟာ နှစ်ထပ် ဘတ်စ်ကား တစ်စီးထက် ပိုကြီးပါတယ်။ အခန်းတွေကလည်း သုံးမျိုး ခွဲခြား သတ်မှတ်ထားပြီး ပုံမှန် ရှုမျှော်ခင်း ကြည့်တဲ့ အမျိုးအစား၊ လူနည်းနည်းနဲ့ အစားအသောက်တွေပါ စီစဉ်ပေးထားတဲ့ အမျိုးအစားတွေ ပါဝင်ပါတယ်။ နောက်ဆုံး တစ်မျိုးကတော့ ပါတီတွေ၊ အစည်းအဝေးတွေ ပြုလုပ်နိုင်မယ့် သီးသန့်ခန်းတွေ ဖြစ်ပါတယ်။

ချားရဟတ်ကြီး တစ်ပတ်ပြည့်အောင် လည်ဖို့ ၃၈ မိနစ် ကြာမြင့်ပြီး ဒူဘိုင်းမြို့နဲ့ ကမ်းရိုးတန်း အလှကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒူဘိုင်း အာဏာပိုင်တွေကတော့ ကပ်ရောဂါ ဂယက်အပြီး ပြန်လည် ဦးမော့လာအောင် ကြိုးစားနေတဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအတွက် အထောက်အကူ ဖြစ်စေမယ်လို့ မျှော်လင့်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေနံအပြည့် သယ်ဆောင်ထားတဲ့ ရေနံတင် သင်္ဘောတစ်စီးကို အီရန်က တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောကိုယ်ထည် ပျက်စီးပြီး မီးလောင်မှုတွေ ဖြစ်ခဲ့ကြောင်း ကူဝိတ် အစိုးရပိုင် KUNA သတင်းဌာနက ပြောပါတယ်။

မေးမြန်းခန်း

အ​မေရီကန်နဲ့ အစ္စ​က အီရန် နဲ့စစ်ဖြစ်​နေတာမှာ အ​ရှေ့အလယ်ပိုင်း​ရောက်မြန်မာ​တွေအ​ပေါ် ဘယ်လိုသက်​ရောက်​နေလဲသိနိုင်ဖို့ ယူ​အေအီးနိုင်ငံ ၊ဒူဘိုင်းမြို့မှာအလုပ်လုပ်​နေတဲ့ ကိုမိုက်ကယ်ကို မတ်လ ၂ ရက်နဲ့ မတ်လ ၃ ရက်မှာဆက်သွယ်​မေး​မြန်းထားပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ တိုက်ခိုက်မှုတွေ ကြုံလာတဲ့နောက် အရှေ့အလယ်ပိုင်း ဒေသရဲ့ ဇိမ်ခံမြို့တော်ကြီး ဒူဘိုင်းကနေ သူဌေးသူကြွယ်တွေ အလုအယက် ထွက်ပြေး တိမ်းရှောင်ကုန်ပြီး လေယာဉ် စင်းလုံးငှား စျေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံတကာ

ဒူဘိုင်း လေကြောင်းပြပွဲမှာ အိန္ဒိယ တိုက်လေယာဉ် ပျက်ကျခဲ့တဲ့ ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။