Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားရဲ့ အလိုအရှိဆုံး စစ်သွေးကြွ ခေါင်းဆောင်ကို အသေဖမ်းမိ

စက်တင်ဘာ ၁၈ ရက်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ခဲ့တဲ့နောက် အလီ ခါလိုရာ သေဆုံးသွားခဲ့ကြောင်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရဲ့ အလိုအရှိဆုံး စစ်သွေးကြွ ခေါင်းဆောင်ကို အသေပစ်ခတ် ဖမ်းဆီးရမိခဲ့ကြောင်း အင်ဒိုနီးရှား စစ်တပ်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၁၈ ရက်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ခဲ့တဲ့နောက် အလီ ခါလိုရာ သေဆုံးသွားခဲ့ကြောင်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူနဲ့အတူ တခြား စစ်သွေးကြွ တစ်ဦးလည်း ပစ်သတ် ခံခဲ့ရပါတယ်။

ဆူလာဝေဆီ အလယ်ပိုင်းက တောတောင်ထူထပ်တဲ့ နယ်မြေတစ်ခုမှာ စစ်ဆင်ရေး ဆောင်ရွက်ပြီး အိုင်အက်စ် အဆွယ်အပွား စစ်သွေးကြွတွေကို လိုက်လံ ရှင်းလင်းရာမှာ ခါလိုရာကို ဝန်းရံ ပိတ်ဆို့နိုင်ခဲ့တာလို့ စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီစစ်ဆင်ရေးမှာ အင်ဒိုနီးရှား စစ်တပ်ကို နယ်မြေခံ ရဲတပ်ဖွဲ့က ပါဝင် ပံ့ပိုးပေးခဲ့ပါတယ်။

ခါလိုရာဟာ အရှေ့ အင်ဒိုနီးရှား မူဂျာဟစ်ဒင် ကွန်ရက် (MIT)လို့ ခေါ်ဝေါ်တဲ့ အကြမ်းဖက် စစ်သွေးကြွ အဖွဲ့အစည်း တစ်ခုရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဲဒီအဖွဲ့ဟာ အိုင်အက်စ် အကြမ်းဖက် အုပ်စုကို သစ္စာခံကြောင်း ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လုံခြုံရေး တပ်ဖွဲ့ဝင်တွေက တောနက်ထဲ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ယုံကြည်ရတဲ့ နောက်ထပ် စစ်သွေးကြွ ၄ ဦးကိုလည်း ဖြန့်ကျက် ရှာဖွေနေပါတယ်။ MITဟာ အရင်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူနည်းစု ခရစ်ယာန်တွေကို ဖမ်းဆီး သတ်ဖြတ်တာ အပါအဝင် အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ဖူးပါတယ်။ အဖွဲ့ခေါင်းဆောင် ခါလိုရာကလည်း နိုင်ငံရဲ့ အလိုအရှိဆုံး စစ်သွေးကြွ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အဲဒီဒေသမှာ လုံခြုံရေး တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ပြီး စစ်ဆင်ရေးတွေ အရှိန်တင် ဆောင်ရွက်ခဲ့သလို စစ်သွေးကြွ တော်တော်များများကိုလည်း ဖမ်းဆီးရမိလာခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

နိုင်ငံတကာ

အမေရိကန် လေယာဉ်မှူး တစ်ဦးကို ပစ်သတ်ပြီး ခရီးသည်တင် လေယာဉ်ငယ်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစု တစ်ခုက ကြေညာခဲ့ပါတယ်။