Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကြက်ဥနဲ့ အပေါက်ခံရတဲ့ ပြင်သစ် သမ္မတ

မာခရွန်ကို ကြက်ဥနဲ့ ပစ်ပေါက်သူဟာ လူငယ်တစ်ဦးဖြစ်ပြီး သူ့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကိုတော့ မသိရသေးပါဘူး။ မျက်မြင်တွေက အဲဒီလူငယ်ဟာ သမ္မတကို ကြက်ဥနဲ့ လှမ်းပေါက်ချိန်မှာ တစ်ခုခု အော်ဟစ် ကြိမ်းဝါးတာမျိုး မရှိဘဲ နှုတ်ဆိတ်နေတယ်လို့ ဆိုပါတယ်။

ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ဟာ ကြက်ဥနဲ့ ပစ်ပေါက် တိုက်ခိုက်မှု တစ်ခု ကြုံခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာ ၂၇ ရက်က လိုင်ယွန်မြို့က အစားအသောက် ပြပွဲတစ်ခုကို မာခရွန် သွားရောက်ချိန်မှာ လူတစ်ယောက်က သူ့ကို ကြက်ဥနဲ့ ပစ်ပေါက်ခဲ့တာပါ။ ကြက်ဥက သမ္မတရဲ့ ပခုံးကို ထိမှန်ပြီး ကြမ်းပြင်ပေါ် ကျရောက် ကွဲကျေသွားတယ်လို့ မျက်မြင် ဂျာနယ်လစ် တစ်ယောက်က ပြောပါတယ်။

ရုတ်တရက် ကြုံလာတဲ့ အခြေအနေကြောင့် မာခရွန်ရဲ့ သက်တော်စောင့်တွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး သမ္မတကို ကာကွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ပိုင်းမှာ လူတစ်ဦးကို ထိန်းသိမ်းထားလိုက်ကြောင်း အာဏာပိုင်တွေက အတည်ပြုပါတယ်။

မာခရွန်ကို ကြက်ဥနဲ့ ပစ်ပေါက်သူဟာ လူငယ်တစ်ဦးဖြစ်ပြီး သူ့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကိုတော့ မသိရသေးပါဘူး။ မျက်မြင်တွေက အဲဒီလူငယ်ဟာ သမ္မတကို ကြက်ဥနဲ့ လှမ်းပေါက်ချိန်မှာ တစ်ခုခု အော်ဟစ် ကြိမ်းဝါးတာမျိုး မရှိဘဲ နှုတ်ဆိတ်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတ နန်းတော် တာဝန်ရှိသူတွေကတော့ ဒီကိစ္စကို ပြဿနာ ကြီးကြီးမားမားလို့ မယူဆကြောင်း၊ ပြပွဲ တလျှောက်လုံး သမ္မတကို ပြည်သူ အများစုက နွေးနွေးထွေးထွေး ကြိုဆို နှုတ်ဆက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ မာခရွန်ဟာ သမ္မတလောင်း ဘဝ ၂၀၁၇ တုန်းကလည်း ကြက်ဥနဲ့ အပေါက်ခံရပြီး အဲဒီတုန်းက သူ့ခေါင်း တည့်တည့်ကို ထိမှန်ခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

သတင်း

ပြင်သစ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။

နိုင်ငံတကာ

ကိုဆိုဗို လွှတ်တော်ထဲမှာ အမျိုးသမီး အမတ်တစ်ဦးက ဝန်ကြီးချုပ်ကို ကြက်ဥတွေနဲ့ ပစ်ပေါက်နေတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ်မှာ လူပြောများပြီး ပျံ့နှံ့နေပါတယ်။