Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစိုးရ ယန္တရား ယာယီရပ်တန့်မယ့် အခြေအနေကို ကပ်ပြီး ကျော်လွှားနိုင်ခဲ့တဲ့ အမေရိကန်

ဘိုင်ဒန် လက်မှတ်ရေးထိုးလိုက်တဲ့ ယာယီ အသုံးစရိတ် သတ်မှတ်ချက် အသစ်မှာ ဟာရီကိန်း မုန်တိုင်းဒဏ်ခံ ဒေသတွေအတွက် ကယ်ဆယ် ထောက်ပံ့ရေး ရန်ပုံငွေတွေ၊ အာဖဂန် နစ္စတန်က ပြောင်းရွှေ့လာတဲ့ ဒုက္ခသည်တွေအတွက် ပြန်လည် နေရာချထားရေး ရန်ပုံငွေတွေလည်း ပါဝင်နေပါတယ်။

အသုံးစရိတ် ပြဿနာကြောင့် အစိုးရ ယန္တရား ရပ်တန့်သွားမယ့် အခြေအနေကို အမေရိကန် လွှတ်တော်က အချိန်ကပ်ပြီး ညှိနှိုင်း ကျော်လွှားနိုင်ခဲ့ပါတယ်။

လွှတ်တော် နှစ်ရပ်က ကိုယ်စားလှယ်တွေ သဘောတူထားတဲ့ ယာယီ အသုံးစရိတ် ချိန်ညှိမှု ဥပဒေ တစ်ရပ်ကို သမ္မတ ဂျိုးဘိုင်ဒန်က စက်တင်ဘာ ၃၀ မှာ လက်မှတ် ရေးထိုးခဲ့တာကြောင့် ဒီဇင်ဘာ လဆန်းထိ အစိုးရအတွက် အသုံးစရိတ် ဖူလုံနေဦးမှာ ဖြစ်ပါတယ်။ ဒီအတောအတွင်း နောက်ထပ် အသုံးစရိတ်သစ် အစီအမံတွေအတွက် လွှတ်တော်ထဲက ဒီမိုကရက်တွေနဲ့ ရီပတ်လလစ်ကန် အင်အားစုတွေ ဆက်လက် ဆွေးနွေးနေမှာပါ။

ဘိုင်ဒန်ဟာ အသုံးစရိတ် မူဝါဒ ညှိနှိုင်းရေး နောက်ဆုံး သတ်မှတ်ကာလ မတိုင်ခင် နာရီပိုင်း အလိုမှာ အခု ဥပဒေကို လက်မှတ် ထိုးနိုင်ခဲ့တာပါ။ တကယ်လို့သာ အသုံးစရိတ်ကိစ္စ လွှတ်တော်ထဲမှာ ညှိနှိုင်းတာ အဆင်မပြေခဲ့ရင် အစိုးရ လက်အောက်က ပြတိုက်တွေ၊ အမျိုးသား ဥယျာဉ်တွေနဲ့ တခြား အရေးမကြီးတဲ့ လုပ်ငန်းတွေ တော်တော်များများကို ယာယီ ပိတ်ထားရမှာ ဖြစ်ပါတယ်။ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်၊ ဘာရက် အိုဘားမားတို့ လက်ထက်ကလည်း ဒီလို အခြေအနေတွေ ကြုံခဲ့ဖူးပါတယ်။

ဘိုင်ဒန် လက်မှတ်ရေးထိုးလိုက်တဲ့ ယာယီ အသုံးစရိတ် သတ်မှတ်ချက် အသစ်မှာ ဟာရီကိန်း မုန်တိုင်းဒဏ်ခံ ဒေသတွေအတွက် ကယ်ဆယ် ထောက်ပံ့ရေး ရန်ပုံငွေတွေ၊ အာဖဂန် နစ္စတန်က ပြောင်းရွှေ့လာတဲ့ ဒုက္ခသည်တွေအတွက် ပြန်လည် နေရာချထားရေး ရန်ပုံငွေတွေလည်း ပါဝင်နေပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလော ပြဿနာ ပြေလည်သွားပေမယ့် နောက်ထပ် ညှိနှိုင်းစရာ၊ လုပ်ဆောင်စရာတွေ အများကြီး ကျန်နေသေးတယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။ လောလောဆယ်တော့ လွှတ်တော်ရဲ့ သဘောတူညီမှုအရ အစိုးရ အေဂျင်စီတွေ ပိတ်စရာ မလိုတော့ပါဘူး။ တကယ်လို့ ဒီသဘောတူညီမှုသာ မရခဲ့ရင် ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနက ဝန်ထမ်း ၄၃ ရာခိုင်နှုူန်းကို လစာမဲ့ ခွင့်ပေးထားဖို့ ကြိုတင် စီစဉ်ထားရပါတယ်။

ဘဏ္ဍာရေး ဝန်ကြီး ဂျဲနက် ယယ်လန်က အမေရိကန်ဟာ အောက်တိုဘာ ၁၈ ရက်ကျရင် ကြွေးမြီ ကန့်သတ်ချက် စံအမှတ်ထိ ရောက်ရှိလိမ့်မယ်လို့ ပြောပါတယ်။ ဒီအတွက် အစိုးရဟာ သီးခြား အစီအမံတွေနဲ့ ကြွေးမြီပြန်လည် လျှော့ချဖို့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။