Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

Quarantine ဝင်နေတဲ့ ဟိုတယ်ကို ဩစတြေးလျ အမျိုးသမီးတစ်ဦး မီးတင်ရှို့

နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက အသက် ၃၁ နှစ်အရွယ် အမျိုးသမီးဟာ သူနဲ့ ကလေးနှစ်ဦး Quarantine ဝင်နေရတဲ့ ဟိုတယ် အခန်းထဲက ကုတင်ကို မီးရှို့ခဲ့တာလို့ သိရပါတယ်။ အခုတော့ အဲဒီ အမျိုးသမီးဟာ မီးရှို့မှုနဲ့ တရားစွဲဆို ခံရဖို့ ရှိနေပါတယ်။

ဩစတြေးလျမှာ Quarantine စင်တာအဖြစ် အသုံးပြုထားတဲ့ ဟိုတယ်ကို အမျိုးသမီး တစ်ဦးက မီးတင်ရှို့ဖို့ ကြိုးစားမှု ဖြစ်ပွားခဲ့ပါတယ်။

နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက အသက် ၃၁ နှစ်အရွယ် အမျိုးသမီးဟာ သူနဲ့ ကလေးနှစ်ဦး Quarantine ဝင်နေရတဲ့ ဟိုတယ် အခန်းထဲက ကုတင်ကို မီးရှို့ခဲ့တာလို့ သိရပါတယ်။ အခုတော့ အဲဒီ အမျိုးသမီးဟာ မီးရှို့မှုနဲ့ တရားစွဲဆို ခံရဖို့ ရှိနေပါတယ်။

၁၁ ထပ် အမြင့်ရှိတဲ့ Pacific ဟိုတယ် မီးလောင်မှုကြောင့် Quarantine ဝင်နေသူတွေ အပါအဝင် လူပေါင်း ၁၆၀ လောက်ကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။ ဒီဖြစ်စဉ်မှာ ထိခိုက် ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

ဩစတြေးလျ အစိုးရဟာ ပြည်တွင်းမှာ ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေကို ကြပ်ကြပ်မတ်မတ် ချိုးနှိမ် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေရဆဲပါ။ ဒီအတောအတွင်း တောင်အာဖရိကမှာ Omicron ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို တွေ့ရှိလာတဲ့နောက် ဩစတြေးလျမှာလည်း အာဖရိက ဒေသတွင်း နိုင်ငံတွေက လာရောက်တဲ့ ခရီးသည်တွေကို ဆေးစစ်မှုတွေ ပိုမို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။

Public Service Announcement

Public Service Announcement

အခုအခါ ဩစတြေးလျ နိုင်ငံမှာ Omicron ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ ကူးစက်ထားသူ ၂ ဦးကို အတည်ပြု တွေ့ရှိထားပြီးပြီ ဖြစ်ပါတယ်။ ဩစတြေးလျ အစိုးရက တောင်အာဖရိက၊ နမီးဘီးယား၊ ဇင်ဘာဘွေ၊ ဘော့ဆွာနာ၊ လီဆိုသို၊ အက်ဆွာတီနီ၊ ဆီချိုင်လိစ်၊ မာလာဝီနဲ့ မိုဇင်ဘစ် နိုင်ငံတွေကို လေကြောင်း ပျံသန်း ပြေးဆွဲခွင့်တွေ ယာယီ ဆိုင်းငံ့သွားမယ်လို့ ကြေညာထားပါတယ်။ အဲဒီ နိုင်ငံတွေက လာရောက်တဲ့ ဘယ်သူမဆို ဩစတြေးလျ နိုင်ငံသား မဟုတ်ရင် ပြည်ဝင်ခွင့် တားမြစ် ခံရမယ်လို့လည်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာရှ-ပစိဖိတ်ရပ်ဝန်းမှာ စစ်အင်အား အပြိုင်အဆိုင် ချဲ့ထွင် တည်ဆောက်လာတဲ့ အခြေအနေတွေကို အမီလိုက်ဖို့အတွက် ဩစတြေးလျ ရေတပ်ဟာလည်း ခေတ်နဲ့အညီ အဆင့်မြှင့် ပြင်ဆင် ပြောင်းလဲရမယ်လို့ ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားလ်စ်က ပြောပါတယ်။

သတင်း

အခုလို အရေးယူ ပိတ်ဆို့မှုတွေဟာ အာဏာသိမ်း စစ်တပ်က ပြည်သူလူထုအပေါ် ကြမ်းကြုတ် ရက်စက်လှတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာကို ကန့်သတ် လျှော့ချဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဩစတြေးလျက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

Optusဟာ အင်တာနက် ပြတ်တောက်တဲ့ ကိစ္စအပြင် မနှစ်တုန်းက အချက်အလက် ပေါက်ကြားမှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရဖူးပါတယ်။ အဲဒီတုန်းကလည်း ကုမ္ပဏီကို ရို့စ်မာရင်ပဲ အဓိက မောင်းနှင် ဦးဆောင်နေခဲ့တာပါ။

နိုင်ငံတကာ

ဟိုတယ်ထဲမှာ ခေါင်းဖြတ်ထားတဲ့ အလောင်း ရှာတွေ့ခဲ့တဲ့နောက် အမျိုးသမီး တစ်ဦးနဲ့ မိဘတွေကို ဖမ်းဆီးထားလိုက်ကြောင်း ဂျပန် ရဲတပ်ဖွဲ့က ပြောပါတယ်။