Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထောင်မကျချင်လို့ သေချင်ယောင်ဆောင်ပေမယ့် အလိမ်ပေါ်ပြီး အဖမ်းခံလိုက်ရတဲ့ အိန္ဒိယ အမျိုးသား

ကူးမားဟာ သူနဲ့ လုံးတူရပ်တူ အရွယ်လောက် ရှိတဲ့ ဒိုမန် ရာဗီဒက်စ်ကို နိုဝင်ဘာ ၁၉ ရက်က သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရာဗီဒက်စ်ရဲ့ အလောင်းကို ကူးမားကိုယ်တိုင် ဆိုင်ကယ်ပေါ်တင်ပြီး ပြောင်းရွှေ့နေတာကို ရဲတွေက လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကနေ တွေ့ရှိခဲ့တဲ့နောက် သူ့အကြံ ပျက်သွားခဲ့တာ ဖြစ်ပါတယ်။

ထောင်ထဲ ပြန်မသွားချင်လို့ သေချင်ယောင် ဆောင်ခဲ့တဲ့ အမျိုးသားကို အိန္ဒိယ ရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

နိုင်ငံမြောက်ပိုင်း အူတာ ပရာဒက်ရှ် ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ် ဆူဒက်ရှ် ကူးမားက သူဟာ တခြားသူ တစ်ယောက်ကို သတ်ပြီး အလောင်းကို သူ့အလောင်းအဖြစ် လှည့်စား ပုံဖော်ဖို့ ကြိုးစားခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒီကိစ္စမှာ ကူးမားရဲ့ ဇနီးကလည်း ကြံရာပါ ဖြစ်ခဲ့ပါတယ်။

ကူးမားဟာ သူနဲ့ လုံးတူရပ်တူ အရွယ်လောက် ရှိတဲ့ ဒိုမန် ရာဗီဒက်စ်ကို နိုဝင်ဘာ ၁၉ ရက်က သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရာဗီဒက်စ်ရဲ့ အလောင်းကို ကူးမားကိုယ်တိုင် ဆိုင်ကယ်ပေါ်တင်ပြီး ပြောင်းရွှေ့နေတာကို ရဲတွေက လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကနေ တွေ့ရှိခဲ့တဲ့နောက် သူ့အကြံ ပျက်သွားခဲ့တာ ဖြစ်ပါတယ်။

ကူးမားဟာ ၁၃ နှစ်အရွယ် သမီးအရင်းကို သတ်ဖြတ်မှုအတွက် ၂၀၁၈ တုန်းက စွဲချက်တင် ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကိုဗစ်ရောဂါ ဖြစ်ပွားလာတဲ့နောက် အိန္ဒိယက ပြည်နယ် တချို့ဟာ စီရင်ချက် မချရသေးဘဲ ထိန်းသိမ်းထားသူတွေ အပါအဝင် အကျဉ်းသား အတော်များများကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အကြောင်းကတော့ လူတွေ အရမ်းထူထပ် များပြားနေတဲ့ ထောင်တွေထဲမှာ ရောဂါ အကြီးအကျယ် ကူးစက်တာမျိုးတွေ ဖြစ်လာမှာ စိုးလို့ပါ။

Public Service Announcement

Public Service Announcement

နောက်ပိုင်းမှာ ကူးမားရဲ့ အမှုကို ပြန်စစ်ဆေးပြီး ပြစ်မှု ထင်ရှားနေတဲ့အတွက် သူ့ကို ထောင်ပြန်ချဖို့ ရဲတွေက လိုက်ရှာခဲ့ကြပါတယ်။ ဒါကြောင့် ကူးမားက သေချင်ယောင်ဆောင်ပြီး ကိုယ်ရောင်ဖျောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ရဲတွေက ရာဗီဒက်စ်ရဲ့ မမှတ်မိနိုင်လောက်အောင် ရုပ်ဆင်းအင်္ဂါ ပျက်ယွင်းနေတဲ့ အလောင်းကို ရှာတွေ့ခဲ့ပြီး အိတ်ထဲမှာတော့ ကူးမားရဲ့ နိုင်ငံသား မှတ်ပုံတင်ကတ် ရှိနေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဒေလီမှာ နေထိုင်တဲ့ ကူးမားရဲ့ ဇနီးသည် အနူပါမာကလည်း အလောင်းဟာ သူ့ခင်ပွန်း ဖြစ်ပါတယ်လို့ ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ သတင်းပေးတွေက ကူးမားဟာ ဇနီးသည်ဆီ ဝင်ထွက် သွားလာနေကြောင်း ရဲတွေဆီ တိုင်ကြားခဲ့တာကြောင့် ရဲတပ်ဖွဲ့က သူတို့အိမ်ကို ဝင်စီးခဲ့တဲ့အခါ နှစ်ယောက်စလုံးကို လက်ပူးလက်ကြပ် ဖမ်းဆီး ရမိခဲ့ပါတယ်။ အခုတော့ အနူပါမာပါ အဖမ်းခံထားရပြီ ဖြစ်ပါတယ်။

ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ အိုင်ရက်ဂျ် ရာဂျာကတော့ သူ့လက်အောက်ခံ ရဲအရာရှိတွေက ဒီဖြစ်စဉ်ကို ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် အထူးတလည် ချီးကျူး ဂုဏ်ပြုရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။