Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားမှာ KPop ကြည့်ရှုသူ ၇ ဦးထက်မနည်း ကွပ်မျက်ခံခဲ့ရ

Transitional Justice Working Groupဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူ ၇၀၀ လောက်ကို တွေ့ဆုံ မေးမြန်းမှုတွေ ပြုလုပ်အပြီးမှာ KPop ကြည့်သူတွေ ကွပ်မျက်ခံရတဲ့ ကိစ္စတွေကို ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေကို New York Times သတင်းစာမှာ ထပ်ဆင့် ဖော်ပြခဲ့ပါတယ်။

KPop သီချင်း ဗီဒီယို ကြည့်ရှုသူတွေကို မြောက်ကိုရီးယားမှာ သေဒဏ်စီရင် ကွပ်မျက်နေကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်လာပါတယ်။

မြောက်ကိုရီးယား အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း KPop ဗီဒီယိုတွေ ကြည့်ရှုသူ ၇ ဦးထက် မနည်းကို လူသိရှင်ကြား သုတ်သင်ခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ပြိုင်ဘက် တောင်ကိုရီးယား နိုင်ငံရဲ့ အနုပညာ လွှမ်းမိုးစိမ့်ဝင်မှုတွေအပေါ် အကြီးအကျယ် အကဲဆတ်တဲ့ သဘောထားမျိုး ရှိနေပါတယ်။

Transitional Justice Working Groupဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူ ၇၀၀ လောက်ကို တွေ့ဆုံ မေးမြန်းမှုတွေ ပြုလုပ်အပြီးမှာ KPop ကြည့်သူတွေ ကွပ်မျက်ခံရတဲ့ ကိစ္စတွေကို ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေကို New York Times သတင်းစာမှာ ထပ်ဆင့် ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက တောင်ကိုရီးယားရဲ့ ကမ္ဘာသိ ပျံ့နှံ့အောင်မြင်လာတဲ့ KPop ဂီတဟာ ဆိုးရွားလွန်းတဲ့ ကင်ဆာတစ်မျိုးလို့ ဝေဖန် ပြောဆိုဖူးပါတယ်။ KPopဟာ မြောက်ကိုရီးယားရဲ့ ယဉ်ကျေးမှုနဲ့ အမူအကျင့်တွေကို ညစ်နွမ်းအောင် ကူးစက်စေတယ်လို့လည်း ကင်မ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မနှစ်တုန်းကတော့ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားရဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို ဖြန့်ဝေရင် သေဒဏ်ထိ ချမှတ်နိုင်တဲ့ ဥပဒေသစ် တစ်ခုကို တရားဝင် အတည်ပြုလိုက်ကြောင်း New York Timesက ဖော်ပြထားပါတယ်။ တောင်ကိုရီးယားရဲ့ လူကြိုက်များတဲ့ Squid Game ဇာတ်လမ်းတွဲကို မှောင်ခိုသွင်းခဲ့သူ တစ်ဦးလည်း မြောက်ကိုရီးယားမှာ သေဒဏ် ပေးခံခဲ့ရတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားမှာ အဲဒီလို သေဒဏ် စီရင်မှုတွေကို ကွပ်မျက်ခံရသူရဲ့ မိသားစုတွေကပါ ကြည့်ရှုဖို့ ဖိအားပေး ခိုင်းစေ ခံနေရတယ်လို့ Transitional Justice Working Groupက စွပ်စွဲထားပါတယ်။ မြောက်ကိုရီးယားဟာ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို တင်းတင်းကျပ်ကျပ် သတင်း အမှောင်ချလေ့ ရှိပြီး အမှန်တကယ် ကွပ်မျက်ခံရသူ ဦးရေဟာ အများကြီး ပိုနိုင်သေးတယ်လို့လည်း Transitional Justice Working Groupရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။