Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရက်လွန်သွားတဲ့ ကိုဗစ် ကာကွယ်ဆေး အလုံးရေ တစ်သန်းကျော်ကို နိုက်ဂျီးရီးယား ဖျက်ဆီး

နိုက်ဂျီးရီးယားမှာ လူဦးရေ ၂၀၆ သန်းလောက် ရှိတဲ့အနက် ၂ ရာခိုင်နှုန်းလောက်သာ ကာကွယ်ဆေး ၂ ကြိမ် အပြည့် ထိုးနှံရပါသေးတယ်။ အစိုးရက လာမယ့် ဖေဖော်ဝါရီလမှာ လူဦးရေ ၂၅ ရာခိုင်နှုန်းထိ ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ ရည်ရွယ်ထားပေမယ့် အထမြောက်ဖို့ အလားအလာ နည်းပါတယ်။

နိုက်ဂျီးရီးယား နိုင်ငံမှာ သက်တမ်းလွန် ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်း တစ်သန်းကျော်ကို ဖျက်ဆီးပစ်ခဲ့ကြောင်း သိရပါတယ်။

ဗြိတိန်နိုင်ငံ၊ အောက်စ်ဖို့ဒ် တက္ကသိုလ်နဲ့ AstraZeneca ကုမ္ပဏီတို့ ပူးပေါင်း ထုတ်လုပ်ခဲ့တဲ့ အဲဒီ ကာကွယ်ဆေးတွေကို သတ်မှတ် ကာလ မတိုင်ခင်မှာ ပြည်သူတွေကို ဖြန့်ဝေ ထိုးနှံပေးဖို့ အထမမြောက်ခဲ့ဘူးလို့ နိုက်ဂျီးရီးယား အာဏာပိုင်တွေက ဝန်ခံပါတယ်။

နိုက်ဂျီးရီးယား အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှုဌာန အကြီးအကဲ ဖိုင်ဆဲလ် ရှော်ရစ်ဘ်က ဆေးတွေ သက်တမ်း လွန်ကုန်တဲ့အခါ ဖျက်ဆီးပစ်ဖို့က လွဲပြီးတော့ တခြား ရွေးချယ်စရာ မရှိတော့ဘူးလို့ ပြောပါတယ်။ နိုက်ဂျီးရီးယားဟာ အာဖရိကတိုက်မှာ လူဦးရေ အထူထပ်ဆုံး နိုင်ငံဖြစ်ပြီး ကာကွယ်ဆေး လိုအပ်ချက် မြင့်မားနေပါတယ်။ အဓိက ပြဿနာက လှူဒါန်းလိုက်တဲ့ ကာကွယ်ဆေးတွေဟာ နိုက်ဂျီးရီးယားကို ရောက်လာချိန် ကတည်းက သက်တမ်း သိပ်မကျန်တော့တာ ဖြစ်တယ်လို့ သူက အကြောင်းပြပါတယ်။

နိုက်ဂျီးရီးယားမှာ လူဦးရေ ၂၀၆ သန်းလောက် ရှိတဲ့အနက် ၂ ရာခိုင်နှုန်းလောက်သာ ကာကွယ်ဆေး ၂ ကြိမ် အပြည့် ထိုးနှံရပါသေးတယ်။ အစိုးရက လာမယ့် ဖေဖော်ဝါရီလမှာ လူဦးရေ ၂၅ ရာခိုင်နှုန်းထိ ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ ရည်ရွယ်ထားပေမယ့် အထမြောက်ဖို့ အလားအလာ နည်းပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလောမှာတော့ ကူးစက်နှုန်းမြန် ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ် Omicronကလည်း နိုက်ဂျီးရီးယားကို ရောက်ရှိနေပြီး လျင်လျင်မြန်မြန် ပျံ့နှံ့နေပါတယ်။ လက်ရှိ ပြည်တွင်းမှာ နေ့အလိုက် ကူးစက်နှုန်းဟာ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်နဲ့ ယှဉ်ရင် ၅ ဆလောက်ထိ မြင့်တက်လာနေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုက်ဂျီးရီးယား နိုင်ငံမှာ လောင်စာပိုက်လိုင်း တစ်ခုကနေ ဆီခိုးဖို့ ကြိုးစားရာက အဆိပ်အတောက် ဓာတ်ငွေ့တွေ ရှူမိပြီး လူ ၄၀ နီးပါး သေဆုံးခဲ့ပါတယ်။

သတင်း

လက်နက်ကိုင်တွေက ပြန်ပေးဆွဲပြီး အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရသူ ၃၃ ဦးကို အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ခဲ့ကြောင်း နိုက်ဂျီးရီးယား စစ်တပ်က ကြေညာခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

နိုက်ဂျီးရီးယား နိုင်ငံပိုင်နက်ထဲမှာရှိတဲ့ အိုင်အက်စ် စစ်သွေးကြွ ပစ်မှတ်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။