Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားလုပ် စစ်သင်္ဘောအသစ် နှစ်စီး ဖိလစ်ပိုင်ရေတပ် မှာယူ

ဖိလစ်ပိုင် ရေတပ်ဟာ သေးငယ်ကျစ်လစ်ပြီး မြန်နှုန်းမြင့် ရွေ့လျားနိုင်တဲ့ နည်းပညာမြင့် စစ်ရေယာဉ်တွေကို ပိုမို အသုံးပြုဖို့ ရည်ရွယ်လာပါတယ်။ တောင်ကိုရီးယားကနေ မှာယူမယ့် စစ်သင်္ဘောတွေဟာ ရေပြင်၊ ရေအောက်နဲ့ ဝေဟင်က ပစ်မှတ်တွေကို ကိုင်တွယ် တုံ့ပြန်နိုင်စွမ်း ရှိလိမ့်မယ်လို့ လော်ရန်ဇာနာက ဆိုပါတယ်။

တရုတ်နဲ့ ရေပိုင်နက် အငြင်းပွားမှုတွေ ရှိနေတဲ့ အခြေအနေမှာ ဖိလစ်ပိုင် ရေတပ်ဟာ တောင်ကိုရီးယားကနေ စစ်သင်္ဘော အသစ်နှစ်စီး မှာယူလိုက်ကြောင်း သိရပါတယ်။

ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီး ဒယ်လ်ဖင် လော်ရန်ဇာနာက Hyundai အကြီးစား စက်မှု လုပ်ငန်းစုကြီးရဲ့ အကူအညီကို ရယူပြီး ရေတပ်ကို ခေတ်မီအောင် မွမ်းမံ တည်ဆောက်ဖို့ စီစဉ်နေကြောင်း ဒီဇင်ဘာ ၂၈ ရက်က ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်ဟာ ဒေသတွင်း အင်အားကြီး တရုတ်နိုင်ငံနဲ့ တောင်တရုတ်ပင်လယ် ရေပိုင်နက်ကိစ္စ အငြင်းပွားမှု ပြဿနာတွေ ကြုံတွေ့နေရပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ဖိလစ်ပိုင် ရေတပ်ရဲ့ ဖွဲ့စည်းပုံဟာ အကျပိုင်းဖက်ကို ဦးတည်ခဲ့ပါတယ်။ ရေတပ်မှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် အမေရိကန်လုပ် ရေယာဉ်တွေကိုတောင် အသုံးပြုနေခဲ့ရပါတယ်။ ဒါပေမဲ့ အရင် သမ္မတ ဘီနစ်ဂ်နို အကွီနို လက်ထက်၊ ၂၀၁၀ ကစလို့ ရေတပ်ကို စနစ်တကျ ပြန်လည် အဆင့်မြှင့် ဖွဲ့စည်းဖို့ စတင် လုပ်ဆောင်လာခဲ့ပါတယ်။

အခု တောင်ကိုရီးယားကနေ မှာယူမယ့် ရေယာဉ်နှစ်စီးရဲ့ ကျသင့်တန်ဖိုးက ပီဆိုငွေ ၂၈ ဘီလီယံ၊ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၅၅၆ သန်း ဝန်းကျင်လောက် ရှိမယ်လို့ ဆိုပါတယ်။ Hyundaiဟာ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကလည်း ဖိလစ်ပိုင် ရေတပ်အတွက် အကြီးစား ဖရီးဂိတ် စစ်သင်္ဘောနှစ်စီး တည်ဆောက်ပေးဖို့ ကန်ထရိုက်စာချုပ် ရရှိခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဖိလစ်ပိုင် ရေတပ်ဟာ သေးငယ်ကျစ်လစ်ပြီး မြန်နှုန်းမြင့် ရွေ့လျားနိုင်တဲ့ နည်းပညာမြင့် စစ်ရေယာဉ်တွေကို ပိုမို အသုံးပြုဖို့ ရည်ရွယ်လာပါတယ်။ တောင်ကိုရီးယားကနေ မှာယူမယ့် စစ်သင်္ဘောတွေဟာ ရေပြင်၊ ရေအောက်နဲ့ ဝေဟင်က ပစ်မှတ်တွေကို ကိုင်တွယ် တုံ့ပြန်နိုင်စွမ်း ရှိလိမ့်မယ်လို့ လော်ရန်ဇာနာက ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဖိလစ်ပိုင် ရေတပ်ဟာ အမေရိကန် ကမ်းခြေစောင့်တပ်ရဲ့ ရေယာဉ်ဟောင်း နှစ်စီးနဲ့ ဩစတြေးလျ ရေတပ်ရဲ့ ကမ်းတက်ရေယာဉ်ဟောင်း ၃ စီးကိုလည်း လက်ခံ ရရှိထားပါတယ်။ ဒါ့အပြင် ဂျပန်ကလည်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်အတွက် ရေယာဉ်တွေ ထောက်ပံ့ပေးထားပါတယ်။ ဒီအခြေအနေ အားလုံးက တောင်တရုတ်ပင်လယ် ရေပိုင်နက်ကို လက်ဝါးကြီးအုပ်ဖို့ ကြံစည်လာတဲ့ တရုတ်ရဲ့ ခြေလှမ်းတွေကို တုံ့ပြန် တွန်းလှန်ဖို့ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

Facebook