Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပထမဆုံးအကြိမ် ဝက်ရဲ့ နှလုံးနဲ့ အစားထိုး ခွဲစိတ်ကုသမှု အောင်မြင်

မေရီလန်း ဆေးသိပ္ပံဌာနရဲ့ ပညာရှင်တွေဟာ ဒီခွဲစိတ်မှုကို ပြုလုပ်ဖို့အတွက် အမေရိကန် ဆေးဝါးနဲ့ ကျန်းမာရေး စည်းမျဉ်း ကြပ်မတ်မှု တာဝန်ရှိသူတွေဆီက အထူး ခွင့်ပြုချက်ကို ရယူခဲ့ရပါတယ်။ လူနာ ကိုယ်တိုင်က ဆန္ဒရှိသလို ခွဲစိတ်မှု မလုပ်ရင် သေချာပေါက် လူနာကို လက်လွှတ်ရမယ်ဆိုတာကို အတည်ပြုနိုင်တဲ့ အခါကျမှလည်း တာဝန်ရှိသူတွေက ခွင့်ပြုပေးခဲ့တာပါ။

ဆေးပညာ သမိုင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် လူတစ်ဦးမှာ ဝက်ရဲ့ နှလုံးနဲ့ အစားထိုးပြီး အောင်အောင်မြင်မြင် ခွဲစိတ် ကုသပေးနိုင်ခဲ့ပါတယ်။

အသက် ၅၇ နှစ်အရွယ် အမေရိကန် နိုင်ငံသား ဒေးဗစ် ဘန်းနက်ဟာ ၇ နာရီကြာ ခွဲစိတ်မှုကို ခံယူပြီးတဲ့နောက် ၃ ရက်အကြာမှာ ထူထူထောင်ထောင် ဖြစ်လာပြီလို့ ဆရာဝန်တွေက ပြောပါတယ်။ ဘာလ်တီမိုးမြို့မှာ ပြုလုပ်ခဲ့တဲ့ သမိုင်းဝင် ခွဲစိတ်မှုမှာ ဆရာဝန်တွေက လူသားနဲ့ သင့်တော်အောင် မျိုးဗီဇအရ ပြုပြင်ပြောင်းလဲထားတဲ့ ဝက်နှလုံးကို ဘန်းနက်ရဲ့ နှလုံးနေရာမှာ အစားထိုး တပ်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဘန်းနက်ရဲ့ နှလုံးဟာ အကြီးအကျယ် ထိခိုက်ပျက်စီးနေပြီး အစားထိုးစရာ နှလုံးလည်း ရှာမရပါဘူး။ ဒါကြောင့် အခုနည်းလမ်းနဲ့ စွန့်စားကြည့်ခြင်းကသာ သူ့အတွက် အသက်ဆက်ရှင်နိုင်ဖို့ အလောင်းအစားဆန်ဆန် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာပါတယ်။ ဒါကြောင့်လည်း ဘန်းနက်က ဝက်နှလုံးနဲ့ အစားထိုး ကုသမှု ခံယူဖို့ ဆုံးဖြတ်လိုက်တာပါ။

သူ့အတွက် ဒီခွဲစိတ်မှုကို ရွေးရင်ရွေး၊ မရွေးရင်တော့ သေရုံပဲလို့ ဘန်းနက်က ခွဲစိတ်ခန်းထဲ မဝင်ခင်မှာ ပြောကြားသွားခဲ့ပါတယ်။ ဒါဟာ အမှောင်ထဲက ပစ်မှတ်ကို စမ်းတဝါးဝါး လှမ်းပစ်ရသလို ဖြစ်နေမှန်း နားလည်ကြောင်း၊ ဒါပေမဲ့ သူ့အတွက် နောက်ဆုံး ရွေးချယ်စရာလည်း ဖြစ်နေကြောင်း ဘန်းနက်က ဖွင့်ဟခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မေရီလန်း ဆေးသိပ္ပံဌာနရဲ့ ပညာရှင်တွေဟာ ဒီခွဲစိတ်မှုကို ပြုလုပ်ဖို့အတွက် အမေရိကန် ဆေးဝါးနဲ့ ကျန်းမာရေး စည်းမျဉ်း ကြပ်မတ်မှု တာဝန်ရှိသူတွေဆီက အထူး ခွင့်ပြုချက်ကို ရယူခဲ့ရပါတယ်။ လူနာ ကိုယ်တိုင်က ဆန္ဒရှိသလို ခွဲစိတ်မှု မလုပ်ရင် သေချာပေါက် လူနာကို လက်လွှတ်ရမယ်ဆိုတာကို အတည်ပြုနိုင်တဲ့ အခါကျမှလည်း တာဝန်ရှိသူတွေက ခွင့်ပြုပေးခဲ့တာပါ။

အခုလို ခွဲစိတ်မှု အောင်မြင်သွားတဲ့နောက် အနာဂတ်မှာ နှလုံး ပြဿနာကြောင့် လူ့အသက်တွေ အများကြီး ဆုံးရှုံးရတဲ့ အခြေအနေကို ရှောင်လွှဲလာနိုင်မယ်လို့ ပညာရှင်တွေက မျှော်လင့်နေပါတယ်။ ဒီခွဲစိတ်မှုမျိုးက ချက်ချင်း တွင်ကျယ် ပျံ့နှံ့လာမှာတော့ မဟုတ်သေးကြောင်း၊ ဒါပေမဲ့ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရှားပါး ပြတ်လပ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ ခြေတစ်လှမ်း နီးလာတယ်လို့ ယုံကြည်ကြောင်း ခွဲစိတ်ဆရာဝန် ဘတ်လေ ဂရစ်ဖစ်သ်က မှတ်ချက် ပေးခဲ့ပါတယ်။

အမေရိကန်မှာ ကလီစာ အစားထိုး ကုသမှုတွေ ခံယူဖို့ စောင့်ဆိုင်းနေရင်း တစ်နေ့ကို လူ ၁၇ ဦးလောက် ပျမ်းမျှ သေဆုံးနေပြီး အစားထိုး ခွဲစိတ်မှု ခံယူဖို့ စာရင်းသွင်းထားသူ ဦးရေက အမြဲတမ်းလိုလို ၁ သိန်းကျော်လောက် ရှိနေပါတယ်။ ဒီလို အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် တိရစ္ဆာန်တွေရဲ့ ကလီစာတွေကို အစားထိုး အသုံးပြုနိုင်ဖို့ ဆေးသိပ္ပံ ပညာရှင်တွေက ကြိုးစား နည်းလမ်းရှာနေကြတာပါ။

ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလကလည်း နယူးယောက်မှာ လူနာတစ်ဦးကို ဝက်ရဲ့ ကျောက်ကပ်နဲ့ အောင်အောင်မြင်မြင် အစားထိုး ခွဲစိတ် ကုသပေးနိုင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ခွဲစိတ်မှု လုပ်ငန်းစဉ် အောင်မြင်ပြီး ကျောက်ကပ်က ပုံမှန် အလုပ်လုပ်ပေမယ့် လူနာကတော့ ဦးနှောက်သေသွားခဲ့ပါတယ်။

ဘန်းနက်ကတော့ သူ့ရဲ့ ခွဲစိတ် ကုသမှုဟာ ကောင်းကောင်း အလုပ်ဖြစ်ပြီး ပြန်ကျန်းမာလာမယ်လို့ ယုံကြည်နေပါတယ်။ ခွဲစိတ်မှု မတိုင်ခင် သီတင်း ၆ ပတ်လုံးလုံး ဆေးရုံကုတင်ပေါ် လဲနေခဲ့တဲ့ ဘန်းနက်က သူဟာ နေပြန်ကောင်းလာတာနဲ့ ကုတင်ပေါ်က မြန်မြန် ထချင်ပြီလို့ ပြောထားဖူးပါတယ်။ ဆရာဝန်တွေကတော့ လူနာရဲ့ နောက်ဆက်တွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ သတိကြီးကြီး စောင့်ကြည့်နေဆဲလို့ ဆိုပါတယ်။ ဝက်ရဲ့ နှလုံးကို မျိုးဗီဇ ပြောင်းလဲထားပေမယ့် ဘန်းနက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဆဲလ်တွေက လက်မခံဘဲ တုံ့ပြန် တွန်းလှန်တာမျိုးတွေ ရှိကောင်း ရှိလာမှာကို ဆရာဝန်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

News

မေလ ၁၈ ရက်က မန္တလေး နား၊နှာခေါင်း၊လည်ချောင်းခွဲစိတ်ဆေးရုံကြီးမှာ ကုသမှုခံယူခဲ့ပြီး လက်ရှိမှာတော့ ထောင်တွင်းဆေးရုံမှာ ဆက်လက်ကုသမှုခံယူနေပါတယ်။

News

တပ်ဖွဲ့ဝင်များအားလုံးသည် သေနတ်ပုံစံသစ်သားတုတ်များကိုကိုင်ဆောင်၍ စစ်ရေးလေ့ကျင့် နေရသည့် ဓာတ်ပုံမှတ်တမ်းများကို KNDFကထုတ်ပြန်ရင်း လက်နက်ခဲယမ်း လုံလောက်မှုမရှိကြောင်း ပြည်သူလူထုအား အသိပေးထားသည်။

ဗီဒီယို

အိပ်ချိန် မမှန်တာ၊ အိပ်ချိန် နည်းလွန်းတာတွေက နှလုံးကျန်းမာရေးကို သွယ်ဝိုက် ထိခိုက်စေတယ်လို့ အိတ်ဆက်စ်တာ တက္ကသိုလ်ရဲ့ ဦးဆောင် သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ ဒေးဗစ်ပလန်စ်က ရှင်းပြပါတယ်။