Connect with us

Hi, what are you looking for?

ဗီဒီယို

ည ၁၀ နာရီ ဝန်းကျင်မှာ ပုံမှန် အိပ်စက်ခြင်းက နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေတယ်လို့ဆို

အိပ်ချိန် မမှန်တာ၊ အိပ်ချိန် နည်းလွန်းတာတွေက နှလုံးကျန်းမာရေးကို သွယ်ဝိုက် ထိခိုက်စေတယ်လို့ အိတ်ဆက်စ်တာ တက္ကသိုလ်ရဲ့ ဦးဆောင် သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ ဒေးဗစ်ပလန်စ်က ရှင်းပြပါတယ်။

နှလုံးကျန်းမာရေးကို ကောင်းမွန်အောင် စောင့်ရှောက် ထိန်းသိမ်းဖို့အတွက် နေ့စဉ် ည ၁၀ နာရီ ဝန်းကျင်လောက်မှာ ပုံမှန် အိပ်စက်သင့်ကြောင်း သုတေသီတွေက ပြောကြားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ၊ Biobank သုတေသန ဌာနက ပညာရှင်တွေဟာ လူပေါင်း ၈၈၀၀၀ ကျော်လောက်ရဲ့ နေထိုင်မှု ပုံစံနဲ့ နှလုံးကျန်းမာရေး ဆက်စပ်မှုတွေကို ဆန်းစစ် လေ့လာခဲ့ကြပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ လုပ်ငန်းစဉ်တွေမှာ ပုံမှန် စည်းချက်နဲ့ လည်ပတ်နေတဲ့ အပိုင်းတွေ ရှိပါတယ်။ ခန္ဓာကိုယ်က ဘယ်အချိန်မှာ အနားယူသင့်တယ်၊ ဘယ်အချိန်မှာ နိုးကြားနေသင့်တယ်ဆိုတဲ့ ပင်ကို အသိနဲ့ စေ့ဆော်မှုမျိုး ပိုင်ဆိုင်ထားကြောင်း သုတေသီတွေက ရှင်းပြပါတယ်။

လူတွေအတွက် အသင့်တော်ဆုံး အိပ်ချိန်ကတော့ ည ၁၀ နာရီနဲ့ ၁၁ နာရီကြားလောက်မှာ ဖြစ်တယ်လို့ ပညာရှင်တွေက ဥရောပ ကျန်းမာရေး ဂျာနယ်မှာ ဖော်ပြထားပါတယ်။ Biobankက သုတေသီတွေဟာ လူတွေရဲ့ အိပ်စက်ချိန်၊ နိုးထနေချိန်တွေကို ၇ ရက်တာ ကာလ အပိုင်းအခြားအတွင်း စောင့်ကြည့်ပြီး သိပ္ပံနည်းကျ အချက်အလက်တွေ ကောက်ယူခဲ့ပါတယ်။ ဒီစစ်တမ်းမှာ ပါဝင်သူတွေက အိပ်စက်မှု အခြေအနေကို တိုင်းတာတဲ့ စမတ်လက်ပတ်လို ပစ္စည်းတွေကို ဝတ်ဆင်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ ၆ နှစ်လောက်အတွင်း အဲဒီလူတွေရဲ့ သွေးလှည့်ပတ်မှု စနစ်နဲ့ နှလုံးကျန်းမာရေး အခြေအနေတွေကို ဆက်ပြီး စောင့်ကြည့်ခဲ့ပါတယ်။ အဲဒီ လူပေါင်း ၈၈၀၀၀ ကျော်ထဲမှာ ၃၀၀၀ လောက်က နှလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေ ရှိနေတာ တွေ့လာရပြီး တူညီတဲ့ အချက်တစ်ခုကတော့ အားလုံးလိုလိုဟာ အကောင်းဆုံး အိပ်ချိန်လို့ သတ်မှတ်ထားတဲ့ ည ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာ အိပ်ရာမဝင်သူတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အိပ်ချိန် မမှန်တာ၊ အိပ်ချိန် နည်းလွန်းတာတွေက နှလုံးကျန်းမာရေးကို သွယ်ဝိုက် ထိခိုက်စေတယ်လို့ အိတ်ဆက်စ်တာ တက္ကသိုလ်ရဲ့ ဦးဆောင် သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ ဒေးဗစ်ပလန်စ်က ရှင်းပြပါတယ်။

ညသန်းခေါင်ကျော်မှ အိပ်ရာဝင်လေ၊ နှလုံးထိခိုက်နိုင်ခြေ ပိုများလေ ဖြစ်ကြောင်း၊ အိပ်ရာထ နောက်ကျတဲ့အခါ မနက်ခင်း နေရောင်နဲ့ အထိအတွေ့ ပိုနည်းသွားနိုင်သလို ခန္ဓာကိုယ်ရဲ့ ပုံမှန် လည်ပတ်မှု ကိုယ်ပိုင် နာရီကို ကမောက်ကမ ဖြစ်သွားစေနိုင်ကြောင်း ဒေါက်တာ ပလန်စ်က ပြောပါတယ်။

အိပ်ရာဝင်ချိန် ပုံမှန်ရှိဖို့ဆိုတဲ့ ကိစ္စလိုပဲ၊ အိပ်ချိန် လုံလောက်ဖို့ ဆိုတာကလည်း နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုလို့ သူက မှတ်ချက် ပေးခဲ့ပါသေးတယ်။ လူတိုင်းဟာ တစ်နေ့ကို အိပ်စက်ချိန် ၇ နာရီနဲ့ ၉ နာရီကြား ရှိသင့်တယ်လို့ ဒေါက်တာ ပလန်စ်က ဆိုပါတယ်။

ဒါပေမဲ့ နှလုံး ကျန်းမာရေးကို ရေရှည် ထိန်းညှိဖို့ ဆိုတာက အိပ်စက်မှုကို ဂရုစိုက်နေရုံ တစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့လည်း သူက သတိပေးပါတယ်။ ဆားသုံးစွဲတာ၊ အရက်လျှော့သောက်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ပုံမျိုး ရွေးချယ်တာ၊ ပုံမှန် လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန် ထိန်းညှိတာမျိုးတွေပါ ပေါင်းစပ်မှသာ အမှန်တကယ် နှလုံးကို ဂရုစိုက်ရာ ရောက်လိမ့်မယ်လို့ ဒေါက်တာ ပလန်စ်က ပြောကြားသွားပါတယ်။13h

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စင်ကာပူ နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်း ပိုရှည်လာကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဆောင်းပါး

"ခန္ဓာကိုယ်ခုခံအားဆဲလ်များဖြင့် ကင်ဆာကို တိုက်ဖျက်မည့် ကမ္ဘာ့ပထမဆုံး တွေ့ရှိချက်"

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံတောင်ပိုင်းမှာ အခုနှစ် နွေရာသီအတွင်း အပူလျှပ်လို့ သေဆုံးသူ ၁၆ ဦးထက်မနည်း ရှိခဲ့ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အတွေးအမြင်

တဖြည်းဖြည်းနဲ့ပိုပြီးမငြိမ်းချမ်းလာတဲ့ကမ္ဘာကြီးကိုသရုပ်ဖေါ်ပြတဲ့ဝေါဟာရတစ်ခုပေါ်ထွက်လာခဲ့ ပါတယ်။ဒီဘန်းစကားဟာ၂၀၂၅ ခုနှစ်မှာစတင်ပေါ်ပေါက်လာတာဖြစ်ပြီးလန်ဒန်အခြေစိုက်BMJ Global Health Journal မှာစတင်သုံးစွဲခဲ့တာပါ။