Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုဗစ်ဂယက်ကြောင့် အကျပ်ရိုက်ဖွယ် ရှိနေတဲ့ ဟောင်ကောင်က အိမ်မွေး တိရစ္ဆာန် ဟမ်းစတားလေးတွေ

Little Bossဆိုတဲ့ အိမ်မွေး တိရစ္ဆာန် အရောင်းဆိုင် တစ်ခုမှာ ဟမ်းစတားလေး ၁၁ ကောင် ကိုဗစ် ကူးစက် ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီးမှာ အခုလို ညွှန်ကြားချက်မျိုး ထွက်ပေါ်လာတာပါ။ ဒီသတင်းနဲ့ ဆက်စပ်ပြီး ဟောင်ကောင်မှာ ပိုင်ရှင်တချို့က သူတို့ မွေးထားတဲ့ ဟမ်းစတားလေးတွေကို စွန့်ပစ်တာမျိုး ဖြစ်လာနိုင်ကြောင်း စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ကိုဗစ်ရောဂါ ဂယက်ကြောင့် ဟောင်ကောင်မှာ စွန့်ပစ်ခံရဖွယ် ရှိနေတဲ့ အိမ်မွေး တိရစ္ဆာန် ဟမ်းစတားလေးတွေကို ခေါ်ယူ မွေးစားဖို့ လူပေါင်း ထောင်နဲ့ချီပြီး ဆန္ဒပြုထားကြောင်း သိရပါတယ်။

ကြွက်နဲ့တူပြီး ဉာဏ်ကောင်းတဲ့ အိမ်မွေး တိရစ္ဆာန်ငယ်လေးတွေမှာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ တွေ့ရှိလာတဲ့နောက် ဟောင်ကောင် အာဏာပိုင်တွေက ဟမ်းစတား အကောင်ရေ ၂၀၀၀ ထက် မနည်းကို ဖျက်ဆီးပစ်ဖို့ အမိန့် ထုတ်ခဲ့ပါတယ်။ အဲဒီ အမိန့်မှာ အကျုံးဝင်ပြီး ဖျက်ဆီးပစ်ခံရမယ့် ဟမ်းစတားလေးတွေက အိမ်မွေး တိရစ္ဆာန် အရောင်းဆိုင် တချို့နဲ့ သားဖောက်စင်တာတွေမှာ ရှိနေကြတာပါ။

Little Bossဆိုတဲ့ အိမ်မွေး တိရစ္ဆာန် အရောင်းဆိုင် တစ်ခုမှာ ဟမ်းစတားလေး ၁၁ ကောင် ကိုဗစ် ကူးစက် ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီးမှာ အခုလို ညွှန်ကြားချက်မျိုး ထွက်ပေါ်လာတာပါ။ ဒီသတင်းနဲ့ ဆက်စပ်ပြီး ဟောင်ကောင်မှာ ပိုင်ရှင်တချို့က သူတို့ မွေးထားတဲ့ ဟမ်းစတားလေးတွေကို စွန့်ပစ်တာမျိုး ဖြစ်လာနိုင်ကြောင်း စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ကမ္ဘာတလွှားက သိပ္ပံ ပညာရှင်တွေနဲ့ တိရစ္ဆာန်ဆေးကု ဆရာဝန်တွေက အိမ်မွေး တိရစ္ဆာန်တွေဆီ ရောဂါ ကူးစက်တာမျိုး ဖြစ်နိုင်ပေမယ့် ကပ်ရောဂါ အရှိန်အဟုန်နဲ့ ပျံ့နှံ့မှုမှာ တိရစ္ဆာန်လေးတွေရဲ့ ပါဝင်ပတ်သက်မှုက အရေးပါကြောင်း ခိုင်မာတဲ့ ဘာအထောက်အထားမှ မရှိဘူးလို့ မှတ်ချက် ပေးထားကြပါတယ်။ ဒါပေမဲ့ ဟောင်ကောင် အစိုးရကတော့ ကိုဗစ်နဲ့ ပတ်သက်ရင် ဘာကိုမှ ခြွင်းချက်မထားဘဲ ချိုးနှိမ် တိုက်ဖျက်သွားမယ့် မူဝါဒမျိုး ကိုင်ဆွဲထားတာကြောင့် ဟမ်းစတားတွေကိုလည်း သက်ညှာမယ့် အလားအလာ မရှိပါဘူး။

Public Service Announcement

Public Service Announcement

တရုတ် လက်အောက်ခံ ကျွန်းနိုင်ငံရဲ့ ကျန်းမာရေး ဝန်ကြီး ဆိုဖီယာချန်းက ကိုဗစ် ကူးစက်မှုနဲ့ ပတ်သက်ရင် ဘယ်လို ဖြစ်နိုင်ခြေ လမ်းကြောင်းကိုမဆို ထည့်တွက်ရမှာဖြစ်ပြီး အစိုးရက လုပ်သင့်တာ မှန်သမျှ လုပ်ရမယ်လို့ သတိပေးခဲ့ပါတယ်။

အခုအခါမှာတော့ ဟောင်ကောင်က ဟမ်းစတား မွေးထားပြီး Telegramမှာ Hong Kong the Cute Hamsterဆိုတဲ့ Groupကို ထူထောင်ထားသူ တစ်ဦးရဲ့ ဦးဆောင် စည်းရုံးမှုနဲ့ စွန့်ပစ်ခံ ဟမ်းစတားလေးတွေကို လိုလိုလားလား လက်လွှဲ မွေးမြူလိုကြောင်း စာရင်းပေးထားသူ ၃၀၀၀ လောက် ရှိပြီလို့ သိရပါတယ်။ အဲဒီ Groupရဲ့ အဖွဲ့ဝင်တွေက တကယ်လို့ ကိုဗစ် ကူးစက်မှုကို ကြောက်ပြီး ဟမ်းစတားတွေ မမွေးချင်တော့ဘူးဆိုရင် မစွန့်ပစ်ဘဲ သူတို့ဆီ ဆက်သွယ်ပေးဖို့ တိုက်တွန်း ကြေညာထားပါတယ်။

တိရစ္ဆာန်ကနေတဆင့် ရောဂါ ကူးစက်နိုင်တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဟမ်းစတား ပိုင်ရှင် တော်တော်များများက အထိတ်တလန့်ဖြစ်ပြီး သူတို့ရဲ့ တိရစ္ဆာန်လေးတွေကို စွန့်ပစ်တာမျိုး ဖြစ်လာနိုင်ခြေ မြင့်မြင့်မားမား ရှိနေကြောင်း အဲဒီ အဖွဲ့ဝင် တစ်ဦးက မှတ်ချက် ပေးပါတယ်။ နောက်ထပ် အဖွဲ့ဝင် တစ်ယောက်ကတော့ တိရစ္ဆာန်လေးတွေမှာလည်း အသက်ရှိကြောင်း၊ ဒီနေ့မှာ ဟမ်းစတားတွေ၊ ယုန်တွေ ရောဂါကူးပြီးရင် နောက်နေ့မှာ ကြောင်တွေ၊ ခွေးတွေအလှည့် ရောက်လာနိုင်ကြောင်း ဝေဖန်သွားပါတယ်။

ကိုဗစ်ရောဂါဟာ အရင်ကလည်း လူမဟုတ်တဲ့ နို့တိုက်သတ္တဝါတွေဆီ ကူးစက်တာမျိုးတွေ ရှိခဲ့ပါတယ်။ တိရစ္ဆာန်ရုံက ကျားတွေ၊ ခြင်္သေ့တွေ၊ ခွေးလိုမျိုး အိမ်မွေးတိရစ္ဆာန်မှာ ကိုဗစ် ဖြစ်ပွားကြောင်း ကမ္ဘာ့နိုင်ငံ တချို့မှာ ဖော်ထုတ် တွေ့ရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် သားမွေး ထုတ်လုပ်ဖို့ မွေးမြူတဲ့ မြွေပါကတိုး ကောင်ရေ သန်းနဲ့ချီပြီးလည်း ဥရောပနဲ့ မြောက်အမေရိက နိုင်ငံတချို့မှာ ရှင်းလင်း ဖျက်ဆီး ခံခဲ့ရကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောင်ကောင်ရဲ့ ထင်ရှားတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ မီဒီယာ လုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင်ကို ထောင်ဒဏ် နှစ် ၂၀ စီရင် ချမှတ်လိုက်ပါတယ်။

သတင်း

အိမ်ရာ မီးလောင်မှုကြီးတစ်ခုနဲ့ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့တဲ့နောက် ဟောင်ကောင်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်အားလုံး ငြမ်းဆင်ရာမှာ အသုံးပြုတဲ့ အစိမ်းရောင်ပိုက်တွေကို ဖယ်ရှားဖို့ ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

လူပေါင်း ၁၅၀ ကျော် သေဆုံးစေခဲ့တဲ့ အိမ်ရာ မီးလောင်မှုကြီးအပြီး ဟောင်ကောင် အာဏာပိုင်တွေဟာ လူ ၁၃ ဦးကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။

နိုင်ငံတကာ

ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ အိမ်ရာ မီးလောင်မှုမှာ သေဆုံးစာရင်းဟာ ရာဂဏန်း နီးပါးထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။