Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Lockdownကာလ ပါတီပွဲတွေနဲ့ ပတ်သက်လို့ လန်ဒန် ရဲတပ်ဖွဲ့ စုံစမ်းမေးမြန်းတာ ခံနေရတဲ့ ဗြိတိန် ဝန်ကြီးချုပ်

ဝန်ကြီးချုပ်ဟာ ရဲတပ်ဖွဲ့ရဲ့ ဆက်သွယ် မေးမြန်းမှုတွေမှာ စိတ်လိုလက်ရ ပူးပေါင်း ပါဝင်နေကြောင်း ဂျွန်ဆန်ရဲ့ ပြောရေး ဆိုခွင့်ရ အရာရှိက ဆိုပါတယ်။ လန်ဒန် ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၅၀ လောက်ကို အီးမေးလ်တွေ ပေးပို့ စုံစမ်း မေးမြန်းနေတယ်လို့ အတည်ပြုခဲ့ပါတယ်။

ကပ်ရောဂါ ဂယက်ကြောင့် Lockdown ကြေညာထားရတဲ့ ကာလအတွင်း ဝန်ကြီးချုပ် အိမ်တော်မှာ ပါတီပွဲတွေ ကျင်းပခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်ဟာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်း မေးမြန်းမှုတွေ ခံနေရပါတယ်။

ဝန်ကြီးချုပ်ဟာ ရဲတပ်ဖွဲ့ရဲ့ ဆက်သွယ် မေးမြန်းမှုတွေမှာ စိတ်လိုလက်ရ ပူးပေါင်း ပါဝင်နေကြောင်း ဂျွန်ဆန်ရဲ့ ပြောရေး ဆိုခွင့်ရ အရာရှိက ဆိုပါတယ်။ လန်ဒန် ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၅၀ လောက်ကို အီးမေးလ်တွေ ပေးပို့ စုံစမ်း မေးမြန်းနေတယ်လို့ အတည်ပြုခဲ့ပါတယ်။

ဝန်ကြီးချုပ်ဆီ မေးမြန်း စုံစမ်းတဲ့ အီးမေးလ်မှာလည်း ဂျွန်ဆန် အနေနဲ့ မှန်မှန်ကန်ကန်နဲ့ မကွယ်မဝှက် ဖြေကြားဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။ အီးမေးလ် ပေးပို့ မေးမြန်း ခံထားရသူတွေဟာ ၇ ရက်အတွင်း အကြောင်းပြန်ပေးဖို့ လိုကြောင်းလည်း လန်ဒန် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဂျွန်ဆန်ဟာ ကပ်ရောဂါ ထူထပ်နေချိန် အတောအတွင်း အစိုးရက Lockdown ကြေညာထားတဲ့ ကာလတွေမှာ ဝန်ကြီးချုပ် အိမ်တော်က ပါတီပွဲတွေကို တက်ရောက်ခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိတဲ့နောက် အကြီးအကျယ် ဝေဖန် ခံနေရပါတယ်။

Public Service Announcement

Public Service Announcement

အတိုက်အခံ အင်အားစုတွေက ဂျွန်ဆန် အနေနဲ့ အခုလို ရှက်စရာ လုပ်ရပ်မျိုးအတွက် တာဝန်ယူ၊ တာဝန်ခံပြီး ရာထူးက နုတ်ထွက်ပေးဖို့တောင် တောင်းဆိုနေပေမယ့် ကာယကံရှင် ကိုယ်တိုင်ကတော့ ငြင်းပယ်ထားဆဲပါ။ သူဟာ လက်သင့်ခံဖို့ ခက်ခဲတဲ့ လုပ်ရပ်တချို့ ပြုမူမိတဲ့ အတွက်တော့ ဝန်ချ တောင်းပန်ကြောင်း ပြောဆိုထားပါတယ်။

လွှတ်တော်က ညွှန်ကြားလို့ အကောင်အထည် ဖော်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဗြိတိန်မှာ Lockdown ကြေညာထားတဲ့ ကာလတွေအတွင်း ဝန်ကြီးချုပ် အိမ်တော်မှာ တွေ့ဆုံပွဲ အစီအစဉ် ၁၂ ခုထက်မနည်း ရှိခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိထားပါတယ်။ ဂျွန်ဆန်က အဲဒီထဲက တချို့ကို ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်းလည်း ဝန်ခံထားပြီးပါပြီ။

ဒီစုံစမ်းစစ်ဆေးမှုကို ဦးဆောင်ခဲ့ပြီး လွှတ်တော်ဆီ တင်ပြ အစီရင်ခံခဲ့တဲ့ အရာရှိ ဆူးဂရေးကတော့ ဒီဖြစ်ရပ်ဟာ အစိုးရရဲ့ ခေါင်းဆောင်မှုစွမ်းရည် အားနည်းညံ့ဖျင်းကြောင်း ပြယုဂ် တစ်ခုလို့ ဝေဖန် ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာပေါ်ရှိသြဇာအာဏာအရှိဆုံး မြို့ကြီးများထဲမှ တစ်မြို့အဖြစ် လန်ဒန်က ဆက်လက်ရပ်တည်နိုင်နေခြင်းမှာမြို့၏မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်တယ်လို့ လန်ဒန်မြို့တော်ဝန် ဆာဒီခ်ခန်းက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ တည်ရှိပြီး ဗြိတိန် အစိုးရက လက်လွှတ်ဖို့ စီစဉ်နေတဲ့ ကျွန်းစုတစ်ခုကို အမေရိကန် အစိုးရက ဝယ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။