Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

Lockdownကာလ ပါတီပွဲတွေနဲ့ ပတ်သက်လို့ လန်ဒန် ရဲတပ်ဖွဲ့ စုံစမ်းမေးမြန်းတာ ခံနေရတဲ့ ဗြိတိန် ဝန်ကြီးချုပ်

ဝန်ကြီးချုပ်ဟာ ရဲတပ်ဖွဲ့ရဲ့ ဆက်သွယ် မေးမြန်းမှုတွေမှာ စိတ်လိုလက်ရ ပူးပေါင်း ပါဝင်နေကြောင်း ဂျွန်ဆန်ရဲ့ ပြောရေး ဆိုခွင့်ရ အရာရှိက ဆိုပါတယ်။ လန်ဒန် ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၅၀ လောက်ကို အီးမေးလ်တွေ ပေးပို့ စုံစမ်း မေးမြန်းနေတယ်လို့ အတည်ပြုခဲ့ပါတယ်။

ကပ်ရောဂါ ဂယက်ကြောင့် Lockdown ကြေညာထားရတဲ့ ကာလအတွင်း ဝန်ကြီးချုပ် အိမ်တော်မှာ ပါတီပွဲတွေ ကျင်းပခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်ဟာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်း မေးမြန်းမှုတွေ ခံနေရပါတယ်။

ဝန်ကြီးချုပ်ဟာ ရဲတပ်ဖွဲ့ရဲ့ ဆက်သွယ် မေးမြန်းမှုတွေမှာ စိတ်လိုလက်ရ ပူးပေါင်း ပါဝင်နေကြောင်း ဂျွန်ဆန်ရဲ့ ပြောရေး ဆိုခွင့်ရ အရာရှိက ဆိုပါတယ်။ လန်ဒန် ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၅၀ လောက်ကို အီးမေးလ်တွေ ပေးပို့ စုံစမ်း မေးမြန်းနေတယ်လို့ အတည်ပြုခဲ့ပါတယ်။

ဝန်ကြီးချုပ်ဆီ မေးမြန်း စုံစမ်းတဲ့ အီးမေးလ်မှာလည်း ဂျွန်ဆန် အနေနဲ့ မှန်မှန်ကန်ကန်နဲ့ မကွယ်မဝှက် ဖြေကြားဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။ အီးမေးလ် ပေးပို့ မေးမြန်း ခံထားရသူတွေဟာ ၇ ရက်အတွင်း အကြောင်းပြန်ပေးဖို့ လိုကြောင်းလည်း လန်ဒန် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဂျွန်ဆန်ဟာ ကပ်ရောဂါ ထူထပ်နေချိန် အတောအတွင်း အစိုးရက Lockdown ကြေညာထားတဲ့ ကာလတွေမှာ ဝန်ကြီးချုပ် အိမ်တော်က ပါတီပွဲတွေကို တက်ရောက်ခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိတဲ့နောက် အကြီးအကျယ် ဝေဖန် ခံနေရပါတယ်။

Public Service Announcement

Public Service Announcement

အတိုက်အခံ အင်အားစုတွေက ဂျွန်ဆန် အနေနဲ့ အခုလို ရှက်စရာ လုပ်ရပ်မျိုးအတွက် တာဝန်ယူ၊ တာဝန်ခံပြီး ရာထူးက နုတ်ထွက်ပေးဖို့တောင် တောင်းဆိုနေပေမယ့် ကာယကံရှင် ကိုယ်တိုင်ကတော့ ငြင်းပယ်ထားဆဲပါ။ သူဟာ လက်သင့်ခံဖို့ ခက်ခဲတဲ့ လုပ်ရပ်တချို့ ပြုမူမိတဲ့ အတွက်တော့ ဝန်ချ တောင်းပန်ကြောင်း ပြောဆိုထားပါတယ်။

လွှတ်တော်က ညွှန်ကြားလို့ အကောင်အထည် ဖော်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဗြိတိန်မှာ Lockdown ကြေညာထားတဲ့ ကာလတွေအတွင်း ဝန်ကြီးချုပ် အိမ်တော်မှာ တွေ့ဆုံပွဲ အစီအစဉ် ၁၂ ခုထက်မနည်း ရှိခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိထားပါတယ်။ ဂျွန်ဆန်က အဲဒီထဲက တချို့ကို ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်းလည်း ဝန်ခံထားပြီးပါပြီ။

ဒီစုံစမ်းစစ်ဆေးမှုကို ဦးဆောင်ခဲ့ပြီး လွှတ်တော်ဆီ တင်ပြ အစီရင်ခံခဲ့တဲ့ အရာရှိ ဆူးဂရေးကတော့ ဒီဖြစ်ရပ်ဟာ အစိုးရရဲ့ ခေါင်းဆောင်မှုစွမ်းရည် အားနည်းညံ့ဖျင်းကြောင်း ပြယုဂ် တစ်ခုလို့ ဝေဖန် ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။