Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပိုလန် တိုက်လေယာဉ်တွေ ယူကရိန်းဆီ လွှဲပေးရေးကိစ္စ လက်ခံဖို့ အမေရိကန် အစိုးရအပေါ် ဖိအားတွေတိုးလာ

ရုရှားလုပ် MiG-29တွေဟာ ယူကရိန်းစစ်တပ် လက်ရှိ သုံးစွဲနေသလို ယူကရိန်း လေယာဉ်မှူးတွေနဲ့လည်း အကျွမ်းတဝင် ရှိပြီးသားပါ။ ပိုလန်ရဲ့ ကမ်းလှမ်းမှုက ယူကရိန်းအတွက် အကျိုးရှိနိုင်ပေမယ့် အမေရိကန် အစိုးရက ပယ်ချခဲ့ပါတယ်။

ပိုလန်က တိုက်လေယာဉ်တွေကို ယူကရိန်းဆီ ပေးပို့ပေးမယ့် အစီအစဉ်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ အမေရိကန် လွှတ်တော် အမတ်တွေက သမ္မတ ဂျိုးဘိုင်ဒန်ကိ ဖိအားပေးနေကြပါတယ်။

ပိုလန်ဟာ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းကို ကူညီဖို့အတွက် သူတို့လေတပ်မှာ အသုံးပြုနေတဲ့ MiG-29 တိုက်လေယာဉ် ၂၈ စီးစလုံးကို ပေးပို့သွားဖို့ အသင့်ရှိကြောင်း အမေရိကန်ကို အသိပေးထားပါတယ်။ အဲဒီလေယာဉ်တွေအစား အမေရိကန်က F-16 တိုက်လေယာဉ် အသစ်တွေ အစားပြန်ထိုးပေးဖို့ ပိုလန်က တောင်းဆိုထားပါတယ်။

ရုရှားလုပ် MiG-29တွေဟာ ယူကရိန်းစစ်တပ် လက်ရှိ သုံးစွဲနေသလို ယူကရိန်း လေယာဉ်မှူးတွေနဲ့လည်း အကျွမ်းတဝင် ရှိပြီးသားပါ။ ပိုလန်ရဲ့ ကမ်းလှမ်းမှုက ယူကရိန်းအတွက် အကျိုးရှိနိုင်ပေမယ့် အမေရိကန် အစိုးရက ပယ်ချခဲ့ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ဆာကီက ဒီအပေးအယူကို အမေရိကန်က လက်ခံလိုက်ရင် ရုရှားနဲ့ တင်းမာမှုတွေ ပိုမို မြင့်တက်လာနိုင်ပြီး တစ်ဖက်မှာတော့ ယူကရိန်းအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းနိုင်ခြေ နည်းလွန်းတယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး လေယာဉ်တွေ လက်လွှဲရေး ကိစ္စဟာ အတော်လေး ရှုပ်ထွေး ခက်ခဲလိမ့်မယ်လို့လည်း သူက မှတ်ချက် ပေးပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အမေရိကန်နဲ့ NATO အဖွဲ့ကို တိုက်လေယာဉ်တွေ ပံ့ပိုး ကူညီပေးဖို့ တောင်းဆိုထားပါတယ်။ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က ပိုလန်ရဲ့ MiG-29တွေ ယူကရိန်းဆီ လွှဲပေးဖို့ ကိစ္စကို ခပ်မြန်မြန် ပယ်ချထားပေမယ့် အခုအခါမှာတော့ လွှတ်တော်ထဲမှာ ဒီမိုကရက်တွေရော၊ ရီပတ်ဘလစ်ကန်တွေကပါ ဒီကိစ္စကို ပြန်စဉ်းစားဖို့ အစိုးရကို ဖိအားပေးလာကြပါတယ်။

အမေရိကန် အစိုးရဖက်ကတော့ တိုက်လေယာဉ်တွေ ပို့ပေးလိုက်ရင် ဒေသတွင်း တင်းမာမှုဟာ ဆိုးသထက် ဆိုးသွားနိုင်ကြောင်း၊ လောလောဆယ်မှာလည်း ယူကရိန်းရဲ့ လေကြောင်း ကာကွယ်ရေးအတွက် ပခုံးထမ်း လေယာဉ်ပစ် လောင်ချာလို လက်နက်တွေ ထောက်ပံ့ပေးနေကြောင်း ဖြေရှင်းထားပါတယ်။

အမေရိကန်ရဲ့ ရုရှား စစ်သံမှူးဟောင်းဖြစ်တဲ့ အငြိမ်းစား ဗိုလ်ချုပ် ကီဗင်ရိုင်ယန်ကတော့ MiG-29တွေသာ ထောက်ပံ့ပေးလိုက်ရင် ယူကရိန်းဟာ ကိုယ့်လေပိုင်နက်ကိုယ် ပိုပြီး ထိထိရောက်ရောက် ကာကွယ်နိုင်လိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

MiG-29တွေကို ဆိုဗီယက် ပြည်ထောင်စုခေတ်က ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ စတင် အသုံးပြုခဲ့ပါတယ်။ လက်ရှိ အချိန်ထိ အရှေ့ဥရောပ နိုင်ငံအတော်များများမှာ အဲဒီ ဘက်စုံသုံး တိုက်လေယာဉ်တွေ ပိုင်ဆိုင်ထားကြဆဲပါ။ ယူကရိန်း လေတပ်အတွက်လည်း ဒီလေယာဉ်တွေကို အကျွမ်းဝင် အသားကျနေပြီးသား ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။